နည်းပြ ကွန်တီရဲ့ အင်တာမီလန်အသင်းဟာ ဒီတလော နှစ်တွေ အတွင်း ၄ ယောက်မြောက် ယူနိုက်တက်ထံမှ ကစားသမား ခေါ်ယူမှု ပြုလုပ်ဖို့ စမောလင်းကို ချိတ်ဆက်နေပါတယ်။ စမောလင်းဟာ ရိုးမားမှာ အငှားထွက်ကစားရင်း ခြေစွမ်းပြခဲ့သူပါ။
ကိုပင်ဟေဂင်ကို နိုင်တဲ့ ပွဲအပြီးမှာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ရဲ့ ခြေစွမ်းကို အထူး ချီးကျူးနေကြပြီး ဟားဂရေ့ဗ်က ဆိုရင် မာရှယ်ဟာ ပေါင် သန်း ၁၀၀ တန် ကမ္ဘာ့ အဆင့် တိုက်စစ်မှူးမျိုး ဖြစ်နေပြီလို့ ညွှန်းသွားခဲ့ပါတယ်။
ယူနိုက်တက် အသင်းသားတွေဟာ ကာလရှည် ဘောလုံးရာသီ ခရီးရှည်ကြီးကို အားထုတ်လာကြတာ ဖြစ်လို့ ကာယပိုင်း ကြံ့ခိုင်မှုနည်းပါးနေပြီး ပွဲပန်းနေပြီ ဖြစ်ကြောင်း ကွင်းလယ် ကစားသမား မာတာက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဒေါ့မွန် အားကစားဒါရိုက်တာက ဆန်ချို နောက်ရာသီ အသင်းနဲ့ အတူ ဆက်ရှိမှာ ဖြစ်ပြီး ရောင်းချမှာ မဟုတ်ဘူး အသိပေးခဲ့ပေမယ့် ဒီနွေမှာပဲ ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူနိုင်သေးကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ အကြောင်းကတော့ ၂၀၁၇ တုန်းကလည်း ယခုကဲ့သို့ပဲ ဒမ်ဘီလီကို ရောင်းမှာ မဟုတ်ကြောင့် ယတိပြတ် ထုတ်ပြောခဲ့ပေမယ့် ဒေါ့မွန်ဟာ ဘာစီလိုနာ အသင်းထံ ရောင်းချခဲ့တဲ့ သာဓက ရှိထားပါတယ်။
ဒါ့အပြင် ယူနိုက်တက်ကလည်း ဆန်ချိုကို မရရှိပါက ဒေါ့မွန် ရောင်းချခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်သမား ဒမ်ဘီလီကိုပဲ ခေါ်ယူဖို့ ကြံရွယ်လာပြီး တရားဝင် ဆက်သွယ်တာမျိုး မဟုတ်ပေမယ့် ဘာစီလိုနာ တာဝန်ရှိသူတွေထံ ချိတ်ဆက် မေးမြန်းနေတယ်လို့ သိရပါတယ်။
ကိုပင်ဟေဂင်နဲ့ ပွဲအပြီးမှာ ယူနိုက်တက် နည်းပြ ဆိုးရှားက ဆန်ချိုနဲ့ပတ်သတ်တဲ့ မေးခွန်းတွေ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပြီး ပွဲက အသင်း ကစားပုံအကြောင်းသာ ဖြေဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီရာသီ တတိယမြောက် ဆီမီးဖိုင်နယ်ပွဲ တက်ရောက်နိုင်တာ ဖြစ်တဲ့အတွက်လည်း နည်းပြ ဆိုးရှားက အားရနေပြီး ဆုဖလား ယူဆောင်ဖို့ အတွက်ဆိုရင် တိုးတက်ဖို့ လိုအပ်မှုတွေ ရှိသေးကြောင်းလည်း ဝန်ခံပြောဆိုခဲ့ပါတယ်။
