ဘိုင်ယန်မြူးနစ် Vs ချယ်ဆီး ချန်ပီယံလိဂ် ဒုတိယ အကျော့ပွဲအတွက် အိုဝင်သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတစ်ပတ်မှာတော့ ဥရောပ ပွဲစဉ်တွေ ပြန်လည် စတင်မှာ ဖြစ်ပြီး ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက် အဆင့် ဒုတိယ အကျော့ ပွဲစဉ်များလည်း ပါဝင် လာပါတယ်။ ချယ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ် ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာပါ။

ပထမအကျော့ စတန်းဖို့ဘရစ်ချ်မှာ ကစားစဉ်ကတော့ ချယ်ဆီးက ဘိုင်ယန်ကို ၃ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ထားတာကြောင့် ခက်ခဲတဲ့ အနေအထား ကြုံတွေ့နေရပါတယ်။ ဒုတိယ အကျော့ပွဲစဉ်ကတော့ လာမယ့် သြဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁း၃၀ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီလထဲ စတန်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲမှာ ပထမပိုင်း ဂိုးမရှိ သရေကျခဲ့ပေမယ့် ဘိုင်ယန်က ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ယူထားပါတယ်။ ဖရန့်လမ်းပတ်ဟာ ၂၀၁၂ ဘိုင်ယန်ကို နိုင်ပြီး အသင်းရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလား ကို ယူခဲ့စဉ်က ချယ်ဆီးအသင်းခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ ဘိုင်ယန်ကို ကျော်ဖြတ်ဖို့ ဆိုတာ ချယ်ဆီးအတွက် မျှော်လင့်ချက် ရေးရေးသာ ရှိတယ် ဆိုရမှာပါ။ ဘိုင်ယန်က နောက်ဆုံး ကစားထားတဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲ ၅ ပွဲမှာ ၃ ပွဲထိ ရှုံးထားတယ် ဆိုပေမယ့် သုံးဂိုး ကွာခြားချက်က ချယ်ဆီးတို့ အတွက် ခက်ခဲပါတယ်။

ချယ်ဆီးက သုံးဂိုးတင် သွင်းရမှာ မဟုတ်ဘဲ ဘိုင်ယန်ရဲ့ ဂိုးသွင်းစက်ကိုလည်း ရပ်တန့်ရဦးမှာပါ။ လီဝန်ဒေါစကီးဟာ ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုး ၁၁ ဂိုး ရှိထားပြီး နောက်ထပ် တိုးဖို့ အသင့်ပြင်နေပါလိမ့်မယ်။ ကွာတားဖိုင်နယ် အဆင့်ကို အင်္ဂလန်ကလပ်တွေ တက်ရောက်တာ မြင်ချင်ပေမယ့် ဒီလို ဖြစ်လာဖို့က ခက်ခဲပါတယ်။

ချယ်ဆီး ကစားသမားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အက်ဖ်အေဖလား ဖိုင်နယ်မှာ အာဆင်နယ်ကို ရှုံးခဲ့တာ အတွက် စိတ်ပျက်နေဆဲ ဖြစ်ပါလိမ့်မယ်။ ဒီပွဲမှာ ဘိုင်ယန်က ချယ်ဆီးအသင်းရဲ့ ဘောလုံးရာသီကို စိတ်ပျက်စရာ အဆုံးသတ်ပေးမှာ မြင်ယောင်နေပါတယ်။ ဂျာမန် ချန်ပီယံ အသင်းကပဲ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ယူမှာပါ။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ ဘိုင်ယန်မြူးနစ် 2-0 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္မွာေတာ့ ဥေရာပ ပြဲစဥ္ေတြ ျပန္လည္ စတင္မွာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ၁၆သင္း ရွံဳးထြက္ အဆင့္ ဒုတိယ အေက်ာ့ ပြဲစဥ္မ်ားလည္း ပါ၀င္ လာပါတယ္။ ခ်ယ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ ကို အေ၀းကြငး္မွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာပါ။

