ယူနိုက်တက်ရဲ့ ညက ယူရိုပါလိဂ် နိုင်ပွဲ အပြီးမှာ အသင်း ဂန္တဝင် ကစားသမားကြီး ပေါစခိုးလ်ကတော့ မန်ချက်စတာ ယူနိုက်တက်မှာ ဆက် ကစားဖို့ လုံလောက် ကောင်းမွန်မှု မရှိတဲ့ အသင်းသားတွေ ရှိနေကြောင်း ဝေဖန် ပြောဆိုခဲ့ပါတယ်။ စခိုးလ် ဝေဖန်ခဲ့သူတွေကတော့ လင်ဂတ်နဲ့ ဖရက် ဖြစ်ပါတယ်။
လင်ဂတ်ဟာ LASK ဘက်ကို တစ်ဂိုး သွင်းပေးခဲ့ပေမယ့် စခိုးလ်ကတော့ ကွင်းလယ်သမားရဲ့ လတ်တလော ခြေစွမ်းများဟာ ယူနိုက်တက်မှာ ကစားဖို့ လုံလောက်မှု မရှိတော့ဘူး ယူဆနေပါတယ်။ ယူနိုက်တက်ဟာ ညက နိုင်ပွဲ အပြီးမှာ LASK ကို နှစ်ကျော့ပေါင်း ၇-၁ နဲ့ နိုင်ပြီး ကွာတားဖိုင်နယ် အဆင့် တက်ရောက်သွားခဲ့ပါတယ်။
လင်ဂတ်ရဲ့ ပွဲချိန် ၅၇ မိနစ်က သွင်းဂိုးကြောင့် ညကပွဲမှာ ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ်ပိုင်း အကြာမှာပဲ ချေပဂိုး ပြန်ပေးလိုက်ရတာပါ။ စခိုးလ်ကတော့ လင်ဂတ်ဟာ ဒီရာသီ အကုန်မှာ ထွက်ခွာရဖွယ် ရှိတယ်လို့ ယူဆနေပြီး နည်းပြ ဆိုးရှားကလည်း အသင်းမှာ ဆက်ရှိဖို့ လုံလောက်ကောင်းမွန်မှု မရှိတဲ့သူတွေကို ရှင်းထုတ်သွားလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
” ဒီတလောမှာ သူက လုံလောက် ကောင်းမွန်မှု မရှိတာ အမှန်ပါ။ တစ်နာရီလောက် အကြာမှာပဲ လူစားပြန်လဲတယ် သူက တနင်္လာနေ့ပွဲမှာလည်း ပွဲထွက်ခွင့် ရဖွယ် မရှိဘူးဆိုတာ (အသင်းကနေ ထွက်ရဖို့) အရိပ်အယောင် ပြနေတာပါပဲ၊ ဖရက်လည်း ဒီတိုင်းပဲ။ မန်နေဂျာ ဆိုးရှားကတော့ သူတို့ကို ရှင်းထုတ်တော့မယ် ထင်ပါတယ်။
လင်ဂတ် ဘာတွေ လုပ်ပြနိုင်တယ် ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာတော့ သူက ကစားသမားတွေထဲက တစ်ယောက်ပါပဲ။ ဒဏ်ရာတွေ မရှိရင်တောင် ဂျက်ဆီ (လင်ဂတ်) တစ်ယောက် ပွဲဆက် ပါဝင် ကစားခွင့် ရဖွယ် မမြင်မိပါဘူး။ ကျနော် သူ့ကို သဘောကျပါတယ်။ ဒါပေမယ့် ဒီမှာတော့ ပွဲကစားခွင့် သိပ်ရဖို့ မရှိနိုင်ဘူး။ ” လို့ စခိုးလ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
လင်ဂတ်ဟာ ဒီရာသီ ဆိုးရှားရဲ့ လူစာရင်းမှာ ပါဝင် ကစားရလေ့ ရှိသူ တစ်ဦး ဖြစ်ပါတယ်။ ဒီရာသီ ၃၉ ပွဲ ကစားထားရပြီး ပွဲထွက်ကနေ ပါဝင်ခွင့် ရခဲ့တာကတော့ ပွဲ ၂၀ သာ ရှိထားပါတယ်။ အသက် ၂၇ နှစ် အရွယ် အင်္ဂလန်သားရဲ့ လက်ရှိ စာချုပ်က နောက်နှစ် နွေမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီရာသီ အသင်း အတွက် လေးဂိုးသာ သွင်းထားတဲ့ လင်ဂတ်ရဲ့ အနာဂတ်က ယူနိုက်တက်မှာ ဆက်ရှိဖို့ မရေရတာတော့ အမှန်ပဲ ဖြစ်ပါတယ်။
