မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ တိုက်စစ်မှုးဟောင်းကြီး ဒီမီတာ ဘာဘာတော့ဗ်ကတော့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် သုံးသပ်ဟောကိန်းထုတ်မှုတွေ ပြုလုပ်လာပြီ ဖြစ်ပါတယ်။ ဒီအပတ်မှာက ဘာဘာတော့ဗ်ရဲ့ အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ စပါးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့နေပါတယ်။
Liverpool v Bournemouth
လီဗာပူးက ချယ်ဆီးနဲ့ ပွဲမှာ သာမာန်ခြေလောက်ပါပဲ။ ဒီရာသီ ပထမဆုံး နိုင်ပွဲ ရယူဖို့ သူတို့ စိတ်ပူနေပါလိမ့်မယ်။ သူတို့မှာ တိုက်စစ်အားက သိပ်ကောင်းနေတော့ ဒီပွဲမှာ နိုင်ပွဲ ရမယ်လို့ ကျနော် ထင်တယ်။ လီဗာပူး ဒီပွဲ နိုင်မှာပါ။
Prediction: 3-0.
Spurs v Man United
ဒီပွဲက ပွဲကောင်း ဖြစ်မှာပါ၊ ကျနော်လည်း ကွင်းထဲမှာ ရှိလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်က ဝုဗ်နဲ့ ပွဲတုန်းကလိုသာ ကစားမယ် ဆိုရင် သူတို့ ရှုံးမှာပါ။ စပါးက ဘရန့်ဖို့ဒ်နဲ့ ပွဲ ကောင်းကောင်း လုပ်ပြနိုင်ပြီး ၂ ဂိုး သွင်းခဲ့တယ်။ သူတို့ ခံစစ်ကတော့ ပိုတောင့်တင်းဖို့ လိုတယ်။ ဒီပွဲမှာ သရေပဲ လွယ်လွယ်ကျသွားမယ် ထင်တယ်။
Prediction: 2-2.
Man City v Newcastle
ဒီပွဲက ပွဲကြီးပွဲကောင်းပါ။ လူတွေက နယူးကာဆယ်ကို သိပ်ကြီး အသိအမှတ် မပြုကြဘူး။ ဒီအသင်းက လုံးဝ ကြွေတက်နေတာပါ။ မန်စီးတီးကလည်း သူတို့ကို လျှော့တွက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီပွဲမှာ ဆပ်ပရိုက် ရလဒ်မျိုး ထွက်မယ် လို့ ခံစားမိနေတယ်။ ကျနော်ကတော့ သရေ ရလဒ်လို့ပဲ မှန်းချင်ပါတယ်။
Prediction: 2-2.
West Ham v Chelsea
ချယ်ဆီးက ဒီနှစ် သေချာပေါက် ကောင်းကောင်း လုပ်ပြနိုင်မှာပါ။ ဒီရာသီ သူတို့ ဖလားရသွားနိုင်တယ် လို့ ကျနော် ပြောတော့ လူတွေက အံ့သြနေကြတယ်။ ဒါပေမယ့် သူတို့ က ကစားသမားကောင်း ခေါ်ယူမှုတွေ လုပ်ထားနိုင်တယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း သူတို့ နိုင်ဖို့ပဲ မြင်နေတယ်။
Prediction: 0-2.
Crystal Palace v Arsenal
အာဆင်နယ်က ပြီးခဲ့တဲ့ ရာသီကလို ခြေမျိုး ဆက်ပြချင်နေမှာပါ။ ပြီးခဲ့တဲ့ အပတ် ကတော့ သူတို့ နည်းနည်း ကသောင်းကနင်း နိုင်ခဲ့တယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ဒါမျိုး မဖြစ်အောင် ဂရုစိုက်ရမှာပါ။ ဒီနေရာက သွား ကစားရ သိပ်လွယ်တာတော့ မဟုတ်ဘူး။ ပဲလေ့စ်က အာဆင်နယ် ကို ခက်ခဲအောင် လုပ်မယ်လို့ ကျနော် ထင်တယ်။
Prediction: 1-1.
အခြားပွဲစဉ်များ အတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ
- Nottingham Forest 2-1 Sheffield United
- Wolves 1-2 Brighton
- Fulham 1-0 Brentford
Aston Villa 2-0 Everton