ကန့်လန့်ကာ နောက်ကွယ်မှ ပေါ့ဘာ အကြောင်းကို ဖွင့်ဟခဲ့တဲ့ မန်ယူနိုက်တက် လူငယ်ကြယ်ပွင့်

မန္ခ်က္စတာ ယူနုိက္တက္ လူငယ္ကစားသမား အလူ ထရာအိုေရးက ကန္႔လန္႔ကာ ေနာက္ကြယ္က ကာရင္တန္ ထရိန္နင္ကြင္းမွာ ေပါ့ဘာ ဘယ္လို ျပဳမူတယ္ ဆိုတာနဲ႕ ဘယ္လိုေတြ အကူအညီေပးေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အသက္ ၁၉ နွစ္ အရြယ္ ျပင္သစ္ ကြင္းလယ္သမားေလး ထရာအိုေရးဟာ အလားအလာ ေကာင္းေတြ ရွိတဲ့ အသင္းသား အျဖစ္ ယူနုိက္တက္ အကယ္ဒမီမွာ နာမည္ေကာင္း ရွိသူ ျဖစ္ျပီး ျပီးခဲ့တဲ့ နွစ္ရာသီဆက္ U23 အသင္းနဲ႕အတူ ကစားေနခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္ မီဒီယာ RMC Sport နဲ႕ လတ္တေလာ အင္တာဗ်ဴးမွာေတာ့ ထရာအိုေရးက ေပါ့ဘာဟာ စီနီယာတစ္ေယာက္ အေနနဲ႕ သူ႔ကို ကူညီေပးျပီး ျပင္သစ္သား ကြင္းလယ္သမားရဲ႕ အျပဳအမူေတြကိုလည္း ဖြင့္ဟေျပာဆိုလာခဲ့ပါတယ္။

” က်ေနာ္ ထရိန္နင္မွာ တကယ့္ပရိုေတြနဲ႕ သြား ေလ့က်င့္ရေတာ့ သူနဲ႕ စကား နည္းနည္း ေျပာျဖစ္တယ္။ သူကေတာ့ ဆိုရွယ္မီဒီယာေတြမွာ ျမင္ေ္နရတဲ့ အတိုင္းပါပဲ။ နည္းနည္းေတာ့ ခပ္မိုက္မိုက္ေပါ့။ သူက ျပင္သစ္သားေတြကိုေတာ့ ေတာ္ေတာ္ ဂရုစိုက္တယ္။ အဲဒီမွာဆို ဟာနီဘယ္ (မက္ဂ်္ဘရီ)၊ နုိအန္ (အမ္ရမ္)နဲ႕ က်ေနာ္ေပါ့။ ” လို႔ ထရာအိုေရးက ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္မွာနဲ႕ လူမႈပတ္၀န္းက်င္ ကြာျခားမႈ ရွိေပမယ့္ ယူနိုက္တက္မွာ သက္ေတာင့္သက္သာ ရွိျပီး အဆင္ေျပ အသားက်ေနျပီ ျဖစ္ေၾကာင္းလည္း ထရာအိုေရးက ဆိုခဲ့ပါတယ္။ ထရာအိုေရးက ကြင္းလယ္မွာ ကစားနုိင္သလို ဘယ္ေတာင္ပံလည္း ထြက္ ကစားနုိင္သူပါ။ လတ္တေလာမွာေတာ့ ဒဏ္ရာေတြေၾကာင့္ ရုန္းကန္ေနခဲ့ရပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမား အလူ ထရာအိုရေးက ကန့်လန့်ကာ နောက်ကွယ်က ကာရင်တန် ထရိန်နင်ကွင်းမှာ ပေါ့ဘာ ဘယ်လို ပြုမူတယ် ဆိုတာနဲ့ ဘယ်လိုတွေ အကူအညီပေးနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၁၉ နှစ် အရွယ် ပြင်သစ် ကွင်းလယ်သမားလေး ထရာအိုရေးဟာ အလားအလာ ကောင်းတွေ ရှိတဲ့ အသင်းသား အဖြစ် ယူနိုက်တက် အကယ်ဒမီမှာ နာမည်ကောင်း ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရာသီဆက် U23 အသင်းနဲ့အတူ ကစားနေခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် မီဒီယာ RMC Sport နဲ့ လတ်တလော အင်တာဗျူးမှာတော့ ထရာအိုရေးက ပေါ့ဘာဟာ စီနီယာတစ်ယောက် အနေနဲ့ သူ့ကို ကူညီပေးပြီး ပြင်သစ်သား ကွင်းလယ်သမားရဲ့ အပြုအမူတွေကိုလည်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

” ကျနော် ထရိန်နင်မှာ တကယ့်ပရိုတွေနဲ့ သွား လေ့ကျင့်ရတော့ သူနဲ့ စကား နည်းနည်း ပြောဖြစ်တယ်။ သူကတော့ ဆိုရှယ်မီဒီယာတွေမှာ မြင်ေ်နရတဲ့ အတိုင်းပါပဲ။ နည်းနည်းတော့ ခပ်မိုက်မိုက်ပေါ့။ သူက ပြင်သစ်သားတွေကိုတော့ တော်တော် ဂရုစိုက်တယ်။ အဲဒီမှာဆို ဟာနီဘယ် (မက်ဂျ်ဘရီ)၊ နိုအန် (အမ်ရမ်)နဲ့ ကျနော်ပေါ့။ ” လို့ ထရာအိုရေးက ပြောဆိုခဲ့ပါတယ်။

ပြင်သစ်မှာနဲ့ လူမှုပတ်ဝန်းကျင် ကွာခြားမှု ရှိပေမယ့် ယူနိုက်တက်မှာ သက်တောင့်သက်သာ ရှိပြီး အဆင်ပြေ အသားကျနေပြီ ဖြစ်ကြောင်းလည်း ထရာအိုရေးက ဆိုခဲ့ပါတယ်။ ထရာအိုရေးက ကွင်းလယ်မှာ ကစားနိုင်သလို ဘယ်တောင်ပံလည်း ထွက် ကစားနိုင်သူပါ။ လတ်တလောမှာတော့ ဒဏ်ရာတွေကြောင့် ရုန်းကန်နေခဲ့ရပါတယ်။