မန်ယူနိုက်တက် Vs LASK ယူရိုပါလိဂ်ပွဲ အတွက် အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီအပတ် သြဂုတ်လ ၆ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁း၃၀ နာရီမှာတော့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ပွဲအဖြစ် ယူနိုက်တက်နဲ့ LASK တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ထိုပွဲစဉ် အတွက် မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က ” ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာက ရာသီသိမ်းနိုင်ခဲ့တာကြောင့် လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရထားခဲ့ပါပြီ။ မတ်လတုန်းက ယှဉ်ပြိုင်ကစားတဲ့ ပထမအကျော့မှာလည်း ယူနိုက်တက်က LASK ကို ၅-၀ ဆိုတဲ့ ရလဒ်ဖြင့် သက်သောင့်သက်သာကို အနိုင်ယူခဲ့တာဖြစ်တယ်။

LASK က အုပ်စုအဆင့်မှာ အတော်လေး အထင်ကြီးစရာ ကောင်းခဲ့ပြိး အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တက်လာခဲ့တယ်။ သူတို့က ၃၂ သင်းအဆင့်မှာလဲ အေဇက် အယ်ခမာကို အနိုင်ယူ ကျော်ဖြတ်လာခဲ့တယ်။ ဒါပေမယ့် ရာသီသိမ်းခါနီးမှာ အခြေအနေတွေ ဆိုးရွား ကျဆင်းလာခဲ့ကာ နောက်ဆုံး ယှဉ်ပြိုင်တဲ့ လိဂ်ပွဲ ၁၀ ပွဲမှာ ၆ ပွဲထိ အရေးနိမ့်ခဲ့ပါတယ်။

သရဲနီတွေကတော့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ယူရိုပါလိဂ် အိမ်ကွင်း ၁၃ ပွဲကို အရေးမနိမ့်ထားပါဘူး။ ဒီရာသီမှာလည်း ၄ ပွဲကစား ၄ ပွဲနိုင်ပြီး ကိုယ်တိုင် ၁၃ ဂိုးသွင်းကာ ပေးဂိုး ၁ ဂိုးပဲ ရှိထားတာ ဖြစ်ပါတယ်။

သြစတြီးယားကလပ်အတွက် နောက်ထပ် ခက်ခဲတဲ့ညကို မြင်တွေ့ရမှာဖြစ်ပြီး နောက်ထပ် clean sheet နိုင်ပွဲအဖြစ် ဆိုးရှားရဲ့ အသင်းသားတွေ လွယ်လွယ်ကူကူ လုပ်ပြနိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က ၃-၀ နဲ့ အနိုင်ရပါလိမ့်မယ် ” လို့ သုံးသပ်သွားပါတယ်။

Zawgyi – ဒီအပတ္ ၾသဂုတ္လ ၆ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ မနက္ ၁း၃၀ နာရီမွာေတာ့ ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ ဒုတိယ အေက်ာ့ပြဲအျဖစ္ ယူႏုိက္တက္နဲ႔ LASK တို႔ ယွဥ္ျပိဳင္ကစားၾကမွာျဖစ္ပါတယ္။ ထိုပြဲစဥ္ အတြက္ မိုက္ကယ္အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အိုဝင္က ” ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၃ ေနရာက ရာသီသိမ္းႏုိင္ခဲ့တာေၾကာင့္ လာမယ့္ရာသီအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရထားခဲ့ပါျပီ။ မတ္လတုန္းက ယွဥ္ျပိဳင္ကစားတဲ့ ပထမအေက်ာ့မွာလည္း ယူႏုိက္တက္က LASK ကို ၅-၀ ဆိုတဲ့ ရလဒ္ျဖင့္ သက္ေသာင့္သက္သာကို အႏုိင္ယူခဲ့တာျဖစ္တယ္။

LASK က အုပ္စုအဆင့္မွာ အေတာ္ေလး အထင္ၾကီးစရာ ေကာင္းခဲ့ျပိး အုပ္စုဗိုလ္အျဖစ္ ေနာက္တစ္ဆင့္ကို တက္လာခဲ့တယ္။ သူတို႔က ၃၂ သင္းအဆင့္မွာလဲ ေအဇက္ အယ္ခမာကို အႏုိင္ယူ ေက်ာ္ျဖတ္လာခဲ့တယ္။ ဒါေပမယ့္ ရာသီသိမ္းခါနီးမွာ အေျခအေနေတြ ဆိုးရြား က်ဆင္းလာခဲ့ကာ ေနာက္ဆံုး ယွဥ္ျပိဳင္တဲ့ လိဂ္ပြဲ ၁၀ ပြဲမွာ ၆ ပြဲထိ အေရးနိမ့္ခဲ့ပါတယ္။

သရဲနီေတြကေတာ့ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ယူရိုပါလိဂ္ အိမ္ကြင္း ၁၃ ပြဲကို အေရးမနိမ့္ထားပါဘူး။ ဒီရာသီမွာလည္း ၄ ပြဲကစား ၄ ပြဲႏုိင္ျပီး ကိုယ္တိုင္ ၁၃ ဂိုးသြင္းကာ ေပးဂိုး ၁ ဂိုးပဲ ရွိထားတာ ျဖစ္ပါတယ္။

ၾသစၾတီးယားကလပ္အတြက္ ေနာက္ထပ္ ခက္ခဲတဲ့ညကို ျမင္ေတြ႔ရမွာျဖစ္ျပီး ေနာက္ထပ္ clean sheet ႏုိင္ပြဲအျဖစ္ ဆိုးရွားရဲ႕ အသင္းသားေတြ လြယ္လြယ္ကူကူ လုပ္ျပႏုိင္မယ္လို႔ ထင္ပါတယ္။ ယူႏုိက္တက္က ၃-၀ နဲ႔ အႏုိင္ရပါလိမ့္မယ္ ” လို႔ သံုးသပ္သြားပါတယ္။