လာမယ့် ရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကို ဟာလန်း ရမှာ မဟုတ်ဘဲ ဘယ်သူ ယူသွားမလဲ ပေါမာဆန်ကြီး ကြိုတင် ဟောကိန်းထုတ်

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဘယ်သူတွေ ရနိုင်မလဲလို့ ဂန်းနားဟောင်းကြီး ပေါမာဆန်က သုံးသပ်လာခဲ့ပါတယ်။ ဒီဆုအတွက်တော့ ဟာလန်း၊ ကိန်းနဲ့ ဆာလာတို့ပဲ အဓိက ယှဉ်ပြိုင်ကြရဦးမယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

ဟာလန်း၊ ဆာလာတို့လို ရွှေဖိနပ်ဆုရှင်ဟောင်းတွေကို ကျော်ဖြတ်ပြီး မနှစ်တုန်းက ပရီးမီးယားလိဂ် ၃၅ ပွဲ ကစားကာ ၃၆ ဂိုး သွင်းယူခြင်းနဲ့အတူ ဟာလန်းက ဂုဏ်သိက္ခာရှိ ဆုကြီးကို အနိုင်ပိုင်းခဲ့တာပါ။ ဒါပေမယ့် လာမယ့်ရာသီမှာ ဟာလန်း ထပ် မရနိုင်ဘူးလို့ ဂန်းနားဟောင်းကြီးက မြင်ပါတယ်။

‘ လာမယ့်ရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဟယ်ရီကိန်း အနိုင်ရမယ်လို့ ကျနော် ထင်ပါတယ်။ မနှစ်က ရာသီကုန်ခါနီးမှာ ဟာလန်း ဂိုးသွင်းတာတွေ ရပ်သွားခဲ့ပါတယ်။ အသင်းတွေ ဟာလန်းအကြောင်း နပ်သွားကြပြီးလား ကျနော် သေချာတော့ မပြောနိုင်ပါဘူး။

ဟယ်ရီကိန်းရဲ့ ဂိုးသွင်းမှတ်တမ်းက အံ့မခန်းပါ။ မနှစ်ကရာသီ တစ်ပွဲကို သွင်းဂိုး ၄ ဂိုးလောက် မသွင်းနိုင်တာတောင် သူက သွင်းဂိုး ၃၀ ရခဲ့ပါတယ်။ ကျနော် အမြင်မှာတော့ သူက လာမယ့်ရာသီမှာ ရွှေဖိနပ်ဆုကို အောင်မြင်နိုင်တဲ့ တိုက်စစ်မှူးပါပဲ။

နီကိုးလက်စ် ဂျက်ဆန်နဲ့ အန်ကွန်ကူတို့ ရွှေဖိနပ်ဆု အနိုင်ရဖို့ကတော့ ခက်ခဲမှာပါ။ သူတို့က ချယ်ဆီးမှာ ဘယ်လို ကစားရမယ် မသေချာသေးဘူးလေ။

ဟာလန်း၊ ကိန်းနဲ့ ဆာလာတို့ ဒီဆုအတွက် အရေးသာနိုင်တာဟာ သူတို့က ပွဲတိုင်း ကစားကြရမယ့်သူတွေ ဖြစ်နေလို့ပါ။ ဒါဝင်နဲ့ အိုက်ဆက်တို့တောင် ပွဲတိုင်း ကစားကြရမှာ မဟုတ်ပါဘူး။ အဲဗာရက်စ်ကလည်း ကစားသမားကောင်း ဆိုပေမယ့် ဒီဆုရဖို့ကတော့ ကစားခွင့်ရတိုင်း ဟက်ထရစ်ယူနိုင်မှ ရပါမယ်။

ဆာကာနဲ့ မာတင်နယ်လီတို့ မနှစ်က အရမ်း ကောင်းခဲ့ကြပေမယ့် ကိန်း၊ ဟာလန်းတို့လောက် မနီးစပ်ပါဘူး။ သွင်းဂိုး ၁၅ ဂိုးလောက် သွင်းနိုင်တာနဲ့ ရွှေဖိနပ်ဆုရမှာ မဟုတ်ပါဘူး။ ကျနော်ကတော့ ကိန်းက သူ့ပြိုင်ဘက်တွေကို ချန်ထားနိုင်မယ်လို့ ထင်မိပါတယ် ’ လို့ ပေါမာဆန်က သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။