မန်ချက်စတာ စီးတီးဟာ မနေ့ညက ဂရိနိုင်ငံ အေသင်မြို့မှာ ဆီဗီလာ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ဥရောပ စူပါဖလား ကို သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့် မန်စီးတီးဟာ ဒီ ၂၀၂၃ နှစ်ထဲမှာပဲ သူတို့ရဲ့ စတုတ္ထမြောက် ဆုဖလား ရခဲ့တာ ဖြစ်ပြီး ကလပ် အသင်း သမိုင်းမှာ ပထမဆုံး ရခဲ့တဲ့ စူပါဖလားလည်း ဖြစ်လာပါတယ်။
မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ စူပါဖလားကို ရယူနိုင်တဲ့ အပေါ် ကျေနပ်နေပြီး စီးတီးအနေနဲ့ ဖလားစုံဖို့ တစ်လုံးသာ ယူဖို့ ကျန်တော့ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။
” ကျနော် ဒီ ဖလားကို ရတာ သိပ် ကျေနပ်ပါတယ်။ အခုဆိုရင် ကျနေ်ာတို့ဆီမှာ ဖလားတွေ စုံဖို့ တစ်ခုပဲ လိုတော့တယ်။ အသင်းက ရယူသမျှ ဆုဖလားတွေ အကုန် ရပြီးပြီ။ နောက်ဆုံးကျန်တဲ့ တစ်ခုကတော့ ဒီဇင်ဘာမှာ ရလာနိုင်ပါတယ်။ ကျနေ်ာတို့ ဆော်ဒီကို သွားပြီး ကလပ် ကမ္ဘာ့ဖလား သွား ကစားရမှာပါ။ ကျနော်ကတော့ တကယ်ကို ကျေနပ် သဘောကျနေတယ်။
အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲတုန်းက နောက်ဆုံးမိနစ်မှ လမ်းကြောင်းပြောင်း ဝင်သွားတဲ့ ချေပဂိုးကြောင့် ရှုံးခဲ့ ဖလား လက်လွှတ်ခဲ့ရတယ်။
မနက်ဖြန်ကျရင်တော့ ကျနော်တို့ ခုထက်တောင် ပို ပျော်မှာပါ။ ပွဲပန်းတာကနေ ပြန်ပြီး recover လုပ်ရမယ်။ ဒါပေမယ့် အရက်တော့ ဒီတခေါက် တစ်စက်တောင် မသောက်ရဘူး။ ဂရိကနေ ပြန်လာရမှာ ဖြစ်လို့ အားလုံး ပြန် လန်းဆန်းလာအောင် လုပ်ရမယ်။ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။
မန်စီးတီးဟာ ကြားရက်မှာ ဂရိ ထိ ခရီးနှင်ပြီး စူပါဖလား ပွဲ ကစားထားရပေမယ့် လာမယ့် စနေနေ့မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။