မနက်က ယှဉ်ပြိုင်ကစားတဲ့ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်နဲ့ပွဲမှာ ယူနိုက်တက်ဟာ အချိန်ပို ပထမပိုင်းမှာ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာတော့ အင်္ဂလန်ကနေ ဂျာမနီကို ခရီးထွက်ခွာလာတဲ့ ယူနိုက်တက်ဟာ ရာသီဥတုကြောင့်လား အခြားသော အကြောင်းတွေကြောင့်လား မသေချာပေမယ့် အတော်လေး ပင်ပန်းနေကြဟန်ရှိတယ်။ သူတို့ ရုပ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုက မြင်သာခဲ့ပြီး မသက်မသာဖြစ်ဖို့ရာ ကိုပင်ဟေဂင်က အတော်လေး အလုပ်ပေးခဲ့ပါတယ်။
ခက်ခဲတဲ့ နိုင်ပွဲ အပြီးမှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီ ဖြစ်ပြီး နည်းပြ ဆိုးရှားကတော့ ဆီမီးမှာ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ရင်ဆိုင်ဖို့ အသင့်ပဲ လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဆီဗီလာနဲ့ ဝုဗ် အတွဲက နိုင်တဲ့ တစ်သင်းနဲ့ တွေ့မှာ ဖြစ်ပါတယ်။
” ဒါက ဒီရာသီအတွက် တတိယမြောက် ဆီမီးဖိုင်နယ်ကို ရောက်လာခြင်း ဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော်ဖြတ်လာနိုင်တာအတွက် ကျနေ်ာတို့ ကျေနပ်မိပါတယ်။ ကျနေ်ာတို့အတွက်လည်း ထိုက်တန်ပါတယ်။ သူတို့ရဲ့ ဂိုးသမားက မယုံနိုင်စရာပါပဲ။ ကျနေ်ာတို့ ဂိုးပေါက်ကို အကြိမ်အတော်လေး ခြိမ်းခြောက်ခဲ့သေးတာပါ။
ဒီညမှာ သူတို့က ကျနေ်ာတို့ကို ခက်ခဲအောင် အကောင်းဆုံး လုပ်သွားနိုင်ခဲ့ပါတယ်။ ပွဲအစီအစဉ်နဲ့အတူ သူတို့က စုဖွဲ့မှုလည်း ကောင်းမွန်ခဲ့တယ်။ သူတို့ကို ဖောက်ထွက်ဖို့ရာ ခက်ခဲပြီး ကျနေ်ာတို့ စိတ်ရှည်ရမယ်ဆိုတာ နားလည်ခဲ့တယ်။
ကျနေ်ာတို့ ပိတ်ဆို့ခံရမှုတွေ၊ ခံစစ်ကာကွယ်မှုကောင်းတွေကို ရင်ဆိုင်ခဲ့ရတယ်။ ကျနေ်ာတို့မှာ အခွင့်အရေး ရှိတယ်ဆိုတာ သိခဲ့ပါတယ်။ ကျနေ်ာတို့ တိုက်စစ်သမားတွေက အမြဲတမ်း အခွင့်အရေးတွေ ရှာဖွေနေတာပါ။
ဆီမီးမှာတော့ ဝုဗ်ပဲဖြစ်ဖြစ် ဆီးဗီးလာနဲ့ပဲတွေ့တွေ့ပါ။ နှစ်သင်းလုံးက အသင်းကောင်းတွေပါပဲ။ ကျနော်ကတော့ စိတ်မရှိပါဘူး ” လို့ ပွဲအပြီးမှာ မန်နေဂျာဆိုးရှားက ပြောဆိုခဲ့ပါတယ်။
