မန်ချက်စတာ ယူနိုက်တက်ဟာ ၎င်းတို့ရဲ့ ဒီနွေ နံပါတ် ၁ ပစ်မှတ် ကစားသမား ဆန်ချို အရေး မရေရာ ဖြစ်လာတဲ့နောက် အခြားသော ခေါ်ယူမှုတွေဘက် ပြန်လည် အားစိုက်လိုက်ပြီး ပစ်မှတ် ကစားသမားတွေ အမျိုးမျိုး သတင်းထွက်ပေါ်လာပါတယ်။
ဆန်ချိုနေရာ အစားထိုး ပစ်မှတ် အဖြစ် ချယ်ဆီးနဲ့ အဆင်ပြေလုနီးပါး ဖြစ်တဲ့ ကိုင်း ဟာဗက်ဇ် ကို ဝင် ချိတ်ဆက်လာသလို ချယ်ဆီး ချိတ်ဆက်ထားတဲ့ လက်စတာ ကြယ်ပွင့် ခံစစ်မှူး ဘန်ချေးဝဲလ်ကိုလည်း ဝင်ခေါ်ဖို့ ပြိုင်ဆိုင်လာပြန်ပါတယ်။
အသက် ၂၃ နှစ် အရွယ် လက်စတာ ခံစစ်မှူးကို ခေါ်ယူဖို့ ချယ်ဆီးနဲ့ မန်စီးတီးတို့က အရင် ချိတ်ဆက်ဆွေးနွေးနေပြီး ပေါင် သန်း ၈၀ လက်စတာက တောင်းဆိုနေတာကြောင့် သဘောတူညီမှု မရနိုင်သေးဘဲ ရှိပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေကလည်း လက်စတာ ထံမှ ခံစစ်မှူး မက်ဂွဲရားကို ပေါင် သန်း ၈၀ ပေါ် ခေါ်ခဲ့ဖူးပြီး နောက်ထပ် အဓိက ခံစစ်မှူး တစ်ခု ထပ်ခေါ်ဖို့ ရည်ရွယ်လာခဲ့တာပါ။
အင်္ဂလန်သား ခံစစ်မှူးကို ခေါ်ယူနိုင်ဖို့ ချယ်ဆီးက အလားအလာ အကောင်းဆုံးလို့ ယူဆနေကြပေမယ့် ချယ်ဆီးက ဘန်ချေးဝဲလ် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ လောက်ထိတော့ သုံးဖို့ အလိုမရှိပါဘူး။ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ ဘယ်စွန်ခံစစ်သမားတွေ ဖြစ်တဲ့ အလွန်ဆိုနဲ့ အီမာဆန်တို့က တည်ငြိမ်မှု မရှိတာကြောင့် ဘယ်စွန် သမား တစ်ဦး ခေါ်ဖြစ်အောင် ခေါ်ယူဖို့တော့ ရှိနေပါတယ်။
ချေးဝဲလ်ကို လက်စတာက ဈေးကိုင်ထားဆဲ အခိုက်အတန့်မှာ ချယ်ဆီးက အေဂျက်မှ တဂ်လီယာဖီကို၊ အတ္တလန္တာရဲ့ ရော်ဘင်ဂိုဆန်နဲ့ ဆီဗီလာမှ ဆာဂျီယို ရီဂူလန် တို့ကို စောင့်ကြည့် မေးမြန်းနေပါတယ်။
ယူနိုက်တက်ရဲ့ လက်ရှိဦးစားပေး ဘယ်စွန် ခံစစ်မှူးက လုခ်ရှော ဖြစ်ပြီး ဘရန်ဒန် ဝီလီယံကလည်း တောက်ပလာနေပါတယ်။ ဒါပေမယ့် ဒေါင်ဒေါင်မြည် အစွန် ခံစစ်တစ်ဦး ထပ်မံ အားဖြည့်လိုနေတဲ့ နည်းပြ ဆိုးရှားက ချေးဝဲလ် ကို မျက်စိကျလာနေတယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။ ဘန်ချေးဝဲလ်ဟာ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာအသင်းမှာတော့ ပွဲထွက်စာရင်းမှာ ပထဆုံး ချရေး နေရာပေးခြင်း ခံနေရတဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ၄င္းတို႔ရဲ႕ ဒီေႏြ နံပါတ္ ၁ ပစ္မွတ္ ကစားသမား ဆန္ခ်ိဳ အေရး မေရရာ ျဖစ္လာတဲ့ေနာက္ အျခားေသာ ေခၚယူမႈေတြဘက္ ျပန္လည္ အားစိုက္လိုက္ျပီး ပစ္မွတ္ ကစားသမားေတြ အမ်ိဳးမ်ိဳး သတင္းထြက္ေပၚလာပါတယ္။
