ဂိုးသမားကောင်းတွေ ရှိလို့ ဘယ်သူ့ ပွဲထုတ်ရမလဲ ရွေးရခက်နေတဲ့ ယူနိုက်တက်နည်းပြ ဆိုးရှား

ယူနိုက်တက် အရန် ဂိုးသမား ဆာဂျီရို ရိုမဲရိုးဟာ ဒီရာသီ အသင်းရဲ့ ယူရိုပါလိဂ် ပွဲစဉ်များမှာ ပွဲထွက် ပါဝင်ကစားပေးထားသူ ဖြစ်ပြီး ကွာတားဖိုင်နယ် အဆင့်ထိ အသင်းကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကွာတားပွဲစဉ် ကိုပင်ဟေဂင်နဲ့ ပွဲမှာတော့ ဆိုးရှားဟာ ဒီဂီယာကို အခွင့်အရေးပေးဖွယ် ရှိနေပါတယ်။

၎င်းတို့ နှစ်ဦး အပြင် လက်စွမ်းထက်နေတဲ့ လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ သူ့မှာ ဂိုးသမားကောင်းတွေ များနေလို့ အခက်တွေ့နေပြီ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုလာခဲ့ပါတယ်။

ရှက်ဖီးလ် ယူနိုက်တက်မှာ အငှား သွားကစားရင်း အစွမ်းပြနေတဲ့ ဒင်း ဟန်ဒါဆန်ကလည်း ဒီရာသီ ပရီးမီးယားလိဂ် လူငယ် ကစားသမား ဆု အတွက် ဆန်ကာတင် စာရင်းမှာပါ ပါဝင်နေပါတယ်။ ဒီရာသီ ကုန်သွားရင်လည်း ရှက်ဖီးကတော့ ဒင်း ဟန်ဒါဆန်ကို ဆက်လက် ခေါ်ယူထားလိုနေပါတယ်။

” ဂိုးသမားတွေနဲ့ ပတ်သတ်ရင် ကျနော်ကတော့ ကမ္ဘာ့ ကံအထူးဆုံး အသင်းမန်နေဂျာလို့တောင် ပြောရမလားပဲ။ ကျနော့်မှာ ဆာဂျီယို ရှိတယ် ဒေးဗစ်ရော ဒါ့အပြင် ဒင်း ဟန်ဒါဆန်ကလည်း ပြန်လာဦးမယ်။ ကျနော်မှာ ထိပ်တန်း ဂိုးသမား သုံးယောက်တောင် ရှိတယ်။

ဒီရာသီမှာ ဆာဂျီရိုကလည်း ကျနော်တို့ အတွက် အရေးပါတယ်။ ဒေးဗစ်ကတော့ အမြဲ စွမ်းဆောင် ပြနေတာပဲ။ ဒီတော့ လက်ကျန်ပွဲတွေမှာ ဘယ်လို လုပ်မလဲဆိုတာ ကြည့်ရပါမယ်။ ဒါက ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်မှာပါ။ ဒါပေမယ့် ဒီလို ပြသနာ ရှိတာလည်း ကောင်းတာပဲ မဟုတ်လား။ ” လို့ ဆိုးရှားက ဆိုပါတယ်။

ဒီဂီယာရဲ့ လတ်တလော အမှားများတဲ့ ပုံစံကြောင့် ဟန်ဒါဆန်ကို နောက်ရာသီမှာ နေရာပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ ဒင်း ဟန်ဒါဆန်ကလည်း ယူနိုက်တက်ထံ ပြန်လာရရင် သူ့ကို ပွဲထွက် ကစားခွင့် ပေးမှသာ ဖြစ်မယ်လို့ ဆိုထားတာပါ။

” ပွဲကစားခွင့် နေရာတွေ အတွက် ပြိုင်ဆိုင်မှုတွေက အရေးကြီးပါတယ်။ ဒီလိုမျိုး ရှိဖို့ ကျနော်တို့က မျှော်လင့်ထားတယ်။ ကျနေ်ာတို့မှာ ဒင်း၊ ဆာဂျီယို၊ ဒေးဗစ် လို့ အဆင့်ဆင့် ရှိထားတယ်။ လီ ဂရန့် ဆိုလည်း ပရော်ဖက်ရှင်နယ်ကောင်း ဖြစ်ပြီး ဒီသုံးယောက် နောက်မှာ ရှိနေပါသေးတယ်။ ဒီတော့ အသင်းမှာ ဘယ်သူ့ကို ထိန်းသိမ်းရမလဲ ဆိုတာလည်း ရွေးရခက်ပါတယ်။ ” လို့ ဆိုးရှားက ဆိုပါတယ်။

တနင်္လာနေ့ ညမှာ ကစားရမယ့် ကိုပင်ဟေဂင်နဲ့ ပွဲစဉ်မှာ ရိုမဲရိုးကို ပွဲထွက် နေရာပေးမလား ဆိုတာနဲ့ ပတ်သတ်ပြီးလည်း ဆိုးရှားက အတည်ပြုမှု ပြုလုပ်မသွားသေးပါဘူး။ ဒါကြောင့် ဒီဂီယာ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

