ချယ်ဆီး အသင်းဟာ အိမ်ကွင်းမှာ လီဗာပူး အသင်းကို ဧည့်ခံ ကစားခဲ့ရာ သရေ ရလဒ်ကြောင့် တစ်မှတ်စီ ခွဲယူကာ ဘောလုံး ရာသီသစ်ကို စတင်ခဲ့ပြီ ဖြစ်ပါတယ်။
ဦးဆောင်ဂိုး လီဗာပူးအား အရင်ပေးခဲ့ရပေမယ့် ချယ်ဆီးက ပွဲချိန်ကြာလာတာနဲ့ အမျှ ပွဲကို စီးကစားနိုင်ခဲ့ပြီး လီဗာပူး ဘက်က ဂိုးသမား အယ်လစ်ဆန် ကာကွယ်မှုတွေ ကောင်းနေလို့သာ ဂိုးတွေ ထပ်မရခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ပိုချက်တီနို ကတော့ ပွဲကို အားရပေမယ့် ရလဒ်ကို မကျေနပ်လှဘဲ ချယ်ဆီးအသင်းက နိုင်ပွဲ ရဖို့ ထိုက်တန်ခဲ့တယ် လို့ ပွဲ အပြီးမှာ မချင့်မရဲ ဆိုခဲ့ပါတယ်။
” ပရီးမီးယားလိဂ်နဲ့ လေးနှစ် အကြာမှာ ပြန်ကြုံရတာပဲ။ ရာသီသစ်ကို စတင်ဖို့ အကောင်းဆုံး ပုံစံပါ။ ကျနော် ဒီပွဲကို အတော်ကြီး အားရပါတယ်။
ဒါပေမယ့် ပွဲရလဒ်ကတော့ မျှတတယ်လို့ ကျနော် မထင်ဘူး။ ခြုံကြည့်ရင် ကျနော်တို့က နည်းနည်း ပိုသာပါတယ်။ ကျနေ်ာတို့ ကျေနပ် အားရမှု ရှိသလို တပြိုင်နက်တည်းမှာပဲ စိတ်မကျေလည်တာလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနေ်ာတို့က ပွဲကို နိုင်ချင်ခဲ့တာ ဖြစ်ပြီး နိုင်လည်း နိုင်ဖို့ ထိုက်တန်ခဲ့တယ်လေ။ ဒါပေမယ့် ဒါက အခုမှ အစပါ။
ကျနေ်ာတို့ ဒီမှာ ကောင်းကောင်း စုဖွဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါက အရေးကြီးတာပဲ။ ဒါက ယုံကြည်မှုနဲ့လည်း ဆိုင်သွားတယ်။ တစ်ယောက် အပေါ် တစ်ယောက် ယုံကြည်မှုနဲ့ တွဲ အလုပ်လုပ်ရတာ။ ဒီလို ပထမနေ့တည်းက ချိတ်ဆက်နိုင်တာ အားရစရာပါပဲ။
ပွဲ အစောပိုင်းမှာ နည်းနည်း ခက်ခဲခဲ့ပေမယ့် ကျနေ်ာတို့ ပွဲထဲမှာ ပြန် လိုက် ကစားနိုင်ခဲ့တယ်။ ဘယ်လို ကစားရမယ် ဆိုတာ တွေ့လာခဲ့ပြီး လွှမ်းမိုး ကစားနိုင်ခဲ့တယ်။ လီဗာပူး အပေါ် ပို ပို ဖိ ကစားနိုင်ခဲ့တယ်။ ကျနော်ကတော့ အစစ အရာရာ အတော် အားရနေပါတယ်။ နေ့တိုင်းလည်း ပို တိုးတက်အောင် လုပ်သွားရမယ်။ ” လို့ နည်းပြ ပိုချက်တီနိုက ပြောဆိုခဲ့ပါတယ်။