အပြောင်းအရွှေ့မှာ လက်သွက်ထားတဲ့ လမ်းပတ်ကို ချီးကျူးပြီး ဖာဒီနန် ထောက်ပြခဲ့တဲ့ လိုအပ်ချက်များ

ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ဒီနွေ အပြောင်းအရွှေ့မှာ လက်သွက်ပြီး စောစောခေါ်ယူမှုတွေ လုပ်ထားတဲ့ နည်းပြလမ်းပတ်နဲ့ ချယ်ဆီးရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးလိုက်ပြီး ဈေးကွက်ထဲမှာ ချယ်ဆီး လုပ်ဆောင်စရာတွေတော့ ကျန်ရှိနေသေးကြောင်းပါ ထောက်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖာဒီနန်က ချယ်ဆီး ခေါ်ယူထားတဲ့ ကစားသမားတွေက ချန်ပီယံလိဂ် ကစားဖို့ တန်းမှီတဲ့ ကစားသမားကောင်းတွေ ဖြစ်ပြီး နောက်ရာသီ ဆုဖလားကြီးတွေ စိန်ခေါ်ဖို့ ဆိုရင် လန်ဒန်ကလပ် အနေနဲ့ ဈေးကွက်ထဲမှာ ဂိုးသမား တစ်ဦးနဲ့ ဗဟိုခံစစ်မှူး တစ်ဦး ခေါ်သင့်သေးကြောင်း ဆိုခဲ့ပါတယ်။ ချယ်ဆီးရဲ့ ဒီရာသီ ချန်ပီယံလိဂ် ခရီးဟာ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးပြီး ၁၆ သင်း အဆင့်ကနေ လှည့်ပြန်ထားရပါတယ်။

လမ်းပတ်ဟာ နောက်ရာသီအတွက် ဂျာမန်တိုက်စစ်မှူး တီမိုဝါနာနဲ့ မိုရိုကိုသား တောင်ပံတိုက်စစ်သမား ဟာကင် ဇီယက်ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ တိုက်စစ်အတွက် ချယ်ဆီး အင်အားဟာ လုံလောက် ပြည့်စုံလာပေမယ့် ဂိုးတွေပေးနေရတဲ့ ချယ်ဆီး ခံစစ်ကြောင်းမှာ တိုးတက်မှုတွေ ရှိဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ထိပ်တန်း အရည်အသွေးရှိ ခံစစ်မှူးနဲ့ ဂိုးသမား တစ်ဦး ခေါ်ဖို့ ဖာဒီနန်က တိုက်တွန်းခဲ့ပါတယ်။

” ဖရန့် က သူ့အလုပ်သူ စောစောစီးစီးပဲ စထားတယ်။ သူလုပ်ထားတာ ခေါ်ယူမှုကောင်းတွေပါ။ ဝါနာနဲ့ ဇီယက်တို့လို ကစားသမားတွေက ချန်ပီယံလိဂ်မှာ ကောင်းစွာ ယှဉ်ပြိုင်နိုင်သူတွေ ဖြစ်ကြတယ်။ ဒီလို ကစားသမားတွေ ရထားတာကြောင့် ချယ်ဆီးက တစ်ဆင့် မြင့်လာမယ်လို့ ကျနော်ထင်တယ်။ နောက်ပြီး အသင်းမှာ အပြိုင်အဆိုင်တွေလည်း ရှိလာမယ်။

ဒါပေမယ့် ဆုဖလားကြီး ရယူနိုင်ဖို့ဆို တိုးတက်အောင် လုပ်ရမယ့် နေရာတွေ ရှိပါသေးတယ်။ ဒါက ဒီလိုကလပ်အသင်းကြီးမှာ လိုအပ်တဲ့ ကိစ္စတွေပါပဲ။ ကိုယ့်ဧရိယာဘက်ခြမ်းမှာ စိတ်ချအောင် စီမံနိုင်မယ့် ဗဟိုခံစစ်နဲ့ ဂိုးသမားလည်း လိုပါတယ်။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေ တတိယမြောက် ခေါ်ယူမှု အဖြစ် ကိုင်ဟာဗက်ဇ်ကို ချိတ်ဆက်နေဆဲ ဖြစ်ပြီး ကစားသမားနဲ့ သဘောတူညီမှု ရရှိပြီးကြောင်းလည်း သတင်းကောင်း ထွက်ပေါ်ထားပါတယ်။ ဟာဗက်ဇ်ကို ရပြီးရင်တော့ စတုတ္ထမြောက် အဖြစ် ဂိုးသမားသစ် ခေါ်ဖို့ လမ်းပတ်က ရှာဖွေနေပါတယ်။

