ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်ကို အနိုင်ယူနိုင်မယ် ယုံကြည်မှု ရှိထားတဲ့ ဆီဗီလာနည်းပြ လိုပတ်တီဂူ

ဆီဗီလာအသင်းဟာ ညက ပွဲမှာ ဝုဗ်ကို အနိုင်ယူပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့် တက်ရောက်လာခဲ့ပြီ ဖြစ်ရာ ဆီမီးအဆင့်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ပြိုင်ဘက်အသင်းဟာ ကမ္ဘာ့ အင်အားအကြီးဆုံးကလပ်အသင်း တစ်သင်း ဖြစ်ပေမယ့် ကျော်ဖြတ်နိုင်မယ်လို့ ဆီဗီလာ နည်းပြ လိုပတ်တီဂူကတော့ ယုံကြည်မှု ရှိနေပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ဆီဗီလာကို ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ဗိုလ်လုပွဲ တက်ရောက်ခွင့် တစ်နေရာစာ အတွက် ကြိုးစားရတော့မှာပါ။ ဆီဗီလာအသင်းဟာ ၂၀၁၄ ကနေ ၂၀၁၆ ထိ သုံးကြိမ်ဆက်တိုင် ယူရိုပါလိဂ်မှာ ဗိုလ်စွဲထားဖူးတဲ့ ပြိုင်ပွဲ ဝါရင့် အသင်း ဖြစ်ပါတယ်။

အဲဒီသုံးကြိမ်နောက် နှစ်မှာတော့ မော်ရင်ညို ဦးဆောာင်တဲ့ ယူနိုက်တက်အသင်းကလည်း ယူရိုပါလိဂ်ဖလား ရယူ ထားဖူးပါတယ်။ ဆီဗီလာ နည်းပြကတော့ ယူနိုက်တက်ကို အထင်ကြီး လေးစားမှုတွေ ပြသခဲ့ပေမယ့် ဗိုလ်လုပွဲ တက်ဖို့ ယုံကြည်ချက် အပြည့် ရှိနေတာပါ။

” ကျနော်တို့က နောက်တပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရတော့မယ်။ သူတို့က ကမ္ဘာ့ အကြီးကျယ် အခမ်းနားဆုံး ကလပ်အသင်းပါ။ သူတို့ကို ရင်ဆိုင်ဖို့ ကျနော်တို့ သေချာ ပြင်ဆင်သွားမယ်။ တကယ့် ထိပ်သီးအသင်း သမိုင်း အစဉ်အလာတွေ ရှိတဲ့ အသင်း တစ်သင်းကို ကျနော်တို့ ယှဉ်ပြိုင် ရမှာ ဖြစ်တယ်။

ဒါပေမယ့် အမြဲတမ်းလိုပဲ ကျနော်တို့ အကောင်းဆုံး အားထုတ် ကစားသွားမှာပါ။ သူတို့နဲ့ ယှဉ်ပြိုင်ကစားရတာ သိပ်ကို ခက်ခဲမှာ သေချာပါတယ်။ သို့သော်လည်း သူတို့ကို အနိုင်ယူနိုင်တယ် လို့ ယုံကြည်မှု အပြည့်နဲ့ ကစားသွားမှာပါ။ ” လို့ လိုပတ်တီဂူက ညက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကွာတား အဆင့် ကိုပင်ဟေဂင်နဲ့ တွေ့ဆုံကစားခဲ့ရာမှာတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး အချိန်ပိုက ပင်နယ်တီ သွင်းဂိုးကြောင့် သက်သာရာရကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးရှား ကိုယ်တိုင်ကလည်း အသင်းမှာ လိုအပ်ချက်တွေ ရှိနေကြောင်း ဝန်ခံပြီး တိုးတက်အောင် ပြင်ဆင်သွားမယ် ဆိုထားပါတယ်။

