ဒီည အာဆင်နယ်နဲ့ နော့တင်ဟမ် ဖောရက်စ် ပွဲစဉ် အတွက် ခရစ်ဆက်တန်နဲ့ ပေါမာဆန် တို့ရဲ့ သုံးသပ် ခန့်မှန်းချက်များ

အာဆင်နယ် အသင်းရဲ့ ဘောလုံးရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကတော့ နော့တင်ဟမ် ဖောရက်စ်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာပါ။ ဒီနှစ်သင်းဟာ ဒီနေ့ စနေနေ့ ညနေ မြန်မာစံတော်ချိန် ၆ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ဖောရက်စ်တို့ ပွဲစဉ် အတွက် ဘောလုံးပွဲ သုံးသပ် ဆရာကြီးတွေ ဖြစ်တဲ့ ဘီဘီစီမှ ခရစ်ဆက်တန်နဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် တို့က ကြိုတင် သုံးသပ် ခန့်မှန်းချက်တွေ ထုတ်လာခဲ့ပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန် ရဲ့ သုံးသပ် ခန့်မှန်းချက်

မနှစ်ကရာသီမှာ နော်တင်ဟမ် ဖောရက်စ်က အဆိုးရွားဆုံးသော အဝေးကွင်း ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့ ၁၉ ပွဲမှာ ၁ ပွဲပဲ အနိုင်ရပြီး ၅ ပွဲသရေကျတယ်၊ သွင်းဂိုး ၁၁ ဂိုးပဲ ရခဲ့တယ်။

စတိဗ်ကူပါက သူတို့အသင်း ပရီးမီးယားလိဂ်မှာ တန်းကျန်နေအောင် ကြိုးစားပေးနိုင်ခဲ့တယ်။ ဒီနွေမှာတော့ ၂၀၂၂ တုန်းကလို မဟုတ်ဘဲ လူစာရင်း အရမ်းကြီး မပြောင်းလဲတော့ပေမယ့် သူတို့ ခက်ခဲတဲ့ စတင်မှုကို ရင်ဆိုင်ရပါမယ်။

အာဆင်နယ်မှာ ဂျေဆု ဒဏ်ရာကြောင့် မပါနိုင်ပါဘူး။ ဒီတော့ ကိုင်ဟာဗက်ကို တိုက်စစ်မှာ ကစားစေမလား မေးခွန်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဖောရက်စ်အတွက်တော့ အာဆင်နယ်က ကောင်းလွန်းနေဆဲပါ။

အာတီတာရဲ့ အသင်းက ပရီးမီးယားလိဂ်မှာ လန်ပျံနေတဲ့ တာထွက်ကို ရလိုပါလိမ့်မယ်။ ကွန်မြူနတီဒိုင်းပွဲမှာ သူတို့ အောင်ပွဲခံတာက ထူးဆန်းတယ်လို့ မထင်ပါဘူး။ ဒီပွဲအတွက် သူတို့ ပရိသတ်တွေ လုံလောက်တဲ့ အနားယူချိန် ရကြမှာပါ။

ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၃-၀ ဖောရက်စ် ဖြစ်ပါတယ်။

ပေါမာဆန် ရဲ့ သုံးသပ် ခန့်မှန်းချက်

အာဆင်နယ်က ကိုင်ဟာဗက်၊ ဆာကာ၊ မာတင်နယ်လီ တို့ တိုက်စစ် ၃ ယောက် အတွဲနဲ့ ဒီအပတ် ပွဲထွက်လာမယ် လို့ ထင်ပါတယ်။ သူတို့မှာ ထရော့ဆက်ကလည်း ရှိတယ်။ ပွဲတွေမှာ သူတို့ကို ပေါင်းစပ် အသုံးချသွားရမှာပါပဲ။

ဒီပွဲက ဟာဗက် အတွက် ပွဲကောင်း ဖြစ်နိုင်တယ်။ နော့တင်ဟမ် ဖောရက်စ်က ခံစစ်ကို အတော် ပိတ် ကစားတာပါ။ အာဆင်နယ် အနေနဲ့ ဧရိယာထဲ ဘောလုံး ရောက်အောင် လုပ်ဖို့ လိုမယ်။ ဒီကလန်ရိုက်စ် က အာဆင်နယ်မှာ ကွင်းလယ် အထိုင် ကစားရမှာ။ ကစားသမား တစ်ယောက်ကို နေရာ တလွဲ ထား ကစားဖို့ ကြေးကြီးပေး ခေါ်ခဲ့တယ် ဆိုရင်တော့ မမိုက်ဘူးလေ။ သူက အကောင်းဆုံး ကွင်းလယ် အထိုင် ကစားသမား ဖြစ်လို့ ခေါ်လာခဲ့တာ မဟုတ်လား။

နော့တင်ဟမ် ဖောရက်စ်က ဒီရာသီ အဆင်ပြေမယ်လို့ ကျနော် ထင်တယ်။ ဒါပေမယ့် ဒါက သူတို့ ပိုင်ရှင် အပေါ်လည်း မူတည်ပါတယ်။ သူတို့က ပြီးခဲ့တဲ့ ရာသီ မန်နေဂျာ အပြောင်းအလဲတွေနဲ့ အတော် ရှုပ်သွားတယ်။ ဒီရာသီ အသင်းရဲ့ မျှော်လင့်ချက် က ဘယ်လိုလဲ ပေါ်ပဲ မူတည်ပါလိမ့်မယ်။ ဖောရက်စ်က ပရီးမီးယားလိဂ်မှာ အနည်းဆုံး နှစ်သင်းလောက် အထက်မှာတော့ ရှိပါတယ်။

ဒီပွဲက အာဆင်နယ် အတွက် ကောင်းမွန်တဲ့ အစပါ။ ဖောရက်စ်ရဲ့ ပြီးခဲ့တဲ့ရာသီ အဝေးကွင်း ပုံစံကလည်း ပျင်းစရာ ကောင်းနေတယ်။ ဒီတပတ်ကတော့ အာဆင်နယ် အနိုင်ကလွဲပြီး တခြား မမြင်ဘူး။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-ဝ နော့တင်ဟမ် ဖောရက်စ်