မန်ချက်စတာ ယူနိုက်တက် က တိုက်စစ်မှုး ကိန်းကို မခေါ်ဖြစ်ခဲ့တဲ့ အကြောင်းအချက်များ ပေါ်ထွက်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ထံ ပေါင် သန်း ၁၀၀ ဖြင့် ပြောင်းသွားခဲ့ပြီ ဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ကို စိတ်ဝင်စားခဲ့သေးပေမယ့် ကမ်းလှမ်းမှု မဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယူနိုက်တက်က ကိန်း အစား ပေါင် ၇၂ သန်းပေးပြီး အတ္တလန္တာမှ လူငယ် တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ်လ က်ရွေးစင်ဟာ ဝုဗ်နဲ့ပွဲအတွင်း မပါနိုင်သေးပေမယ့် မကြာခင်မှာ ယူနိုက်တက်အတွက် ပွဲဦးထွက်ပေးဖွယ် ရှိပါတယ်။

ကိန်းနဲ့ ဘိုင်ယန်မြူးနစ် အပြောင်းအရွှေ့ တရားဝင် ပြီးမြောက်ချိန်မှာ ယူနိုက်တက်တို့ ကမ်းလှမ်းမှု မလုပ်ရတဲ့ အဓိက ၂ ချက် ကို The Athletic က ဖော်ပြလာပါတယ်။

ဟယ်ရီကိန်းအတွက် သရဲနီတွေ ဝင်ရောက် ကမ်းလှမ်းခြင်း မလုပ်တဲ့ ပထမအချက်ကတော့ ဒီအပြောင်းအရွှေ့ ဝင် ကမ်းလှမ်းလို့လည်း အောင်မြင်ဖွယ် မရှိဘူးလို့ ယုံကြည်ထားခြင်းကြောင့် ဖြစ်ပါတယ်။

နောက်ထပ် အချက်ကတော့ ဟယ်ရီကိန်းဟာ ရွေးချယ်စရာ ရှိလာခဲ့မယ်ဆိုရင် ယူနိုက်တက်ကို ပြောင်းဖို့ထက် အင်္ဂလန် ပြင်ပထွက်ပြီး ဘိုင်ယန်မြူးနစ်ထံပဲ ပြောင်းမယ်လို့ မန်ချက်စတာ ကလပ်က ယူဆ ပါတယ်။ တန်ဟက်ရဲ့ အသင်းဟာ ဆုဖလားကြီးတွေ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေမယ် အာမခံချက် မရှိပါဘူး။

အခုဆိုရင် အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှုး ကိန်း ဟာ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်ထံ ရောက်သွားခဲ့ပြီ ဖြစ်ကာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားမှာပဲ ဖြစ်ပါတယ်။