အာဆင်နယ် အသင်းဟာ ၂၀၂၃-၂၄ ဘောလုံးရာသီကို နောတင်ဟမ်ဖောရက်စ် အား အနိုင်ကန်ပြီး အဖွင့်လှခဲ့ပြီး ဖြစ်ပါတယ်။
နည်းပြ အာတီတာ အတွက်တော့ သူ နည်းပြ အဖြစ် စတင်ခဲ့တဲ့၊ အာဆင်နယ် နည်းပြ အဖြစ် စတင် တာဝန်ယူခဲ့တဲ့ ဒီဇင်ဘာ ၂၀၁၉ တည်းက စတွက်မယ် ဆိုရင် ၇၆ ပွဲမြောက် ပရီးမီးယားလိဂ် နိုင်ပွဲလည်း ဖြစ်လာပါတယ်။
စပိန်သား နည်းပြဟာ သူ့ထက် ဝါရင့် သမ္ဘာရင့်၊ ဗျူဟာပိုင်း ဆရာကျသူ အဖြစ် နာမည်ကြီးတဲ့ ယာဂင်ကလော့ပ် ထက် ပိုများတဲ့ နိုင်ပွဲ အရေ အတွက်ကို ဒီရာသီမှာ ရသွားကာ ကျော်တက်သွားနိုင်ခြေလည်း ရှိနေပါတယ်။
အာတီတာ အာဆင်နယ် နည်းပြ စဖြစ်တဲ့ အချိန်တည်းက စ တွက်မယ်ဆိုရင် လီဗာပူးအသင်း နည်းပြ ကလော့ပ်ရဲ့ လက်ရှိအချိန်ထိ လိဂ်နိုင်ပွဲက ၈၃ ပွဲ ရှိထားပါတယ်။ ကလော့ပ်ထက် ပိုများတာကတော့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ဖြစ်ပြီး နိုင်ပွဲ ၉၉ ပွဲ ရှိထားပါတယ်။
ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ရလုနီးပါး လက်သံပြောင် ထားတဲ့ အာတီတာ အနေနဲ့ ထိုနှုန်းနဲ့ ဟန်ချက် အတိုင်းသာ ဆက်သွားမယ် ဆိုရင် လီဗာပူးနဲ့ ယိုင်နဲ့နေတဲ့ ကလော့ပ်ရဲ့ မှတ်တမ်းကို ကျော်ဖြတ်သွားနိုင်ဖို့ များနေပြီ ဖြစ်ပါတယ်။