Zawgyi – ယူနုိက္တက္ အရန္ ဂိုးသမား ဆာဂ်ီရို ရိုမဲရိုးဟာ ဒီရာသီ အသင္းရဲ႕ ယူရိုပါလိဂ္ ပြဲစဥ္မ်ားမွာ ပြဲထြက္ ပါ၀င္ကစားေပးထားသူ ျဖစ္ျပီး ကြာတားဖိုင္နယ္ အဆင့္ထိ အသင္းကို ပို႔ေဆာင္ထားျပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ကြာတားပြဲစဥ္ ကိုပင္ေဟဂင္နဲ႕ ပြဲမွာေတာ့ ဆိုးရွားဟာ ဒီဂီယာကို အခြင့္အေရးေပးဖြယ္ ရွိေနပါတယ္။

၄င္းတို႔ နွစ္ဦး အျပင္ လက္စြမ္းထက္ေနတဲ့ လူငယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္ကိုလည္း ပိုင္ဆိုင္ထားတာေၾကာင့္ ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ သူ႔မွာ ဂိုးသမားေကာင္းေတြ မ်ားေနလို႔ အခက္ေတြ႔ေနျပီ ျဖစ္ေၾကာင္း ၀န္ခံ ေျပာဆိုလာခဲ့ပါတယ္။

ရွက္ဖီးလ္ ယူနိုက္တက္မွာ အငွား သြားကစားရင္း အစြမ္းျပေနတဲ့ ဒင္း ဟန္ဒါဆန္ကလည္း ဒီရာသီ ပရီးမီးယားလိဂ္ လူငယ္ ကစားသမား ဆု အတြက္ ဆန္ကာတင္ စာရင္းမွာပါ ပါ၀င္ေနပါတယ္။ ဒီရာသီ ကုန္သြားရင္လည္း ရွက္ဖီးကေတာ့ ဒင္း ဟန္ဒါဆန္ကို ဆက္လက္ ေခၚယူထားလိုေနပါတယ္။

” ဂိုးသမားေတြနဲ႕ ပတ္သတ္ရင္ က်ေနာ္ကေတာ့ ကမၻာ့ ကံအထူးဆံုး အသင္းမန္ေနဂ်ာလို႔ေတာင္ ေျပာရမလားပဲ။ က်ေနာ့္မွာ ဆာဂ်ီယို ရွိတယ္ ေဒးဗစ္ေရာ ဒါ့အျပင္ ဒင္း ဟန္ဒါဆန္ကလည္း ျပန္လာဦးမယ္။ က်ေနာ္မွာ ထိပ္တန္း ဂိုးသမား သံုးေယာက္ေတာင္ ရွိတယ္။

ဒီရာသီမွာ ဆာဂ်ီရိုကလည္း က်ေနာ္တို႔ အတြက္ အေရးပါတယ္။ ေဒးဗစ္ကေတာ့ အျမဲ စြမ္းေဆာင္ ျပေနတာပဲ။ ဒီေတာ့ လက္က်န္ပြဲေတြမွာ ဘယ္လို လုပ္မလဲဆိုတာ ၾကည့္ရပါမယ္။ ဒါက ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ ျဖစ္မွာပါ။ ဒါေပမယ့္ ဒီလို ျပသနာ ရွိတာလည္း ေကာင္းတာပဲ မဟုတ္လား။ ” လို႔ ဆိုးရွားက ဆိုပါတယ္။

ဒီဂီယာရဲ႕ လတ္တေလာ အမွားမ်ားတဲ့ ပံုစံေၾကာင့္ ဟန္ဒါဆန္ကို ေနာက္ရာသီမွာ ေနရာေပးဖို႕ ေတာင္းဆိုမႈေတြလည္း ရွိေနပါတယ္။ ဒင္း ဟန္ဒါဆန္ကလည္း ယူနိုက္တက္ထံ ျပန္လာရရင္ သူ႔ကို ပြဲထြက္ ကစားခြင့္ ေပးမွသာ ျဖစ္မယ္လို႔ ဆိုထားတာပါ။

” ပြဲကစားခြင့္ ေနရာေတြ အတြက္ ျပိဳင္ဆိုင္မႈေတြက အေရးၾကီးပါတယ္။ ဒီလိုမ်ိဳး ရွိဖို႔ က်ေနာ္တို႔က ေမွ်ာ္လင့္ထားတယ္။ က်ေန္ာတို႔မွာ ဒင္း၊ ဆာဂ်ီယို၊ ေဒးဗစ္ လို႔ အဆင့္ဆင့္ ရွိထားတယ္။ လီ ဂရန္႔ ဆိုလည္း ပေရာ္ဖက္ရွင္နယ္ေကာင္း ျဖစ္ျပီး ဒီသံုးေယာက္ ေနာက္မွာ ရွိေနပါေသးတယ္။ ဒီေတာ့ အသင္းမွာ ဘယ္သူ႔ကို ထိန္းသိမ္းရမလဲ ဆိုတာလည္း ေရြးရခက္ပါတယ္။ ” လို႔ ဆိုးရွားက ဆိုပါတယ္။

တနလၤာေန႔ ညမွာ ကစားရမယ့္ ကိုပင္ေဟဂင္နဲ႕ ပြဲစဥ္မွာ ရိုမဲရိိုးကို ပြဲထြက္ ေနရာေပးမလား ဆိုတာနဲ႕ ပတ္သတ္ျပီးလည္း ဆိုးရွားက အတည္ျပဳမႈ ျပဳလုပ္မသြားေသးပါဘူး။ ဒါေၾကာင့္ ဒီဂီယာ ပြဲထြက္လာနုိင္ဖြယ္ ရွိပါတယ္။