ဘိုင်ယန်ကို ချယ်ဆီးတို့ အံ့အားသင့်ဖွယ် Come Back နိုင်ပွဲနဲ့ ကျော်ဖြတ်နိုင်ဖို့ ကာဗယ်ဟို မျှော်လင့်

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်မှာ ခက်ခဲတဲ့ စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ပထမအကျော့မှာ ၃ ဂိုးပြတ် ရှုံးထားခဲ့တဲ့ ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ကို ဒုတိယ အကျော့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပြီး အခြေအနေတွေကို ပြောင်းလဲ ပစ်နိုင်ဖို့ အလွန် ခက်ခဲနေတယ်လို့ ဆိုရမှာပါ။

ချယ်ဆီး ကြယ်ပွင့်ဟောင်း ဖြစ်တဲ့ ရီကာဒို ကာဗယ်ဟို ကတော့ ချယ်ဆီးဘက်က ရှိနေပြီး ဘိုင်ယန်မြူးနစ်ကို ချယ်ဆီးတို့ ကျော်ဖြတ်လာနိုင်ဖို့ မျှော်လင့်ကြောင်း အားပေးစကား ဆိုခဲ့ပါတယ်။ ပထမ အကျော့ ရလဒ်နဲ့တင် ခက်ခဲနေပြီ ဖြစ်တဲ့ ချယ်ဆီးဟာ အသင်းမှာ အားထားရတဲ့ ပက်ဒရို၊ ပူလီဆစ်၊ ဝီလီယံ၊ ကန်တေ၊ လော့ဖ်တပ်ချိစ်နဲ့ ကွီတာ စတဲ့ ကစားသမားတွေကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။

ထို ဒဏ်ရာ ရ ကစားသမားတွေထဲက ကန်တေနဲ့ လော့ဖ်တပ်ချိစ်လောက်သာ ဒီသီတင်းပတ်ကုန် ပွဲ အမှီ ပြန်ကောင်းလာနိုင်ဖို့ အလားအလာ ရှိတာကြောင့် လမ်းပတ်ဟာ ဘိုင်ယန်နဲ့ ရင်ဆိုင်ဖို့ လူငယ်တွေ ဖြစ်တဲ့ လူးဝစ် ဘိတ်၊ ဒိုင်နယ် စီမူနဲ့ မေစတာဆန် တို့ကို ခေါ်ယူထားရပါတယ်။

ချယ်ဆီးအသင်း အတွက် ၂၀၀၄ ကနေ ၂၀၁၀ ထိ ကစားသွားခဲ့တဲ့ ကာဗယ်ဟို ကတော့ အသင်းဟောင်းဟာ နောက်တစ်ဆင့် ရောက်ဖို့ ရေပန်းမစားသည့်တိုင် အံ့အားသင့်ဖွယ် Come Back နိုင်ပွဲ လုပ်ပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။

” လူတိုင်းက ဒီအသင်းတွေကိုပဲ အကြိုက်တွေ့တယ် ဖြစ်လာမယ် ပြောနေတယ် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် စသဖြင့်ပေါ့။ ဒီအသင်းတွေက ဆီမီးဖိုင်နယ်တွေ ဖိုင်နယ်တွေ ရောက်နေကျ အသင်းတွေကိုး။ ဒါကလည်း အရေးကြီးပါတယ် ဘိုင်ယန်ရောပေါ့။ အခုက နောက်တစ်ဆင့် ရောက်ဖို့ တစ်ပွဲပဲ ကျန်တယ်။ အားလုံးက မမျှော်လင့်ထားတာတွေလည်း ဖြစ်လာနိုင်တယ်၊ အမှားသေးသေးလေးကနေလည်း ခံစားသွားရနိုင်တယ်။

ကျနော့် အကြိုက်ကတော့ မက်ဒရစ်၊ နောက်ပြီး ချယ်ဆီးကလည်း ဒီပြိုင်ပွဲ အတွင်းမှာ ရှိသေးတယ်။ ဒါပေမယ့် ကွာတားဖိုင်နယ် ရောက်ဖို့ဆို သူတို့ ခက်ခဲတဲ့ တာဝန် တစ်ခု ပြီးမြောက်မှ ရမှာပါ။ ကျနော်ကတော့ သူတို့ကို ကွာတားမှာ မြင်ချင်ပါတယ်။ ဒါပေမယ့် အလေးသာတဲ့ အသင်းတွေကတော့ ထုံးစံ အတိုင်းပေါ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်နဲ့ ဘိုင်ယန်တို့ ဖြစ်မယ်။ ” လို့ ကာဗယ်ဟိုက ဆိုပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္မွာ ခက္ခဲတဲ့ စိန္ေခၚမႈၾကီးနဲ႕ ရင္ဆိုင္ေနရပါတယ္။ ပထမအေက်ာ့မွာ ၃ ဂိုးျပတ္ ရွံဳးထားခဲ့တဲ့ ဂ်ာမန္အင္အားၾကီးကလပ္ ဘိုင္ယန္ျမဴးနစ္ကို ဒုတိယ အေက်ာ့ ရင္ဆိုင္ ကစားရေတာ့မွာ ျဖစ္ျပီး အေျခအေနေတြကို ေျပာင္းလဲ ပစ္နုိင္ဖို႔ အလြန္ ခက္ခဲေနတယ္လို႔ ဆိုရမွာပါ။

