ဘိုင်ယန်နဲ့ပွဲမှာ နည်းပြ လမ်းပတ် စိတ်တိုင်းကျလို့ ထုတ်ချီးကျူးခဲ့ရတဲ့ ချယ်ဆီးလူငယ် ကစားသမား

ညက ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ချယ်ဆီးအသင်းက ၄-၁ နဲ့ အရေးနိမ့်ခဲ့ရပြီး ချယ်ဆီးနည်းပြ လမ်းပတ်ကိုယ်တိုင်က အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်အားရခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီထဲကမှ လမ်းပတ် စိတ်တိုင်းကျလို့ ထုတ်ဖော် ချီးကျူးခဲ့ရသူကတော့ လူငယ်ကစားသမား ရီစီ ဂျိမ်းစ် ဖြစ်ပါတယ်။

ပွဲရလဒ်ကို စိတ်ပျက်ခဲ့ပေမယ့် ဒီပွဲကနေ အတွေ့အကြုံနဲ့ သင်ခန်းစာ ကောင်းတွေ ရခဲ့မယ်လို့လည်း လမ်းပတ်က ယူဆထားပါတယ်။ ပွဲအပြီး ရှင်းလင်းပွဲမှာ လမ်းပတ်က သူ့အမြင်တွေ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

” ဒီနေ့ပွဲက ကျနေ်ာတို့ အတွက် အတွေ့အကြုံကောင်းပါ။ ဘိုင်ယန်မြူးနစ်လို အသင်းကြီးနဲ့ ချန်ပီယံလိဂ်မှာ ရင်ဆိုင် ကစားခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ အသင်းမှာ ပွဲပေါင်း ရာကျော် ကစားထားပြီး ဝါရင့်သူတွေ ရှိနေပေမယ့် ကျနော့်အသင်းကဆို ဒီရာသီမှ စ ပွဲထွက်ခွင့်ရတဲ့ လူငယ်လေးတွေ ပါဝင်ပါတယ်။ ရီစီ ဂျိမ်းစ် ဆိုရင် ထိပ်သီး ကစားသမားတွေနဲ့ ရင်ဆိုင်တွေ့ရတာတောင် ပခုံးချင်းယှဉ်ပြီး ကောင်းစွာ ကစားပြနိုင်ခဲ့တယ်။ သူကတော့ တစ်ဦးချင်း စွမ်းဆောင်ရည်မှာ မယုံနိုင်စရာ လုပ်ပြခဲ့တာပါ။ တခြားသူတချို့လည်း ရှိပါတယ်။ ” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

ဒီပွဲကနေ ချယ်ဆီးအသင်းသားတွေ သင်ခန်းစာကောင်း အတွေ့အကြုံကောင်း ရနိုင်သလားနဲ့ ပတ်သတ်ပြီးလည်း လမ်းပတ်က – ” ဒီအတွက်တော့ သံသယ မရှိပါဘူး။ အမြင့်ဆုံး လယ်ဗယ်က ပြိုင်ဘက်အသင်းကို ရင်ဆိုင်ရတဲ့ ပွဲတစ်ပွဲ ဖြစ်တယ်။ ရှိတာနဲ့ ညှစ်ထုတ် ပြိုင်ဆိုင်ခဲ့ရတာ ဖြစ်လို့ အတွေ့အကြုံတွေ ဖြစ်မှာပါ။ အထူးသဖြင့် ရီစီ (ဂျိမ်းစ်)၊ အိုဒွိုင်း၊ တန်မီ (အေဗရာဟမ်)နဲ့ မေဆန်မောင့်တို့ အတွက်ပါ။

ဒီပွဲမှာ လူငယ်လေးတွေက အဆုံးထိတိုင် အရည်အချင်းတွေ ပြသခဲ့တယ် ပြန်တိုက်ခိုက်ခဲ့တာ တွေ့ခဲ့ရတယ်။ ရလဒ်ကတော့ မကောင်းဘူး။ ဒါပေမယ့် လူတော်တော်များများကလည်း ဒါမျိုး ဖြစ်လာမယ် မျှော်လင့်ပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ကျနေ်ာတို့ ဒီပွဲကို အမှန်အကန် ပြိုငဆိုင်ဖို့ သွားခဲ့တာ ကစားခဲ့တာ ဖြစ်ပါတယ်။ ရှုံးပွဲ အတွက်တော့ ကျနော် ဘယ်လိုမှ ကျေနပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဘယ်လို အနေအထားမှာ ရှိတယ် ဆိုတာလည်း ကောင်းကောင်း သိပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ညက ဘိုင္ယန္ျမဴးနစ္နဲ႕ ခ်န္ပီယံလိဂ္ပြဲမွာ ခ်ယ္ဆီးအသင္းက ၄-၁ နဲ႕ အေရးနိမ့္ခဲ့ရျပီး ခ်ယ္ဆီးနည္းျပ လမ္းပတ္ကိုယ္တိုင္က အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ကို ေက်နပ္အားရျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ ဒီထဲကမွ လမ္းပတ္ စိတ္တိုင္းက်လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ရသူကေတာ့ လူငယ္ကစားသမား ရီစီ ဂ်ိမ္းစ္ ျဖစ္ပါတယ္။

