မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ နံနက်မြှ ခြေစမ်းပွဲအဖြစ် ဒေါ့မွန်ကို ယှဉ်ပြိုင်ရာမှာ ၂-၃ ဖြင့် အရေးနိမ့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဒုတိယပိုင်းမှာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းသွားခဲ့ပါတယ်။
ဂနာချိုနဲ့ ဗာရန်းတို့ကတော့ ကြံ့ခိုင်မှု မပြည့်ဝလို့ မပါနိုင်ခဲ့တာကြောင့် တိုက်စစ်မှာ လူငယ်ကစားသမား ဖော်ဆန်နဲ့ ခံစစ်မှာ မက်ဂွဲရားတို့ ပါဝင်လာခဲ့ပါတယ်။ ဒီပွဲမှာ ဒါလော့က တိုက်စစ်လိုက်ပါချိန် ကွင်းလယ်ကို တက်ကစားခဲ့ပါတယ်။
အဖွင့်ဂိုးကို ဒါလော့ကပဲ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာပါ။ ယူနိုက်တက်ဘက်က ဖရိုဖရဲ ကစားနေတာမို့ ပထမပိုင်း ပြီးခါနီးတွေမှာ ဒေါ့မွန်က ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်ယူသွားတာကြောင့် ပထမပိုင်း အပြီးမှာ ဒေါ့မွန်က ၂-၁ နဲ့ ဦးဆောင်နေပါတယ်။
ဂိုးသမား အိုနာနာကတော့ ပထမပိုင်း အလွဲတွေကို ကွင်းဘေး အရန်ခုံကနေ စောင့်ကြည့်နေခဲ့ပြီး ဒုတိယပိုင်း သူ ဝင် ကစားချိန်မှာ ခံစစ် အလွဲတွေအပေါ် စိတ်မရှည်စွာ တုန့်ပြန်လာခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မက်ဂွဲရားရဲ့ ဘောလုံးပေးပို့မှု အလွဲကနေ ဒေါ့မွန်တို့ ဝင်လုသွားပြီး ကောင်တာ တိုက်စစ် ဆင် သွားခဲ့ပါတယ်။ အိုနာနာ ဟာ ဒေါ့မွန် တိုက်စစ်ဆင်တာကို ကာကွယ်ပြီးသွားတာနဲ့ မက်ဂွဲရားဆီ အော်ဟစ် ချဉ်းကပ် သွားတာကို တွေ့ခဲ့ရပါတယ်။ အိုနာနာ က အင်္ဂလန်သားရဲ့ အန္တရာယ်များတဲ့ ကစားပုံကို အတော်ကြီး အမျက်ထွက်နေပုံ ရခဲ့တာပါ။
ယူနိုက်တက် ပရိသတ်တွေကတော့ အိုနာနာရဲ့ မက်ဂွဲရား အပေါ် ပေါက်ကွဲမှုအား အားရနေကြပြီး လူမှုကွန်ယက်ကနေ အခုလို ထောက်ခံ အားပေးနေကြပါတယ်။
တစ်ယောက်က ” အိုနာနာ အခုမှ ရောက်လာတာ၊ ဒါပေမယ့် မက်ဂွဲရားကို သည်းမခံနိုင်တော့ဘူး။ ”
နောက်တစ်ယောက်ကလည်း ” အိုနာနာက မက်ဂွဲရားကို အော်ငေါက်ပစ်လိုက်တာ ကြည့်ဦး။ ငါတော့ မညာနိုင်တော့ဘူး၊ အားရတယ်၊ တကယ့် epic ပဲ။ ”
And one said: ” အိုနာနာ မက်ဂွဲရားကို လုပ်ချလိုက်တာ တကယ် ရယ်ရတယ်။ မက်ဂွဲရားတောင် ရှော့ခ် ဖြစ်သွားတော့တာ။ ”