ခ်ယ္ဆီး ၾကယ္ပြင့္ေဟာင္း ျဖစ္တဲ့ ရီကာဒို ကာဗယ္ဟို ကေတာ့ ခ်ယ္ဆီးဘက္က ရွိေနျပီး ဘိုင္ယန္ျမဴးနစ္ကို ခ်ယ္ဆီးတို႔ ေက်ာ္ျဖတ္လာနုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း အားေပးစကား ဆိုခဲ့ပါတယ္။ ပထမ အေက်ာ့ ရလဒ္နဲ႕တင္ ခက္ခဲေနျပီ ျဖစ္တဲ့ ခ်ယ္ဆီးဟာ အသင္းမွာ အားထားရတဲ့ ပက္ဒရို၊ ပူလီဆစ္၊ ၀ီလီယံ၊ ကန္ေတ၊ ေလာ့ဖ္တပ္ခ်ိစ္နဲ႕ ကြီတာ စတဲ့ ကစားသမားေတြကိုလည္း ဒဏ္ရာေၾကာင့္ လက္လႊတ္ထားရပါတယ္။

ထို ဒဏ္ရာ ရ ကစားသမားေတြထဲက ကန္ေတနဲ႕ ေလာ့ဖ္တပ္ခ်ိစ္ေလာက္သာ ဒီသီတင္းပတ္ကုန္ ပြဲ အမွီ ျပန္ေကာင္းလာနိုင္ဖို႔ အလားအလာ ရွိတာေၾကာင့္ လမ္းပတ္ဟာ ဘိုင္ယန္နဲ႕ ရင္ဆိုင္ဖို႔ လူငယ္ေတြ ျဖစ္တဲ့ လူး၀စ္ ဘိတ္၊ ဒိုင္နယ္ စီမူနဲ႕ ေမစတာဆန္ တို႔ကို ေခၚယူထားရပါတယ္။

ခ်ယ္ဆီးအသင္း အတြက္ ၂၀၀၄ ကေန ၂၀၁၀ ထိ ကစားသြားခဲ့တဲ့ ကာဗယ္ဟို ကေတာ့ အသင္းေဟာင္းဟာ ေနာက္တစ္ဆင့္ ေရာက္ဖို႔ ေရပန္းမစားသည့္တိုင္ အံ့အားသင့္ဖြယ္ Come Back နုိင္ပြဲ လုပ္ျပနိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

” လူတိုင္းက ဒီအသင္းေတြကိုပဲ အၾကိဳက္ေတြ႔တယ္ ျဖစ္လာမယ္ ေျပာေနတယ္ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္ စသျဖင့္ေပါ့။ ဒီအသင္းေတြက ဆီမီးဖိုင္နယ္ေတြ ဖိုင္နယ္ေတြ ေရာက္ေနက် အသင္းေတြကိုး။ ဒါကလည္း အေရးၾကီးပါတယ္ ဘိုင္ယန္ေရာေပါ့။ အခုက ေနာက္တစ္ဆင့္ ေရာက္ဖို႔ တစ္ပြဲပဲ က်န္တယ္။ အားလံုးက မေမွ်ာ္လင့္ထားတာေတြလည္း ျဖစ္လာနုိင္တယ္၊ အမွားေသးေသးေလးကေနလည္း ခံစားသြားရနုိင္တယ္။

က်ေနာ့္ အၾကိဳက္ကေတာ့ မက္ဒရစ္၊ ေနာက္ျပီး ခ်ယ္ဆီးကလည္း ဒီျပိဳင္ပြဲ အတြင္းမွာ ရွိေသးတယ္။ ဒါေပမယ့္ ကြာတားဖိုင္နယ္ ေရာက္ဖို႔ဆို သူတို႔ ခက္ခဲတဲ့ တာ၀န္ တစ္ခု ျပီးေျမာက္မွ ရမွာပါ။ က်ေနာ္ကေတာ့ သူတို႔ကို ကြာတားမွာ ျမင္ခ်င္ပါတယ္။ ဒါေပမယ့္ အေလးသာတဲ့ အသင္းေတြကေတာ့ ထံုးစံ အတုိင္းေပါ့ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္နဲ႕ ဘိုင္ယန္တို႔ ျဖစ္မယ္။ ” လို႔ ကာဗယ္ဟိုက ဆိုပါတယ္။