ZAWGYI – မနက္က ယွဥ္ျပိဳင္ကစားတဲ့ ဒိန္းမတ္ကလပ္ ကိုပင္ေဟဂင္နဲ႔ပြဲမွာ ယူႏုိက္တက္ဟာ အခ်ိန္ပို ပထမပိုင္းမွာ ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီေၾကာင့္ ၁-၀ ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ရကာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ျပီျဖစ္ပါတယ္။
ဒီပြဲမွာေတာ့ အဂၤလန္ကေန ဂ်ာမနီကို ခရီးထြက္ခြာလာတဲ့ ယူႏုိက္တက္ဟာ ရာသီဥတုေၾကာင့္လား အျခားေသာ အေၾကာင္းေတြေၾကာင့္လား မေသခ်ာေပမယ့္ အေတာ္ေလး ပင္ပန္းေနၾကဟန္ရွိတယ္။ သူတို႔ ရုပ္ပိုင္းဆိုင္ရာ ရုန္းကန္ရမႈက ျမင္သာခဲ့ျပီး မသက္မသာျဖစ္ဖို႔ရာ ကိုပင္ေဟဂင္က အေတာ္ေလး အလုပ္ေပးခဲ့ပါတယ္။
ခက္ခဲတဲ့ နုိင္ပြဲ အျပီးမွာေတာ့ ယူနုိက္တက္ဟာ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္သို႔ တက္ေရာက္ခဲ့ျပီ ျဖစ္ျပီး နည္းျပ ဆိုးရွားကေတာ့ ဆီမီးမွာ ဘယ္အသင္းနဲ႕ပဲ ေတြ႔ေတြ႔ ရင္ဆိုင္ဖုိ႔ အသင့္ပဲ လို႔ ေျပာဆိုလိုက္ပါတယ္။ ယူနုိုက္တက္ဟာ ဆီဗီလာနဲ႕ ၀ုဗ္ အတြဲက နုိင္တဲ့ တစ္သင္းနဲ႕ ေတြ႔မွာ ျဖစ္ပါတယ္။
” ဒါက ဒီရာသီအတြက္ တတိယေျမာက္ ဆီမီးဖိုင္နယ္ကို ေရာက္လာျခင္း ျဖစ္ပါတယ္။ ဒီအဆင့္ကို ေက်ာ္ျဖတ္လာႏုိင္တာအတြက္ က်ေန္ာတို႔ ေက်နပ္မိပါတယ္။ က်ေန္ာတို႔အတြက္လည္း ထိုက္တန္ပါတယ္။ သူတို႔ရဲ႕ ဂိုးသမားက မယံုႏုိင္စရာပါပဲ။ က်ေန္ာတို႔ ဂိုးေပါက္ကို အၾကိမ္အေတာ္ေလး ျခိမ္းေျခာက္ခဲ့ေသးတာပါ။
ဒီညမွာ သူတို႔က က်ေန္ာတို႔ကို ခက္ခဲေအာင္ အေကာင္းဆံုး လုပ္သြားႏုိင္ခဲ့ပါတယ္။ ပြဲအစီအစဥ္နဲ႔အတူ သူတို႔က စုဖြဲ႔မႈလည္း ေကာင္းမြန္ခဲ့တယ္။ သူတို႔ကို ေဖာက္ထြက္ဖို႔ရာ ခက္ခဲျပီး က်ေန္ာတို႔ စိတ္ရွည္ရမယ္ဆိုတာ နားလည္ခဲ့တယ္။
က်ေန္ာတို႔ ပိတ္ဆို႔ခံရမႈေတြ၊ ခံစစ္ကာကြယ္မႈေကာင္းေတြကို ရင္ဆိုင္ခဲ့ရတယ္။ က်ေန္ာတို႔မွာ အခြင့္အေရး ရွိတယ္ဆိုတာ သိခဲ့ပါတယ္။ က်ေန္ာတို႔ တိုက္စစ္သမားေတြက အျမဲတမ္း အခြင့္အေရးေတြ ရွာေဖြေနတာပါ။
ဆီမီးမွာေတာ့ ဝုဗ္ပဲျဖစ္ျဖစ္ ဆီးဗီးလာနဲ႔ပဲေတြ႔ေတြ႔ပါ။ ႏွစ္သင္းလံုးက အသင္းေကာင္းေတြပါပဲ။ က်ေနာ္ကေတာ့ စိတ္မရွိပါဘူး ” လို႔ ပြဲအျပီးမွာ မန္ေနဂ်ာဆိုးရွားက ေျပာဆိုခဲ့ပါတယ္။