မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ဝုဗ်နဲ့ပွဲ မတိုင်ခင်မှာ ယူနိုက်တက်ရဲ့ ဂန္တဝင် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်က လက်ရှိ အသင်းနဲ့ နည်းပြ အပေါ် အကဲဖြတ်မှု ပြုလုပ်ခဲ့ပါတယ်။
မနှစ်ကနွေမှာ ယူနိုက်တက်ကို စတင် တာဝန်ယူခဲ့တဲ့ နည်းပြတန်ဟက်ဟာ ကလပ်ကို ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် ပြန်လည် ဦးဆောင်ပေးခဲ့သူပါ။ သူဟာ ၆ နှစ်အတွင်း ပထမဆုံး ဆုဖလားကို ရယူပေးခဲ့သလို ဒီရာသီမှာ ယူနိုက်တက်ကို ပိုမို ပြိုင်ဆိုင်မှု ရှိလာစေမယ့် အသင်းအဖြစ် တည်ဆောက်လာခဲ့ပြီ ဖြစ်ပါတယ်။
မေဆန်မောင့်၊ အိုနာနာနဲ့ ဟွိုင်လန်းတို့ဟာ တိုးတက်လာဦးမယ့် အလားအလာရှိသူတွေ ဖြစ်ကြပြီး ဒီခေါ်ယူမှုဟာ အကောင်းမြင် စရာ အဖြစ် ယုံကြည်ခံနေရပါတယ်။
NBC Sports နဲ့ အင်တာဗျူးမှာ နည်းပြဟောင်းကြီး ဆာအဲလက်စ် က‘ အဲရစ် တန်ဟက်က တကယ်ကို ထူးချွန်တဲ့ အလုပ်တွေ လုပ်ထားတာပါပဲ။ သူက ကိုယ်လိုချင်တဲ့ ကစားသမားတွေကို ဆွဲထားပြီး စိတ်ကြိုက် ကစားသမားတွေ လည်း ခေါ်ထားတယ်။ ဒါက အရေးကြီးပါတယ်။
တိုက်စစ်မှူး ဟွိုင်လန်းကို ရလိုက်တာကလည်း သိပ်ကောင်းတယ်။ ဒါက ယူနိုက်တက်တို့ ကာလရှည် မရှိဘူး ဖြစ်နေတဲ့ ထိပ်တန်း အထောင်တိုက်စစ်သမား ဖြစ်လို့ပါပဲ။
သူတို့မှာ ဗာရန်းနဲ့ မာတီနက်စ်လို ထိပ်တန်း ခံစစ်သမားတွေ ရှိပါတယ်။ အဲရစ်ဆန်၊ ကာဆီမီရိုတို့ ကွင်းလယ်မှာ ရှိတယ်။ ဒါက အသင်းတစ်သင်းရဲ့ အခြေခံပဲလေ။ သူတို့ရဲ့ ဂိုးသမားသစ်က တကယ့်ကို အံဝင်ပါတယ်။ အထောင် တိုက်စစ်မှူးပါ ခပ်မြန်မြန် အံဝင်ဖို့ မျှော်လင့်ပါတယ် ’ လို့ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။