ယူနိုက်တက် Vs ကိုပင်ဟေဂင် တို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲအတွက် အိုဝင် သုံးသပ်ခန့်မှန်းချက်
ဒီအပတ် ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ ထွက်ပေါ်နေပြီ ဖြစ်ရာ ယူနိုက်တက် Vs ကိုပင်ဟေဂင် ပွဲစဉ်လည်း ပါဝင်ပါတယ်။ ဒီရာသီ ယူရိုပါလိဂ် ကွာတားနဲ့ ဆီမီးအဆင့်တွေက တစ်ကျော့တည်းဖြင့် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
ပွဲချိန် ကတော့ သြဂုတ် ၁၁ ရက် အင်္ဂါနေ့ နံနက် ၁း၃၀ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အိုဝင်က – ” ယူနိုက်တက်က ၁၆ သင်းအဆင့်က ပြိုင်ဘက်ကို ဒုတိယအကျော့မှာ ၂-၁ နဲ့ အနိုင်ယူခဲ့တယ်။ ဂျာမနီကို ထွက်ခွာလာတဲ့ သူတို့က ယူရိုပါလိဂ်ဖလား အနိုင်ရဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ အဲ့လို ရာသီသိမ်းခဲ့ရင် ဆိုးရှားရဲ့ ပထမဆုံး ဘောလုံးရာသီက အောင်မြင်တယ်လို့ ပြောလို့ရတယ်။
ဒီရာသီ ယူရိုပါလိဂ်မှာ ယူနိုက်တက်က ကစားသမား ၃၈ ဦးထိ အသုံးပြုခဲ့ပြီး ဒါဟာ ဥရောပပြိုင်ပွဲသမိုင်းမှာ တစ်ရာသီအတွင်း လူအများဆုံး အသုံးပြုမှု ဖြစ်လာခဲ့တယ်။
ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ဟာ တူရကီချန်ပီယံတွေကို အနိုင်ရပြီး ဒီအဆင့်ကို ရောက်ရှိလာတယ်။ ဒါဟာ သူတို့အသင်း သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာခဲ့ခြင်းဖြစ်တယ်။
ဒီအဆင့်မှာ ဆိုးရှားရဲ့ အသင်းက အဓိက ကစားသမား အချို့ကို ပြန်သုံးလာလိမ့်မယ်။ ပွဲက သရေကျမယ်လို့ ရေပန်းစားပေမယ့် ကျနော်ကတော့ ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရမယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။