Zawgyi – ယူနုိက္တက္ ကစားသမားေဟာင္းၾကီး ရီယို ဖာဒီနန္ကေတာ့ ဒီေႏြ အေျပာင္းအေရႊ႕မွာ လက္သြက္ျပီး ေစာေစာေခၚယူမႈေတြ လုပ္ထားတဲ့ နည္းျပလမ္းပတ္နဲ႕ ခ်ယ္ဆီးရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ခ်ီးက်ဴးလိုက္ျပီး ေစ်းကြက္ထဲမွာ ခ်ယ္ဆီး လုပ္ေဆာင္စရာေတြေတာ့ က်န္ရွိေနေသးေၾကာင္းပါ ေထာက္ျပမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဖာဒီနန္က ခ်ယ္ဆီး ေခၚယူထားတဲ့ ကစားသမားေတြက ခ်န္ပီယံလိဂ္ ကစားဖို႔ တန္းမွီတဲ့ ကစားသမားေကာငး္ေတြ ျဖစ္ျပီး ေနာက္ရာသီ ဆုဖလားၾကီးေတြ စိန္ေခၚဖို႔ ဆိုရင္ လန္ဒန္ကလပ္ အေနနဲ႕ ေစ်းကြက္ထဲမွာ ဂုိးသမား တစ္ဦးနဲ႕ ဗဟိုခံစစ္မွဴး တစ္ဦး ေခၚသင့္ေသးေၾကာင္း ဆိုခဲ့ပါတယ္။ ခ်ယ္ဆီးရဲ႕ ဒီရာသီ ခ်န္ပီယံလိဂ္ ခရီးဟာ ဘိုင္ယန္ျမဴးနစ္ကို ဂိုးျပတ္ရွံဳးျပီး ၁၆ သင္း အဆင့္ကေန လွည့္ျပန္ထားရပါတယ္။

လမ္းပတ္ဟာ ေနာက္ရာသီအတြက္ ဂ်ာမန္တိုက္စစ္မွဴး တီမို၀ါနာနဲ႕ မိုရိုကိုသား ေတာင္ပံတိုက္စစ္သမား ဟာကင္ ဇီယက္ကို ေခၚယူထားျပီး ျဖစ္ပါတယ္။ တိုက္စစ္အတြက္ ခ်ယ္ဆီး အင္အားဟာ လံုေလာက္ ျပည့္စံုလာေပမယ့္ ဂိုးေတြေပးေနရတဲ့ ခ်ယ္ဆီး ခံစစ္ေၾကာင္းမွာ တိုးတက္မႈေတြ ရွိဖို႔ လိုအပ္ေနပါတယ္။ ဒါေၾကာင့္ ထိပ္တန္း အရည္အေသြးရွိ ခံစစ္မွဴးနဲ႕ ဂိုးသမား တစ္ဦး ေခၚဖို႔ ဖာဒီနန္က တိုက္တြန္းခဲ့ပါတယ္။

” ဖရန္႔ က သူ႔အလုပ္သူ ေစာေစာစီးစီးပဲ စထားတယ္။ သူလုပ္ထားတာ ေခၚယူမႈေကာင္းေတြပါ။ ၀ါနာနဲ႕ ဇီယက္တို႔လို ကစားသမားေတြက ခ်န္ပီယံလိဂ္မွာ ေကာင္းစြာ ယွဥ္ျပိဳင္နုိင္သူေတြ ျဖစ္ၾကတယ္။ ဒီလို ကစားသမားေတြ ရထားတာေၾကာင့္ ခ်ယ္ဆီးက တစ္ဆင့္ ျမင့္လာမယ္လို႔ က်ေနာ္ထင္တယ္။ ေနာက္ျပီး အသင္းမွာ အျပိဳင္အဆုိင္ေတြလည္း ရွိလာမယ္။

ဒါေပမယ့္ ဆုဖလားၾကီး ရယူနုိင္ဖို႔ဆို တိုးတက္ေအာင္ လုပ္ရမယ့္ ေနရာေတြ ရွိပါေသးတယ္။ ဒါက ဒီလိုကလပ္အသင္းၾကီးမွာ လိုအပ္တဲ့ ကိစၥေတြပါပဲ။ ကိုယ့္ဧရိယာဘက္ျခမ္းမွာ စိတ္ခ်ေအာင္ စီမံနုိင္မယ့္ ဗဟိုခံစစ္နဲ႕ ဂိုးသမားလည္း လိုပါတယ္။ ” လို႔ ဖာဒီနန္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီေႏြ တတိယေျမာက္ ေခၚယူမႈ အျဖစ္ ကိုင္ဟာဗက္ဇ္ကို ခ်ိတ္ဆက္ေနဆဲ ျဖစ္ျပီး ကစားသမားနဲ႕ သေဘာတူညီမႈ ရရွိျပီးေၾကာင္းလည္း သတင္းေကာင္း ထြက္ေပၚထားပါတယ္။ ဟာဗက္ဇ္ကို ရျပီးရင္ေတာ့ စတုတၳေျမာက္ အျဖစ္ ဂိုးသမားသစ္ ေခၚဖို႔ လမ္းပတ္က ရွာေဖြေနပါတယ္။