ပြဲရလဒ္ကို စိတ္ပ်က္ခဲ့ေပမယ့္ ဒီပြဲကေန အေတြ႕အၾကံဳနဲ႕ သင္ခန္းစာ ေကာင္းေတြ ရခဲ့မယ္လို႔လည္း လမ္းပတ္က ယူဆထားပါတယ္။ ပြဲအျပီး ရွင္းလင္းပြဲမွာ လမ္းပတ္က သူ႔အျမင္ေတြ ထုတ္ေဖာ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

” ဒီေန႔ပြဲက က်ေန္ာတို႔ အတြက္ အေတြ႔အၾကံဳေကာင္းပါ။ ဘိုင္ယန္ျမဴးနစ္လို အသင္းၾကီးနဲ႕ ခ်န္ပီယံလိဂ္မွာ ရင္ဆိုင္ ကစားခဲ့ရတာ ျဖစ္ပါတယ္။ သူတို႔ အသင္းမွာ ပြဲေပါင္း ရာေက်ာ္ ကစားထားျပီး ၀ါရင့္သူေတြ ရွိေနေပမယ့္ က်ေနာ့္အသင္းကဆို ဒီရာသီမွ စ ပြဲထြက္ခြင့္ရတဲ့ လူငယ္ေလးေတြ ပါ၀င္ပါတယ္။ ရီစီ ဂ်ိမ္းစ္ ဆိုရင္ ထိပ္သီး ကစားသမားေတြနဲ႕ ရင္ဆိုင္ေတြ႔ရတာေတာင္ ပခံုးခ်င္းယွဥ္ျပီး ေကာင္းစြာ ကစားျပနိုင္ခဲ့တယ္။ သူကေတာ့ တစ္ဦးခ်င္း စြမ္းေဆာင္ရည္မွာ မယံုနိုင္စရာ လုပ္ျပခဲ့တာပါ။ တျခားသူတခ်ိဳ႔လည္း ရွိပါတယ္။ ” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

ဒီပြဲကေန ခ်ယ္ဆီးအသင္းသားေတြ သင္ခန္းစာေကာင္း အေတြ႔အၾကံဳေကာင္း ရနုိင္သလားနဲ႕ ပတ္သတ္ျပီးလည္း လမ္းပတ္က – ” ဒီအတြက္ေတာ့ သံသယ မရွိပါဘူး။ အျမင့္ဆံုး လယ္ဗယ္က ျပိဳင္ဘက္အသင္းကို ရင္ဆိုင္ရတဲ့ ပြဲတစ္ပြဲ ျဖစ္တယ္။ ရွိတာနဲ႕ ညွစ္ထုတ္ ျပိဳင္ဆိုင္ခဲ့ရတာ ျဖစ္လို႔ အေတြ႔အၾကံဳေတြ ျဖစ္မွာပါ။ အထူးသျဖင့္ ရီစီ (ဂ်ိမ္းစ္)၊ အိုဒြိဳင္း၊ တန္မီ (ေအဗရာဟမ္)နဲ႕ ေမဆန္ေမာင့္တို႔ အတြက္ပါ။

ဒီပြဲမွာ လူငယ္ေလးေတြက အဆံုးထိတိုင္ အရည္အခ်င္းေတြ ျပသခဲ့တယ္ ျပန္တိုက္ခိုက္ခဲ့တာ ေတြ႔ခဲ့ရတယ္။ ရလဒ္ကေတာ့ မေကာင္းဘူး။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားကလည္း ဒါမ်ိဳး ျဖစ္လာမယ္ ေမွ်ာ္လင့္ျပီးသား ျဖစ္မွာပါ။ ဒါေပမယ့္ က်ေန္ာတို႔ ဒီပြဲကို အမွန္အကန္ ျပိဳငဆိုင္ဖို႔ သြားခဲ့တာ ကစားခဲ့တာ ျဖစ္ပါတယ္။ ရွံဳးပြဲ အတြက္ေတာ့ က်ေနာ္ ဘယ္လိုမွ ေက်နပ္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ က်ေနာ္တို႔ ဘယ္လို အေနအထားမွာ ရွိတယ္ ဆိုတာလည္း ေကာင္းေကာင္း သိပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။