ဆန္ခ်ိဳေနရာ အစားထိုး ပစ္မွတ္ အျဖစ္ ခ်ယ္ဆီးနဲ႕ အဆင္ေျပလုနီးပါး ျဖစ္တဲ့ ကိုင္း ဟာဗက္ဇ္ ကို ၀င္ ခ်ိတ္ဆက္လာသလို ခ်ယ္ဆီး ခ်ိတ္ဆက္ထားတဲ့ လက္စတာ ၾကယ္ပြင့္ ခံစစ္မွဴး ဘန္ေခ်း၀ဲလ္ကိုလည္း ၀င္ေခၚဖို႔ ျပိဳင္ဆိုင္လာျပန္ပါတယ္။
အသက္ ၂၃ နွစ္ အရြယ္ လက္စတာ ခံစစ္မွဴးကို ေခၚယူဖို႔ ခ်ယ္ဆီးနဲ႕ မန္စီးတီးတို႔က အရင္ ခ်ိတ္ဆက္ေဆြးေႏြးေနျပီး ေပါင္ သန္း ၈၀ လက္စတာက ေတာင္းဆိုေနတာေၾကာင့္ သေဘာတူညီမႈ မရနုိင္ေသးဘဲ ရွိပါတယ္။ ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ေႏြကလည္း လက္စတာ ထံမွ ခံစစ္မွဴး မက္ဂြဲရားကို ေပါင္ သန္း ၈၀ ေပၚ ေခၚခဲ့ဖူးျပီး ေနာက္ထပ္ အဓိက ခံစစ္မွဴး တစ္ခု ထပ္ေခၚဖို႔ ရည္ရြယ္လာခဲ့တာပါ။
အဂၤလန္သား ခံစစ္မွဴးကို ေခၚယူနိုင္ဖို႔ ခ်ယ္ဆီးက အလားအလာ အေကာင္းဆံုးလို႔ ယူဆေနၾကေပမယ့္ ခ်ယ္ဆီးက ဘန္ေခ်း၀ဲလ္ အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၈၀ ေလာက္ထိေတာ့ သံုးဖို႔ အလိုမရွိပါဘူး။ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ ဘယ္စြန္ခံစစ္သမားေတြ ျဖစ္တဲ့ အလြန္ဆိုနဲ႕ အီမာဆန္တို႔က တည္ျငိမ္မႈ မရွိတာေၾကာင့္ ဘယ္စြန္ သမား တစ္ဦး ေခၚျဖစ္ေအာင္ ေခၚယူဖို႔ေတာ့ ရွိေနပါတယ္။
ေခ်း၀ဲလ္ကုိ လက္စတာက ေစ်းကိုင္ထားဆဲ အခိုက္အတန္႔မွာ ခ်ယ္ဆီးက ေအဂ်က္မွ တဂ္လီယာဖီကို၊ အတၱလႏၱာရဲ႕ ေရာ္ဘင္ဂိုဆန္နဲ႕ ဆီဗီလာမွ ဆာဂ်ီယို ရီဂူလန္ တို႔ကို ေစာင့္ၾကည့္ ေမးျမန္း္ေနပါတယ္။
ယူနိုက္တက္ရဲ႕ လက္ရွိဦးစားေပး ဘယ္စြန္ ခံစစ္မွဴးက လုခ္ေရွာ ျဖစ္ျပီး ဘရန္ဒန္ ၀ီလီယံကလည္း ေတာက္ပလာေနပါတယ္။ ဒါေပမယ့္ ေဒါင္ေဒါင္ျမည္ အစြန္ ခံစစ္တစ္ဦး ထပ္မံ အားျဖည့္လိုေနတဲ့ နည္းျပ ဆိုးရွားက ေခ်း၀ဲလ္ ကို မ်က္စိက်လာေနတယ္လို႔ ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပထားပါတယ္။ ဘန္ေခ်း၀ဲလ္ဟာ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ လက္စတာအသင္းမွာေတာ့ ပြဲထြက္စာရင္းမွာ ပထဆံုး ခ်ေရး ေနရာေပးျခင္း ခံေနရတဲ့ အဓိက ကစားသမား တစ္ဦး ျဖစ္ပါတယ္။