ဘယ်အသင်းကို ပြောင်းချင်နေလဲ ဆိုတာ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို အသိပေးထားတဲ့ ဝီလီယံ

ချယ်ဆီး တောင်ပံတိုက်စစ်သမား ဝီလီယံက မေဂျာလိဂ် ကလပ် အင်တာမီယာမီ အသင်းထံကနေ မက်လောက်စရာ ငွေကြေးနဲ့ကမ်းလှမ်းမှု ရခဲ့သော်လည်း လန်ဒန်မှာ ဆက်နေပြီး ပြောင်းချင်တဲ့ အသင်း ရှိပြီးသား ဖြစ်တာကြောင့် ငြင်းပယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးပေမယ့် သက်တမ်းတိုး ဖို့ ညှိနှိုင်းလို့ မရသေးဘဲရှိနေပါတယ်။

ဝီလီယံ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုတော့ လစာအများကြီး ရပြီး ဖလော်ရီဒါဘက် ပြောင်းရမယ့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာက အာတီတာရဲ့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ချင်လို့ ဖြစ်ကြောင်း အသိပေးထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ လန်ဒန်မှာ အခြေကျနေပြီ ဖြစ်တဲ့ ဝီလီယံက ချယ်ဆီးက ထွက်ရရင်လည်း အခြား လန်ဒန်မြို့ခံ တစ်သင်းကိုသာ ရွေးချယ်လိုနေပုံပါ။

ချယ်ဆီးအသင်းနဲ့ ဝီလီယံရဲ့ စာချုပ်သစ် ညှိနှိုင်းမရတာက ကစားသမား သုံးနှစ် စာချုပ် အလိုရှိနေပြီး ကလပ်အသင်းက နှစ်နှစ်သက်တမ်းသာ ကမ်းလှမ်းတာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကတော့ ဝီလီယံကို တစ်ပတ် လုပ်ခ ပေါင် ၁သိန်း ၂သောင်းနဲ့ သုံးနှစ် စာချုပ် ကမ်းလှမ်းဖို့ အသင့် ပြင်နေပါတယ်။

ဝီလီယံရဲ့ အေးဂျင့် ကီရာကလည်း ဂန်းနားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူ ဖြစ်တာကြောင့် ညှိနှိုင်းဖို့ လမ်းသာနေပါတယ်။ ဝီလီယံကသာ မီးစိမ်းပြရင် အာဆင်နယ်က တရားဝင် ကမ်းလှမ်းမှု တင်သွင်းကာ အပြောင်းအရွှေ့ကို အမြန်အပြီးသတ်ပြီး သောမတ်စ် ပါတေးကို ခေါ်ယူဖို့ အပြည့်အ၀ အာရုံစိုက်လိုနေပါတယ်။

ချယ်ဆီးအသင်းထံက ကမ်းလှမ်းမှုအသစ် ဒီတလောမှာ ထပ်မံ လက်ခံရရှိသော်လည်း နှစ်နှစ် စာချုပ်ပဲ ဖြစ်နေတာကြောင့် ဝီလီယံက ပယ်ချထားပြီး အသင်း ပွဲစဉ်တွေကုန်ဆုံးသည် အထိ ဆက်လက် စောင့်ကြည့်သွားလိုနေပါတယ်။ ချယ်ဆီးဟာ ဝီလီယံကို သြဂုတ်လထိ ကာလတို သက်တမ်းတိုးထားပြီး ချန်ပီယံလိဂ် ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။

Zawgyi – ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား ၀ီလီယံက ေမဂ်ာလိဂ္ ကလပ္ အင္တာမီယာမီ အသင္းထံကေန မက္ေလာက္စရာ ေငြေၾကးနဲ႕ကမ္းလွမ္းမႈ ရခဲ့ေသာ္လည္း လန္ဒန္မွာ ဆက္ေနျပီး ေျပာင္းခ်င္တဲ့ အသင္း ရွိျပီးသား ျဖစ္တာေၾကာင့္ ျငင္းပယ္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဘရာဇီးသားဟာ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ကုန္ဆံုးေပမယ့္ သက္တမ္းတိုး ဖို႔ ညွိနိႈင္းလို႔ မရေသးဘဲရွိေနပါတယ္။

၀ီလီယံ သူနဲ႕ ရင္းနွီးတဲ့ မိတ္ေဆြ သူငယ္ခ်င္းေတြကိုေတာ့ လစာအမ်ားၾကီး ရျပီး ဖေလာ္ရီဒါဘက္ ေျပာင္းရမယ့္ ကမ္းလွမး္မႈကို ျငင္းပယ္ခဲ့တာက အာတီတာရဲ႕ အာဆင္နယ္ အသင္းထံ ေျပာင္းေရႊ႕ခ်င္လို႔ ျဖစ္ေၾကာင္း အသိေပးထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ လန္ဒန္မွာ အေျခက်ေနျပီ ျဖစ္တဲ့ ၀ီလီယံက ခ်ယ္ဆီးက ထြက္ရရင္လည္း အျခား လန္ဒန္ျမိဳ႔ခံ တစ္သင္းကိုသာ ေရြးခ်ယ္လိုေနပံုပါ။

ခ်ယ္ဆီးအသင္းနဲ႕ ၀ီလီယံရဲ႕ စာခ်ဳပ္သစ္ ညွိနိႈင္းမရတာက ကစားသမား သံုးနွစ္ စာခ်ဳပ္ အလိုရွိေနျပီး ကလပ္အသင္းက နွစ္နွစ္သက္တမ္းသာ ကမ္းလွမ္းတာ ျဖစ္ပါတယ္။ အာဆင္နယ္ အသင္းကေတာ့ ၀ီလီယံကို တစ္ပတ္ လုပ္ခ ေပါင္ ၁သိန္း ၂ေသာင္းနဲ႕ သံုးနွစ္ စာခ်ဳပ္ ကမ္းလွမ္းဖို႔ အသင့္ ျပင္ေနပါတယ္။

၀ီလီယံရဲ႕ ေအးဂ်င့္ ကီရာကလည္း ဂန္းနားေတြနဲ႕ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိသူ ျဖစ္တာေၾကာင့္ ညွိနိႈင္းဖို႔ လမ္းသာေနပါတယ္။ ၀ီလီယံကသာ မီးစိမ္းျပရင္ အာဆင္နယ္က တရား၀င္ ကမ္းလွမ္းမႈ တင္သြင္းကာ အေျပာင္းအေရႊ႕ကို အျမန္အျပီးသတ္ျပီး ေသာမတ္စ္ ပါေတးကို ေခၚယူဖို႔ အျပည့္အ၀ အာရံုစိုက္လိုေနပါတယ္။

ခ်ယ္ဆီးအသင္းထံက ကမ္းလွမ္းမႈအသစ္ ဒီတေလာမွာ ထပ္မံ လက္ခံရရွိေသာ္လည္း နွစ္နွစ္ စာခ်ဳပ္ပဲ ျဖစ္ေနတာေၾကာင့္ ၀ီလီယံက ပယ္ခ်ထားျပီး အသင္း ပြဲစဥ္ေတြကုန္ဆံုးသည္ အထိ ဆက္လက္ ေစာင့္ၾကည့္သြားလိုေနပါတယ္။ ခ်ယ္ဆီးဟာ ၀ီလီယံကို ၾသဂုတ္လထိ ကာလတို သက္တမ္းတိုးထားျပီး ခ်န္ပီယံလိဂ္ ပြဲ ကစားဖို႔ က်န္ရွိေနပါေသးတယ္။