ဒီတပတ် ပရီးမီးယားလိဂ် ဒုတိယမြောက် သီတင်းပတ်မှာတော့ ဝက်စ်ဟမ်းနဲ့ ချယ်ဆီးတို့ ထိပ်တိုက် တွေ့တဲ့ လန်ဒန် ဒါဘီ ပွဲ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ ဝက်စ်ဟမ်းရဲ့ အိမ်ကွင်းမှာ လာမယ့် တနင်္ဂနွေနေ့ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဝက်စ်ဟမ်းနဲ့ ချယ်ဆီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ဒီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်အပေါ် ကျနော် စာနာမိပါတယ်။ အခုဆိုရင် သူတို့က ပါကွီတာ ကိုလည်း မန်စီးတီးထံ လက်လွှတ်ရဖွယ် ရှိပါတယ်။
ချယ်ဆီးက အရင်အပတ်တုန်းက လီဗာပူးကို ရင်ဆိုင်ကစားစဉ်မှာ အတော်လေး ကောင်းခဲ့ပါတယ်။ သူတို့အသင်းထံ ကိုင်ဆီဒို တန်းပြီး ဝင်လာမယ် အန်ဇိုနဲ့ တွဲဖက် ကစားမယ်ဆိုရင် ပိုတောင် ကောင်းလာဦးမှာပါ။
ချယ်ဆီးမှာ ပိုချက်တီနို ဘာလုပ်ဖို့ ကြိုးစားနေလဲ မြင်ကြရပါတယ်။ သူတို့က ပိုကောင်းတဲ့ ကစားသမားတွေနဲ့ ဝက်စ်ဟမ်းထက် ပိုကောင်းတဲ့အသင်းပါ။ အသင်းနဲ့ အံဝင်ဖို့ သူတို့ ကြိုးစားနေရဆဲ ဆိုပေမယ့် ရလဒ်က ဒါကို ထင်ဟပ်စေမှာပါ။
ဂိုး ရဖို့ကတော့ ချယ်ဆီးရဲ့ အဓိက ပြဿနာလို့ ထင်ပါတယ်။ အထူးသဖြင့် ကာလတို အနေအထားအတွက်ပေါ့။ ဂျက်ဆန်က တိုက်စစ်မှာ ကောင်းပြနေပေမယ့် သူက ချယ်ဆီးတို့ လိုအပ်တဲ့ ဂိုးတွေကို သွင်းနိုင်မှာလား?
ဝက်စ်ဟမ်းက ခံစစ်ကို အထိုင်ချ ကစားမှာပါ။ ဒါပေမယ့် သူတို့ကို ဖြိုခွင်းဖို့ ချယ်ဆီးမှာ အရည်အချင်းတွေ အများကြီး ရှိပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဝက်စ်ဟမ်း ၁-၂ ချယ်ဆီး ဖြစ်ပါတယ်။