တိုက်စစ်မှုးသစ် နီကိုးလပ်စ် ဂျက်ဆန် ရဲ့ တစ်ခုတည်းသော ပြဿနာအား ဖော်ထုတ်သွားတဲ့ ချယ်ဆီးနည်းပြ ပိုချက်

ချယ်ဆီးအသင်းနဲ့ လီဗာပူး အသင်းတို့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကတော့ မနေ့ညက စတန်းဖို့ ဘရစ်ချ်မှာ ၁-၁ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ထိုပွဲမှာ ချယ်ဆီး အတွက် ပထမဆုံး ပွဲဦးထွက်ခဲ့တဲ့ တိုက်စစ်မှုး နီကိုးလပ်စ် ဂျက်ဆန် က သွင်းဂိုး မရခဲ့ပေမယ့် တိုက်စစ် ထိုးဖောက်မှုကောင်းတွေ လုပ်ပြနိုင်ခဲ့တာ တွေ့ရပါတယ်။ နည်းပြ ပိုချက်တီနိုကတော့ ပွဲအပြီးမှာ ဂျက်ဆန် ရဲ့ ခြေစွမ်းကို အားရပေမယ့် ပြဿနာ တစ်ခုတော့ ရှိနေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ပွဲအပြီး စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ဂျက်ဆန်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ချယ်ဆီး နည်းပြ ပိုချက်တီနိုက အခုလို ဆိုခဲ့ပါတယ်။

” သူ ကောင်းကောင်း ကစားနိုင်ခဲ့တယ် လို့ ထင်ပါတယ်။ သူ ပြီးခဲ့တဲ့ရာသီ စပိန်မှာ ကစားနေတည်းက ကျနေ်ာတို့ သူ့ကို သိခဲ့တာပါ။ ကျနော်ဆိုလည်း စပိန်မှာ နေဖူးတယ်၊ အချိန်အတေ်ာကြာကြာပဲ။

သူနဲ့ ပတ်သတ်လို့ တစ်ခုတည်းသော ပြသနာက တခါတလေမှာ သူက တစ်ယောက်တည်း ထီးထီးကြီး ဖြစ်နေတာပါပဲ။ သူ့မှာ အကူအညီတွေ လိုတယ်။ သူ့ တိုက်ရည်ခိုက်ရည်ကတော့ တကယ်ကောင်းတယ်။ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး အားရစရာပဲ။ ဒါပေမယ့် အသင်းလိုက် အနေနဲ့ရော နည်းပြ အနေနဲ့ အမြင်ကတော့ သူ့ကို အနီးကပ် တွဲကစားနိုင် ကူညီပေးနိုင်မယ့် သူ လိုနေတယ်။

တခါတလေ သူက အတင်း ဝင် ကြိုးစားနေပေမယ့် တစ်ယောက်တည်း ဖြစ်နေတယ်။ ဒါက တစ်နေ့ချင်း တစ်ပတ်ချင်း တိုးတက်လာမှာပါ။ ကျနေ်ာတို့မှာ သူနဲ့ တွဲ ကစားနိုင်မယ့် အန်ကွန်းကူလည်း မပါနိုင်ဘူး ဖြစ်နေတယ်လေ။ သူတို့ အတွဲက ရာသီကြိုမှာ အတော် ကောင်းခဲ့တာပါ။

အရင်က ပလန်ကတော့ တိုက်စစ်မှာ သူတို့နှစ်ယောက် တွဲပေးဖို့ပေါ့။ အခုတော့ အန်ကွန်းကူ မပါဘဲ ကစားနိုင်အောင် လုပ်ရမယ်။ ဘောလုံးမှာက မမျှော်လင့်တာတွေ ဖြစ်လာတတ်ပါတယ်။ အကောင်းမြင်ဖို့ပါပဲ။ ” လို့ ပိုချက်တီနို က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။