ဘောလုံးရာသီသစ်ရဲ့ အဖွင့် သီတင်းပတ် Big Match ကတော့ ချယ်ဆီးနဲ့ လီဗာပူး အသင်းတို့ စတန်းဖို့ ဘရစ်ချ်မှာ ထိပ်တိုက်တွေ့တဲ့ ပွဲ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် သြဂုတ် ၁၃ ရက်၊ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဘီဘီစီရဲ့ ပင်တိုင် ကလောင်ရှင် ခရစ်ဆက်တန်ကတော့ ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ဒီပွဲက ဘာဖြစ်လာမယ်ဆိုတာ ကျနော် ခန့်မှန်းလို့ မရတဲ့ ပွဲတွေထဲက တစ်ပွဲပါ။ အထူးသဖြင့် ချယ်ဆီးကိုပေါ့လေ။ ပိုချက်တီနိုက သိပ် ကံမကောင်းဘဲ အန်ကွန်းကူ ဒဏ်ရာ ရထားပါတယ်။ ချယ်ဆီးကြည့်ရတာ ကစားသမားတွေ လက်မှတ်ထိုးဦးမယ့်ပုံ မြင်ရပါတယ်။ လီဗာပူးလည်း အတူတူပါပဲ။
ဒီနွေမှာ ချယ်ဆီးကနေ ကစားသမားတွေ ထွက်ခွာသွားတာက ပြဿနာလို့ ကျနော် မထင်ဘူး။ ဘာလို့လဲဆိုတော့ ထွက် သွားတဲ့ ကစားသမားအများစုက မနှစ်တုန်းက သူတို့အသင်းမှာ မကောင်းခဲ့ပါဘူး။
ကစားသမားကောင်းတွေ ချယ်ဆီးမှာ ရှိနေဆဲဖြစ်ပြီး မေးခွန်းကတော့ ပိုချက်တီနို သူတို့ကို ဘယ်လို အထိုင်ကျအောင် ဖန်တီးမလဲ ဖြစ်ပါတယ်။ တိုက်စစ်မှာ ဂျက်ဆန်ကို ထားပြီး လိုအပ်တဲ့ ဂိုးတွေ သွင်းနိုင်အောင် ဖန်တီးမှာပါ။
လီဗာပူးခံစစ်ကလည်း စိုးရိမ်စရာပါ။ ဘာလို့လဲဆိုတော့ သူတို့က ဂိုးတွေ ပေးထားရလိုပါပဲ။ တနင်္ဂနွေနေ့ စတမ်းဖိုဒ့်ဘရစ်ချ် က ပွဲမှာ နှစ်သင်းလုံး ဂိုးသွင်းတာကို မြင်ရပါလိမ့်မယ်။ ” လို့ ဆက်တန် က သုံးသပ် ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၃ လီဗာပူး ဖြစ်ပါတယ်။