စပါး ကစားပုံကတော့ တန်ဟက် အကြိုက်ပဲ ဆိုတဲ့ မနက်ဖြန်ည ပွဲစဉ်အတွက် ခရစ်ဆက်တန် သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်စပါးနဲ့ တွေ့မှာ ဖြစ်ပြီး အဝေးကွင်း လန်ဒန်သို့ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က စပါးနဲ့ မန်ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မနှစ်တုန်းကတော့ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းတွေဆိုရင် ရလဒ် မကောင်းပါဘူး။ ဒါပေမယ့် စပါးရဲ့ ကစားဟန်က နည်းပြ တန်ဟက် အကြိုက်ပါပဲ။

စပါးက နည်းပြသစ်လက်ထက်မှာ ထိုးဖောက်ရလွယ်ကူပါတယ်။ လန်ဒန်မှာ ဘယ်လိုကစားရမလဲ ယူနိုက်တက် ကစားသမားတွေ သိကြပါတယ်။

ဒီတလောမှာ စပါးက တိုးတက်လာပြီး ဘရန့်ဖိုဒ့်ကို ရင်ဆိုင်တုန်းက သူတို့ ဘောလုံးပိုင်ဆိုင်မှုပိုင်း လွှမ်းမိုး နိုင်ခဲ့ပါတယ်။ ကစားပုံကောင်းခဲ့တာ ရှိပါတယ်။ သူတို့ရဲ့ စနစ်ကိုတော့ သဘောကျပါတယ်။ အစွန်သမားတွေကို တိုက်စစ် လိုက်စေတာပါ။ ဒါပေမယ့် တိုက်စစ်ကတော့ အခုချိန်ထိ ကောင်းကောင်း မလုပ်နိုင်သေးပါဘူး။

စပါးအသင်းမှာ နည်းပြသစ်ရဲ့ စနစ် အလုပ်ဖြစ်ဖို့ သင့်လျော်သူတွေ ရှိနေမလား ကျနော် မသိပါဘူး။ သူကတော့ အလျော့ပေးမှာ မဟုတ်ပါဘူး။

ဝုဗ်ကို ရင်ဆိုင်တုန်းက ယူနိုက်တက်တို့ သိပ်မကောင်းခဲ့ဘူး။ ဒါပေမယ့်လို့ အရှိန်မကောင်းတာတောင် အနိုင် ၃ မှတ် တော့ ယူနိုင်ခဲ့တယ်။ ဒီပွဲကတော့ အကျိတ်အနယ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တန်ဟက်ရဲ့ အသင်းကပဲ ကပ်ပြီး အနိုင်ရသွားမယ်ထင်တယ်။

စပါးတို့ နည်းပြသစ်လက်ထက် ၂ ပွဲဆက် ရှုံးမယ်လို့ ကျနော် ခန့်မှန်းသလို ဖြစ်နေပေမယ့် သူ့ကို အချိန်ပေးရမှာပါ။ ၂ လ လောက် အချိန်ပေးလိုက်ရင် စပါးတို့ ပြန်လာမှာပါ။ အခုချိန်မှာ ယူနိုက်တက်လို ကောင်တာ ရင်ဆိုင်မယ့် အသင်းကို သူတို့ ယှဉ်ပြိုင်ရမှာကို စိုးရိမ်မိပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ စပါး ၁-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။