Zawgyi – ယူနုိက္တက္ရဲ႕ ညက ယူရိုပါလိဂ္ နုိင္ပြဲ အျပီးမွာ အသင္း ဂႏၱ၀င္ ကစားသမားၾကီး ေပါစခိုးလ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္မွာ ဆက္ ကစားဖို႔ လံုေလာက္ ေကာင္းမြန္မႈ မရွိတဲ့ အသင္းသားေတြ ရွိေနေၾကာင္း ေ၀ဖန္ ေျပာဆိုခဲ့ပါတယ္။ စခိုးလ္ ေ၀ဖန္ခဲ့သူေတြကေတာ့ လင္ဂတ္နဲ႕ ဖရက္ ျဖစ္ပါတယ္။
လင္ဂတ္ဟာ LASK ဘက္ကို တစ္ဂိုး သြငး္ေပးခဲ့ေပမယ့္ စခိုးလ္ကေတာ့ ကြင္းလယ္သမားရဲ႕ လတ္တေလာ ေျခစြမ္းမ်ားဟာ ယူနိုက္တက္မွာ ကစားဖို႔ လံုေလာက္မႈ မရွိေတာ့ဘူး ယူဆေနပါတယ္။ ယူနိုက္တက္ဟာ ညက နုိင္ပြဲ အျပီးမွာ LASK ကို နွစ္ေက်ာ့ေပါင္း ၇-၁ နဲ႕ နိုင္ျပီး ကြာတားဖိုင္နယ္ အဆင့္ တက္ေရာက္သြားခဲ့ပါတယ္။
လင္ဂတ္ရဲ႕ ပြဲခ်ိန္ ၅၇ မိနစ္က သြင္းဂိုးေၾကာင့္ ညကပြဲမွာ ယူနုိက္တက္တို႔ ဦးေဆာင္နုိင္ခဲ့ေပမယ့္ မိနစ္ပိုင္း အၾကာမွာပဲ ေခ်ပဂိုး ျပန္ေပးလိုက္ရတာပါ။ စခိုးလ္ကေတာ့ လင္ဂတ္ဟာ ဒီရာသီ အကုန္မွာ ထြက္ခြာရဖြယ္ ရွိတယ္လို႔ ယူဆေနျပီး နည္းျပ ဆိုးရွားကလည္း အသင္းမွာ ဆက္ရွိဖို႔ လံုေလာက္ေကာင္းမြန္မႈ မရွိတဲ့သူေတြကို ရွင္းထုတ္သြားလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။
” ဒီတေလာမွာ သူက လံုေလာက္ ေကာင္းမြန္မႈ မရွိတာ အမွန္ပါ။ တစ္နာရီေလာက္ အၾကာမွာပဲ လူစားျပန္လဲတယ္ သူက တနလၤာေန႔ပြဲမွာလည္း ပြဲထြက္ခြင့္ ရဖြယ္ မရွိဘူးဆိုတာ (အသင္းကေန ထြက္ရဖို႔) အရိပ္အေယာင္ ျပေနတာပါပဲ၊ ဖရက္လည္း ဒီတိုင္းပဲ။ မန္ေနဂ်ာ ဆိုးရွားကေတာ့ သူတို႔ကို ရွင္းထုတ္ေတာ့မယ္ ထင္ပါတယ္။
လင္ဂတ္ ဘာေတြ လုပ္ျပနိုင္တယ္ ဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ ယူနိုက္တက္မွာေတာ့ သူက ကစားသမားေတြထဲက တစ္ေယာက္ပါပဲ။ ဒဏ္ရာေတြ မရွိရင္ေတာင္ ဂ်က္ဆီ (လင္ဂတ္) တစ္ေယာက္ ပြဲဆက္ ပါ၀င္ ကစားခြင့္ ရဖြယ္ မျမင္မိပါဘူး။ က်ေနာ္ သူ႔ကို သေဘာက်ပါတယ္။ ဒါေပမယ့္ ဒီမွာေတာ့ ပြဲကစားခြင့္ သိပ္ရဖို႔ မရွိနုိင္ဘူး။ ” လို႔ စခိုးလ္က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
လင္ဂတ္ဟာ ဒီရာသီ ဆိုးရွားရဲ႕ လူစာရင္းမွာ ပါ၀င္ ကစားရေလ့ ရွိသူ တစ္ဦး ျဖစ္ပါတယ္။ ဒီရာသီ ၃၉ ပြဲ ကစားထားရျပီး ပြဲထြက္ကေန ပါ၀င္ခြင့္ ရခဲ့တာကေတာ့ ပြဲ ၂၀ သာ ရွိထားပါတယ္။ အသက္ ၂၇ နွစ္ အရြယ္ အဂၤလန္သားရဲ႕ လက္ရွိ စာခ်ဳပ္က ေနာက္နွစ္ ေႏြမွာ ကုန္ဆံုးမွာ ျဖစ္ပါတယ္။ ဒီရာသီ အသင္း အတြက္ ေလးဂိုးသာ သြင္းထားတဲ့ လင္ဂတ္ရဲ႕ အနာဂတ္က ယူနိုက္တက္မွာ ဆက္ရွိဖို႕ မေရရတာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။