အားလပ်ရက်ဖြစ်လို့ အင်္ဂလန်သား အင်္ဂလန်ကိုပြန်တာ မဆန်းဘူးလို့ ဆန်ချိုရဲ့ အိမ်ပြန်ခရီးကို ဒေါ့မွန် ဆို
ဒေါ့မွန်အသင်းဘက်က ပြီးခဲ့တဲ့ အပတ် လန်ဒန်မှာ ပျော်ရွှင်နေတဲ့ ဆန်ချိုရဲ့ ပုံရိပ်တွေဟာ သူ့ရဲ့ အနာဂတ်နဲ့ သက်ဆိုင်ခြင်း မရှိဘူလို့ သတင်းထုတ်ပြန်ပါတယ်။
ဒေါ့မွန်ဘက်က အင်္ဂလန်ကို ပြန်သွားပြီး ကိုဗစ် ကပ်ဘေးအတွင်းမှာ သူ့ရဲ့ အားလပ်ရက် ယူနေမှုအတွက် မစိုးရိမ်ကြောင်း၊ ဒါကလည်း ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းထွက်မှုတွေအတွက် သက်ရောက်မှု မရှိကြောင်း ယုံကြည်နေပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ အပတ်မှာ အင်္ဂလန်ကို ပြန်လာပြီး ပါတီပွဲ တက်ရောက်တဲ့ ပုံရိပ်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဆန်ချိုရဲ့ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ်ရမယ်လို့ ဒေါ့မွန်ဘက်က သတိပေးထားပေမယ့် ယူနိုက်တက်ဘက်က အပြီးမသတ်နိုင်ပါဘူး။ ဒေါ့မွန်အသင်းဟာ ဒီအပတ် တနင်္လာနေ့မှာတော့ ရာသီကြို ခရီးစဉ်အဖြစ် ဆွစ်ဇလန်ကို ထွက်ခွာဖို့ ရှိနေတာဖြစ်တယ်။
ဒေါ့မွန်ဘက်ကတော့ ဆန်ချို မိခင် တိုင်းပြည့်ကို ပြန်သွားတာက သူတို့အတွက် ထိခိုက်မှု ဖြစ်စေမယ်လို့ မထင်ကြောင်းနဲ့ ကိုဗစ် ကာကွယ်ရေးတွေကိုလည်း ဖောက်ဖျက်ခဲ့ခြင်း မရှိလို့ လာမယ့်ရာသီအတွက် ပြင်ဆင်မှုမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။
ဒေါ့မွန်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Sascha Fligge က ” လေ့ကျင့်ရေး ပြန်ဝင်မှု မတိုင်ခင် ကစားသမားတွေက မိခင်နိုင်ငံကို ပြန်သွားကြတာက အရမ်း စွန့်စားတဲ့ ကိစ္စမဟုတ်သလို ပုံမှန်ပဲဖြစ်ပြီး အဆင်ပြေပါတယ်။ ဂျော်ဒန် အတွက်လည်း အတူတူပါပဲ။ ကျနေ်ာတို့ရဲ့ အမြင်အရတော့ ထွက်ပေါ်လာတဲ့ ပုံရိပ်တွေမှာ ကိုဗစ် ကာကွယ်ရေးနဲ့ ပက်သက်ပြီး စည်းမျဉ်း ချိုးဖောက်တဲ့ အပြုအမှုတွေ မမြင်ထားရပါဘူး ” လို့ ဖြေရှင်းချက် ထုတ်ပြန်ပါတယ်။
ဒေါ့မွန်ဘက်က ဆန်ချိုအတွက် ယူရို သန်း ၁၂၀ တောင်းဆိုထားပြီး ယူနိုက်တက်ဘက်ကတော့ အဆိုပါ ပြောင်းရွှေ့ကြေး မပေးလိုပါဘူး။ သတင်းထောက်တွေက ချိတ်ဆက်မှု သတင်းတွေကို အမျိုးမျိုး ဖော်ပြခဲ့ပေမယ့်လည်း ဒေါ့မွန် အကြီးအကဲ ဝတ်ဇီက သဘောတူညီမှု မရသေးသလို၊ ချိတ်ဆက်မှုလည်း မရှိသေးဘူးလို့ ငြင်းဆန်ထားပါတယ်။
ZAWGYI – ဒေါ့မွန်အသင်းဘက်က ပြီးခဲ့တဲ့ အပတ် လန်ဒန်မှာ ပျော်ရွှင်နေတဲ့ ဆန်ချိုရဲ့ ပုံရိပ်တွေဟာ သူ့ရဲ့ အနာဂတ်နဲ့ သက်ဆိုင်ခြင်း မရှိဘူလို့ သတင်းထုတ်ပြန်ပါတယ်။