Breaking News: သန်း ၁ဝဝ တန် ခံစစ်မှုးသစ် ခေါ်ချလိုက်ပြီ ဖြစ်တဲ့ ပက် ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီး

မန်မန်ချက်စတာ စီးတီးအသင်း ဟာ လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီအောကို ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီခဲ့ပြီဖြစ်ကြောင်း ဂျာမာန် သတင်းဌာန BILD Sport က ဖော်ပြလာပါတယ်။

လူငယ် ကစားသမား ရောင်းထုတ်မှုတွေ ပြုလုပ်နေခဲ့ပြီး ကွင်းလယ် ကစားသမား ဂွမ်ဒိုဂန်ကို အလွတ်ဖြင့် ထွက်ခွင့်ပေးထားရတဲ့ မန်စီးတီးဟာ ဒီနွေမှာ ချယ်ဆီးမှ ကိုဗာဆစ် တစ်ဦးတည်းကို ပြန်လည် ခေါ်ယူထားခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အက်သလက်တီကို မက်ဒရစ် အသင်းကို ရှုံးနိမ့်ထားတဲ့ စီးတီးဟာ လူအင်အားဖြည့်မှုတွေ လုပ်ဖို့ လိုအပ်နေတာပါ။

အသက် ၂၁ နှစ်အရွယ် နောက်ခံလူ ဂါဗာဒီအောအတွက် လိုက်ဇစ်နဲ့ မန်စီးတီးကြား ယူရို သန်း ၉၀ ဖြင့် သဘောတူညီမှု ရခဲ့ကာ ထပ်တိုးကြေးတွေနဲ့ဆိုရင် ယူရို သန်း ၁၀၀ ထိ ရောက်ရှိနိုင်ပါတယ်။

ပြောင်းရွှေ့ကြေး အဆင်ပြေသွားတဲ့နောက် ဘွန်ဒက်လီဂါကလပ်ဟာ ခြေစမ်းပွဲ လူစာရင်းကနေ ခရိုအေးရှား ခံစစ်သမားကို ထုတ်ပယ်သွားခဲ့ပါတယ်။

မန်စီးတီးဟာ အဓိက ကွင်းလယ်လူ ဘာနာတို ဆေးဗားကို အီးတီဟက်မှာ ဆက်ထိန်းနိုင်ရေး စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ မကြာခင်မှာတော့ ကန်ဆယ်လိုနဲ့ ဝေါ်ကာ အနာဂတ်တွေကို စီစဉ်မှာဖြစ်ပြီး ဟာကီမီနဲ့ ပါဗက်တို့ကို ပြန်လည် ခေါ်ယူဖို့လည်း စဉ်းစားနေပါတယ်။

ဒီနွေမှာ စီးတီး အင်အားဖြည့်မယ့် နေရာတွေက ခံစစ်အပြင် တိုက်စစ်လည်း ပါဝင်နေပြီး ဆော်ဒီလိဂ်ထံ ပြောင်းသွားတဲ့ မာရက်ဇ်နေရာ အစားထိုးဖို့ ရှာဖွေလိုနေတာပဲ ဖြစ်ပါတယ်။