ဝက်စ်ဟမ်းနဲ့ ချယ်ဆီးတို့ရဲ့ စူပါဆန်းဒေး ပွဲစဉ် အတွက် ပေါမာဆန်ကြီးရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် မှာတော့ လန်ဒန် မြို့ခံ တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံ နေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ည ၁ဝ နာရီ အချိန်မှာ ဖြစ်ပါတယ်။

ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဝက်စ်ဟမ်းနဲ့ ချယ်ဆီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ အပတ် ဘုန်းမောက်နဲ့ ပွဲမှာ ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ သူတို့ သရေ ကျသွားပေမယ့် တကယ်ကို ချေမှုန်းရခက်တဲ့ အသင်း ဖြစ်ခဲ့တယ်။

ချယ်ဆီးဘက်မှာက အန်ဇို ဖာနန်ဒက်စ်နဲ့ ကော်နာ ဂလဲဟားတို့ဟာ လီဗာပူးနဲ့ပွဲမှာ အတော် ကောင်းကောင်း ကစားခဲ့ကြတယ်။ နီကိုးလက်စ် ဂျက်ဆန်ရဲ့ သွင်းဂိုးတွေလည်း ဒီရာသီ တော်တော် မြင်ရမယ် မျှော်လင့်တယ်။

ဒါပေမယ့် ချယ်ဆီး အနေနဲ့ သက်ရောက်မှုကြီးကြီး လုပ်ပြပြီး top 4 ဝင်ဖို့ ဘန်ချေးဝဲလ်နဲ့ ရိစ် ဂျိမ်းစ် အပေါ် အတော် မူတည်နေလိမ့်မယ်။ ဒီနှစ်ယောက်လုံးက တစ်ရာသီလုံး ကြံ့ခိုင်မှု ပြည့်နေမှ ဖြစ်မယ်။

တောင်ပံ နှစ်ဘက်လုံးက ကွာလစတီကောင်းတွေ ရှိတယ်။ သူတို့က ကွင်းတစ်လျောက်လုံး ပြေးလွှားလိုက်နိုက်တယ်။ ချယ်ဆီးက ဝက်စ်ဟမ်းကို ကောင်တာကနေ အတော် ဒုက္ခပေးနိုင်မယ် လို့ ထင်တယ်။ သူတို့ ဒီပွဲကနေ ၃ မှတ် အပြည့် ယူသွားမယ်လို့ ကျနော် မျှော်လင့်တယ်။

ချယ်ဆီးက ဝက်စ်ဟမ်းကို နိုင်ပြီး နောက်အပတ် လူတန်တောင်းကိုပါ ဆက်တိုက် နိုင်မယ် ဆိုရင် သူတို့ အတွက် အတော် ခိုင်တဲ့ တာထွက်ကောင်း ဖြစ်လာမှာပါ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ ဝက်စ်ဟမ်း ၁-၂ ချယ်ဆီး ဖြစ်ပါတယ်။