ဒီည မန်စီးတီး – ဆီဗီလာ တို့ရဲ့ စူပါကပ် ဖလားပွဲ မတိုင်ခင် ထူးခြား သတင်းများနဲ့ ပွဲကြို သုံးသပ် ခန့်မှန်ချက်

ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့တဲ့ မန်စီးတီး အသင်းဟာ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဆီဗီလာနဲ့ ဂရိနိုင်ငံ၊ အေသင်မြို့မှာ UEFA စူပါကပ် ဖလား လုဖို့ အသင့်ပြင်ဆင်ထားပြီ ဖြစ်ပါတယ်။ ဒီပွဲဟာ စီးတီး အတွက် စူပါကပ် ဖလားပွဲ ကစားရတဲ့ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ကွန်မြူနတီဒိုင်းပွဲမှာ အာဆင်နယ်ကို မနိုင်ခဲ့တာကြောင့် ဒီ စူပါကပ် ဖလားကတော့ မန်စီးတီး အတွက် ဒီရာသီ ပထမဆုံး ဆုဖလား ယူနိုင်မယ့် နောက်ထပ် အခွင့်အရေးကောင်း ဖြစ်ပါတယ်။

ပွဲချိန်

ယနေ့ည/ ကြာသပတေးနေ့ နံနက် မြန်မာစံတော်ချိန် ၁ နာရီခွဲ။

ပွဲကြို ဒဏ်ရာနဲ့ ထူးခြား သတင်းများ

ဒီပွဲမှာ မန်စီးတီးဘက်က ရူဘန်ဒီယက်စ်၊ ဂျွန်စတုန်းနဲ့ ကီဗင် ဒီဘရိုင်းတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဘန်လေနဲ့ပွဲမှာ လူစားဝင် ကစားခွင့် ရခဲ့တဲ့ ဂါဗာဒီအော ပဲ စူပါကပ်မှာ ပွဲချိန်ပြည့် ကစားခွင့် ရဖွယ် ရှိပါတယ်။ ဂရေးလစ်ချ်နဲ့ ကိုဗာဆစ် တို့လည်း နေရာ ရဖွယ် ရှိပါတယ်။

ဆီဗီလာ ဘက်မှာ စီးတီး ကစားသမားဟောင်း နာဗက်စ် ပါဝင် ကစားဖွယ် ရှိပြီး Tanguy Nianzou နဲ့ Marcao တို့တော့ ဒဏ်ရာကြောင့် လွဲချော်မှာပါ။

Head to head တွေ့ဆုံခဲ့မှု ရလဒ်များ

  • မန်စီးတီး အနိုင် – ၄ ကြိမ်
  • ဆီဗီလာ အနိုင် – မရှိ
  • သရေ ရလဒ် – မရှိ

လန်ဒန် အခြေစိုက် Evening Standard သတင်းဌာနကတော့ မန်စီးတီးနဲ့ ဆီဗီလာ တို့ ပွဲ အတွက် အခုလို ပွဲကြို သုံးသပ် ခန့်မှန်းထားပါတယ်။

ပွဲကြို သုံးသပ်ချက်

မန်စီးတီးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ သူတို့ အကောင်းဆုံး ပုံစံ မဟုတ်သေးပေမယ့် ဘန်လေကို အကောင်းဆုံး လွှမ်းမိုး ကစားနိုင်ခဲ့ပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာလည်း ပင်နယ်တီမှ ရှုံးခဲ့တာ ဖြစ်ပြီး အာဆင်နယ်ထက် ပိုကောင်းခဲ့သေးတာပါ။

ပြီးခဲ့တဲ့ ၁ဝ နှစ်တာ အတွင်းမှာ ယူရိုပါလိဂ် ချန်ပီယံတွေက စူပါကပ်ကို ယူနိုင်တာ တစ်ကြိမ်ပဲ ရှိပါတယ်။ ယူရိုပါလိဂ် ဆရာကြီး ဖြစ်နေတဲ့ ဆီဗီလာကတော့ စူပါကပ် ရှုံးပွဲတွေကို မကြာခဏ ခံစားနေကြ အသင်း ဖြစ်နေတာပါ။ ဒီ ပုံစံ အတိုင်းပဲ ဒီနှစ်လည်း ဆက်မြင်ရဖွယ် ရှိပါတယ်။

ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၂-ဝ ဆီဗီလာ။