Zawgyi – နည္းျပ ကြန္တီရဲ႕ အင္တာမီလန္အသင္းဟာ ဒီတေလာ နွစ္ေတြ အတြင္း ၄ ေယာက္ေျမာက္ ယူနိုက္တက္ထံမွ ကစားသမား ေခၚယူမႈ ျပဳလုပ္ဖို႔ စေမာလင္းကို ခိ်တ္ဆက္ေနပါတယ္။ စေမာလင္းဟာ ရိုးမားမွာ အငွားထြက္ကစားရင္း ေျခစြမ္းျပခဲ့သူပါ။
ကိုပင္ေဟဂင္ကို နုိင္တဲ့ ပြဲအျပီးမွာ ယူနုိက္တက္ တိုက္စစ္မွဴး မာရွယ္ရဲ႕ ေျခစြမ္းကို အထူး ခ်ီးက်ဴးေနၾကျပီး ဟားဂေရ႔ဗ္က ဆိုရင္ မာရွယ္ဟာ ေပါင္ သန္း ၁၀၀ တန္ ကမၻာ့ အဆင့္ တိုက္စစ္မွဴးမ်ိဳး ျဖစ္ေနျပီလို႔ ညႊန္းသြားခဲ့ပါတယ္။
ယူနုိက္တက္ အသင္းသားေတြဟာ ကာလရွည္ ေဘာလံုးရာသီ ခရီးရွည္ၾကီးကုိ အားထုတ္လာၾကတာ ျဖစ္လို႔ ကာယပိုင္း ၾကံ႕ခိုင္မႈနည္းပါးေနျပီး ပြဲပန္းေနျပီ ျဖစ္ေၾကာင္း ကြင္းလယ္ ကစားသမား မာတာက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ေဒါ့မြန္ အားကစားဒါရိုက္တာက ဆန္ခ်ိဳ ေနာက္ရာသီ အသင္းနဲ႕ အတူ ဆက္ရွိမွာ ျဖစ္ျပီး ေရာင္းခ်မွာ မဟုတ္ဘူး အသိေပးခဲ့ေပမယ့္ ဒီေႏြမွာပဲ ယူနုိက္တက္က ဆန္ခ်ိဳကို ေခၚယူနိုင္ေသးေၾကာင္း သံုးသပ္မႈေတြ ရွိေနပါတယ္။ အေၾကာင္းကေတာ့ ၂၀၁၇ တုန္းကလည္း ယခုကဲ့သုိ႔ပဲ ဒမ္ဘီလီကို ေရာင္းမွာ မဟုတ္ေၾကာင့္ ယတိျပတ္ ထုတ္ေျပာခဲ့ေပမယ့္ ေဒါ့မြန္ဟာ ဘာစီလိုနာ အသင္းထံ ေရာင္းခ်ခဲ့တဲ့ သာဓက ရွိထားပါတယ္။
ဒါ့အျပင္ ယူနုိက္တက္ကလည္း ဆန္ခ်ိဳကို မရရွိပါက ေဒါ့မြန္ ေရာငး္ခ်ခဲ့တဲ့ ဘာစီလိုနာ တိုက္စစ္သမား ဒမ္ဘီလီကိုပဲ ေခၚယူဖို႔ ၾကံရြယ္လာျပီး တရား၀င္ ဆက္သြယ္တာမ်ိဳး မဟုတ္ေပမယ့္ ဘာစီလိုနာ တာ၀န္ရွိသူေတြထံ ခ်ိတ္ဆက္ ေမးျမန္းေနတယ္လို႔ သိရပါတယ္။
ကိုပင္ေဟဂင္နဲ႕ ပြဲအျပီးမွာ ယူနုိက္တက္ နည္းျပ ဆိုးရွားက ဆန္ခ်ိဳနဲ႕ပတ္သတ္တဲ့ ေမးခြန္းေတြ ေျဖဆိုဖို႔ ျငင္းဆန္ခဲ့ျပီး ပြဲက အသင္း ကစားပံုအေၾကာင္းသာ ေျဖဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
ဒီရာသီ တတိယေျမာက္ ဆီမီးဖိုင္နယ္ပြဲ တက္ေရာက္နုိင္တာ ျဖစ္တဲ့အတြက္လည္း နည္းျပ ဆိုးရွားက အားရေနျပီး ဆုဖလား ယူေဆာင္ဖို႔ အတြက္ဆိုရင္ တိုးတက္ဖို႔ လိုအပ္မႈေတြ ရွိေသးေၾကာင္းလည္း ၀န္ခံေျပာဆိုခဲ့ပါတယ္။