ကွန်မြူနတီဒိုင်းပွဲမှာ သိပ်ကောင်းလွန်းလို့ အာတီတာ ထုတ်ဖော် ချီးကျူးခဲ့ရတဲ့ အာဆင်နယ် ကြယ်ပွင့်သစ်

တနင်္ဂနွေနေ့ညက ဝင်ဘာလေကွင်းကြီးမှာ အာဆင်နယ် အသင်းဟာ မန်ချက်စတာ စီးတီးကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်း ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နည်းပြ အာတီတာကတော့ ထိုပွဲမှာ အာဆင်နယ် တိုက်စစ်သမားသစ် ကိုင်ဟာဗက်ဇ် ရဲ့ စွမ်းဆောင်ရည် ကို အားရ ချီးကျူးသွားခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာ မန်စီးတီးက ကိုးလ် ပါးမာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီးနောက် ပွဲပြီးပြီ ထင်ခဲ့ကြပေမယ့် အာဆင်နယ် တို့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ချေပဂိုး သွင်းယူခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အပြတ်အသတ် ၄-၁ နဲ့ နိုင်သွားခဲ့တာပါ။

ဂျေးဆု မပါတဲ့ အာဆင်နယ် တိုက်စစ်မှာ ဟာဗက်ဇ် က အထူး ခြေစွမ်းပြခဲ့ပြီး ဂျာမန်သားရဲ့ စွမ်းဆောင်ရည် အပေါ် နည်းပြ အာတီတာ ကိုယ်တိုင် အံ့အားသင့် အထင်ကြီး ဖြစ်ကာ ချီးကျူးခဲ့ရပါတယ်။

ကိုင်ဟာဗက်ဇ် ခြေစွမ်းနဲ့ ပတ်သတ်ပြီး အာတီတာက ” ဟာ.. သူ (ဟာဗက်ဇ်) ခြေစွမ်းကတော့ တကယ့်ကို ရှယ်ပဲ။ သူ့ရဲ့ ပါးနပ် ထက်မြက်မှု၊ ကွင်းထဲက spaces တွေကို သေချာ နားလည်ပြီး အချိန်ကိုက် လှုပ်ရှားမှုနဲ့ ဖိအားပေး ကစားပုံတွေက သိပ်ကို ကောင်းတယ်။ ဂိုးသွင်းဖို့လည်း နေရာကောင်းမှာ အမြဲ ယူနိုင်တယ်။

ဒီပွဲမှာ ကံမကောင်းလို့သာ သူ သွင်းဂိုး မရတာပါ။ ဒါပေမယ့် သူက တကယ်ကို မာမာထန်ထန်နဲ့ ကစားသွားခဲ့လို့ အားရ ကျေနပ်မိတယ်။ ” လို့ အာတီတာက ဆိုခဲ့ပါတယ်။