Zawgyi – ဆီဗီလာအသင္းဟာ ညက ပြဲမွာ ၀ုဗ္ကို အနုိင္ယူျပီး ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ အဆင့္ တက္ေရာက္လာခဲ့ျပီ ျဖစ္ရာ ဆီမီးအဆင့္မွာ မန္ခ်က္စတာ ယူနုိက္တက္နဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။ ျပိဳင္ဘက္အသင္းဟာ ကမၻာ့ အင္အားအၾကီးဆံုးကလပ္အသင္း တစ္သင္း ျဖစ္ေပမယ့္ ေက်ာ္ျဖတ္နုိင္မယ္လို႔ ဆီဗီလာ နည္းျပ လိုပတ္တီဂူကေတာ့ ယံုၾကည္မႈ ရွိေနပါတယ္။

ယူနုိက္တက္ဟာ တနဂၤေႏြေန႔မွာ ဆီဗီလာကို ရင္ဆိုင္ ကစားရမွာ ျဖစ္ျပီး ဗိုလ္လုပြဲ တက္ေရာက္ခြင့္ တစ္ေနရာစာ အတြက္ ၾကိဳးစားရေတာ့မွာပါ။ ဆီဗီလာအသင္းဟာ ၂၀၁၄ ကေန ၂၀၁၆ ထိ သံုးၾကိမ္ဆက္တိုင္ ယူရိုပါလိဂ္မွာ ဗိုလ္စြဲထားဖူးတဲ့ ျပိဳင္ပြဲ ၀ါရင့္ အသင္း ျဖစ္ပါတယ္။

အဲဒီသံုးၾကိမ္ေနာက္ နွစ္မွာေတာ့ ေမာ္ရင္ညိဳ ဦးေဆာာင္တဲ့ ယူနုိက္တက္အသင္းကလည္း ယူရိုပါလိဂ္ဖလား ရယူ ထားဖူးပါတယ္။ ဆီဗီလာ နည္းျပကေတာ့ ယူနုိက္တက္ကုိ အထင္ၾကီး ေလးစားမႈေတြ ျပသခဲ့ေပမယ့္ ဗိုလ္လုပြဲ တက္ဖို႔ ယံုၾကည္ခ်က္ အျပည့္ ရွိေနတာပါ။

” က်ေနာ္တို႔က ေနာက္တပြဲမွာ မန္ခ်က္စတာ ယူနုိက္တက္နဲ႕ ရင္ဆိုင္ကစားရေတာ့မယ္။ သူတို႔က ကမၻာ့ အၾကီးက်ယ္ အခမ္းနားဆုံး ကလပ္အသင္းပါ။ သူတို႔ကို ရင္ဆုိင္ဖို႔ က်ေနာ္တို႔ ေသခ်ာ ျပင္ဆင္သြားမယ္။ တကယ့္ ထိပ္သီးအသင္း သမိုင္း အစဥ္အလာေတြ ရွိတဲ့ အသင္း တစ္သင္းကို က်ေနာ္တို႔ ယွဥ္ျပိဳင္ ရမွာ ျဖစ္တယ္။

ဒါေပမယ့္ အျမဲတမ္းလိုပဲ က်ေနာ္တို႔ အေကာင္းဆံုး အားထုတ္ ကစားသြားမွာပါ။ သူတို႔နဲ႕ ယွဥ္ျပိဳင္ကစားရတာ သိပ္ကို ခက္ခဲမွာ ေသခ်ာပါတယ္။ သို႔ေသာ္လည္း သူတို႔ကုိ အနုိင္ယူနုိင္တယ္ လို႔ ယံုၾကည္မႈ အျပည့္နဲ႕ ကစားသြားမွာပါ။ ” လို႔ လိုပတ္တီဂူက ညက ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ ကြာတား အဆင့္ ကိုပင္ေဟဂင္နဲ႕ ေတြ႔ဆံုကစားခဲ့ရာမွာေတာ့ ခက္ခက္ခဲခဲ ယွဥ္ျပိဳင္ခဲ့ရျပီး အခ်ိန္ပိုက ပင္နယ္တီ သြင္းဂိုးေၾကာင့္ သက္သာရာရကာ ေနာက္တစ္ဆင့္ တက္ေရာက္နုိင္ခဲ့တာ ျဖစ္ပါတယ္။ နည္းျပ ဆိုးရွား ကိုယ္တိုင္ကလည္း အသင္းမွာ လိုအပ္ခ်က္ေတြ ရွိေနေၾကာင္း ၀န္ခံျပီး တိုးတက္ေအာင္ ျပင္ဆင္သြားမယ္ ဆိုထားပါတယ္။