ပထမအေက်ာ့ စတန္းဖို႔ဘရစ္ခ်္မွာ ကစားစဥ္ကေတာ့ ခ်ယ္ဆီးက ဘိုင္ယန္ကို ၃ ဂိုး ဂိုးမရွိနဲ႕ အေရးနိမ့္ထားတာေၾကာင့္ ခက္ခဲတဲ့ အေနအထား ၾကံဳေတြ႔ေနရပါတယ္။ ဒုတိယ အေက်ာ့ပြဲစဥ္ကေတာ့ လာမယ့္ ၾသဂုတ္လ ၉ ရက္ (တနဂၤေႏြေန႔) နံနက္ ၁း၃၀ နာရီမွာ ကစားၾကမွာ ျဖစ္ပါတယ္။

ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ခန္႔မွန္းထားပါတယ္။

ေဖေဖာ္၀ါရီလထဲ စတန္းဖို႔ဘရစ္ခ်္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့ ပြဲမွာ ပထမပိုင္း ဂိုးမရွိ သေရက်ခဲ့ေပမယ့္ ဘိုင္ယန္က ဒုတိယပိုင္း သြင္းဂိုးေတြနဲ႕ ဂိုးျပတ္ အနိုင္ယူထားပါတယ္။ ဖရန္႔လမ္းပတ္ဟာ ၂၀၁၂ ဘိုင္ယန္ကို နုိင္ျပီး အသင္းရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ ဖလား ကို ယူခဲ့စဥ္က ခ်ယ္ဆီးအသင္းေခါင္းေဆာင္ ျဖစ္ခဲ့ပါတယ္။

ဒီတစ္ၾကိမ္မွာ ဘိုင္ယန္ကို ေက်ာ္ျဖတ္ဖို႔ ဆိုတာ ခ်ယ္ဆီးအတြက္ ေမွ်ာ္လင့္ခ်က္ ေရးေရးသာ ရွိတယ္ ဆိုရမွာပါ။ ဘိုင္ယန္က ေနာက္ဆံုး ကစားထားတဲ့ ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲ ၅ ပြဲမွာ ၃ ပြဲထိ ရွံဳးထားတယ္ ဆိုေပမယ့္ သံုးဂိုး ကြာျခားခ်က္က ခ်ယ္ဆီးတို႔ အတြက္ ခက္ခဲပါတယ္။

ခ်ယ္ဆီးက သံုးဂိုးတင္ သြင္းရမွာ မဟုတ္ဘဲ ဘိုင္ယန္ရဲ႕ ဂိုးသြင္းစက္ကိုလည္း ရပ္တန္႔ရဦးမွာပါ။ လီ၀န္ေဒါစကီးဟာ ဒီရာသီ ခ်န္ပီယံလိဂ္ သြင္းဂိုး ၁၁ ဂိုး ရွိထားျပီး ေနာက္ထပ္ တိုးဖို႔ အသင့္ျပင္ေနပါလိမ့္မယ္။ ကြာတားဖိုင္နယ္ အဆင့္ကို အဂၤလန္ကလပ္ေတြ တက္ေရာက္တာ ျမင္ခ်င္ေပမယ့္ ဒီလို ျဖစ္လာဖို႔က ခက္ခဲပါတယ္။

ခ်ယ္ဆီး ကစားသမားေတြဟာ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က အက္ဖ္ေအဖလား ဖိုင္နယ္မွာ အာဆင္နယ္ကို ရွံဳးခဲ့တာ အတြက္ စိတ္ပ်က္ေနဆဲ ျဖစ္ပါလိမ့္မယ္။ ဒီပြဲမွာ ဘိုင္ယန္က ခ်ယ္ဆီးအသင္းရဲ႕ ေဘာလံုးရာသီကို စိတ္ပ်က္စရာ အဆံုးသတ္ေပးမွာ ျမင္ေယာင္ေနပါတယ္။ ဂ်ာမန္ ခ်န္ပီယံ အသင္းကပဲ ၂ ဂိုးျပတ္ေလာက္နဲ႕ အနုိင္ယူမွာပါ။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ ဘိုင္ယန္ျမဴးနစ္ 2-0 ခ်ယ္ဆီး ျဖစ္ပါတယ္။