ဒီတပတ် ပရီးမီးယားလိဂ် အဖွင့် သီတင်းပတ်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ဝုဗ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူကြီး ခရစ်ဆက်တန်ကတော့ ယူနိုက်တက်နဲ့ ဝုဗ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” လိုပတ်တီဂူ ထွက်သွားတဲ့နောက် ဝုဗ်တို့ ဘာဖြစ်နေလဲ ကျနော် မသိပါဘူး။ လိုပတ်တီဂူက ဝုဗ်မှာ မပျော်ခဲ့တာကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် သူက ပရီးမီးယားလိဂ် မစခင် ၃ ရက်လောက်မှာ ရာထူးက ထွက်ခွာသွားတာပါ။
ကလပ်နဲ့ မန်နေဂျာက တူညီတဲ့ မျက်နှာစာမှာ မရှိဘူးဆိုရင် အစောကြီးထဲက လမ်းခွဲခြင်းဟာ သူ့ရဲ့ နေရာကို အစားထိုးဖို့ ဖြစ်စေမှာပါ။ အခုတော့ တကယ်ကို ရှုပ်ထွေးကုန်ပါပြီ။ သူ့နေရာမှာ ဂယ်ရီအိုနေးက အစားဝင်မှာဖြစ်ပါတယ်။
ဝုဗ်က ကစားသမားကောင်းတွေ ရှိနေဆဲပါ။ အိုးထရတ်ဖိုဒ့်မှာ ရလဒ် တစ်ခုခု ယူဖို့တော့ လုံလောက်မှာ မဟုတ်ပါဘူး။ သူတို့မှာ သွင်းဂိုးအတွက် ပြဿနာတွေလည်း ရှိနေပါတယ်။
ဒီနွေမှာ ကောင်းမွန်တဲ့ လက်မှတ်ထိုးမှုတွေ ပြုလုပ်နိုင်ခဲ့တာမို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ အခြေအနေ ဘာဖြစ်လာမလဲ ကျနော် စိတ်ဝင်စားပါတယ်။ သူတို့ စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မယ်တော့ မထင်ပါဘူး။
ရှမိုက်ကယ်ကတော့ သူတို့အသင်း ဟွိုင်လန်းလို တိုက်စစ်သမားသစ် ရလိုက်တာကို အတော်လေး သဘော ကျနေတယ်။ သူက အတော်လေး တောက်ပလာနေပေမယ့် ဒဏ်ရာကြောင့် သီတင်းပတ် အစောပိုင်းမှာ ပါဝင်ကစားနိုင်ဖို့ မရှိပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၀ ဝုဗ် ဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ လာမယ့် သြဂုတ် ၁၅ ရက်၊ အင်္ဂါနေ့ နံနက် ၁း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။