မန်ချက်စတာ ယူနိုက်တက်ရဲ့ စပါးကို ရှုံးတဲ့ပွဲ အပြီးမှာ သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ ကွင်းလယ် အတွက် အကြံပေးမှုတွေ ပြုလုပ်လာပါတယ်။
နဗီးလ်ကတော့ လူ ထပ် မခေါ်နိုင်သေးရင် ငွေ တစ်ပြားမှာ အကုန်ခံစရာ မလိုဘဲ လက်ရှိ အမေ့လျော့ခံ ကွင်းလယ်သမား တစ်ဦးကို ထည့်သုံးဖို့ ပြောဆိုလာတာပါ။
ဂယ်ရီနဗီးလ်က ” မေဆန်မောင့် ရဲ့ ယူနိုက်တက်နဲ့ ပွဲဦးထွက် နှစ်ပွဲကတော့ မဟန်ဘူး။ သူ ရုန်းကန်နေရတယ်။ စပါးနဲ့ ပွဲမှာဆို ကွင်းထဲမှာကို ပျော်ကနေခဲ့တာ။ မန်ချက်စတာ ယူနိုက်တက်ဟာ ကွင်းလယ်မှာ စပါးက ဆားနဲ့ မက်ဒီဆန် လွှမ်းမိုးတာ ခံနေခဲ့ရတယ်။
အခုက ဘောလုံးရာသီရဲ့ အစောပိုင်း ကာလပဲ ရှိသေးတယ်။ တစ်ခု နှစ်ခု အလုပ် မဖြစ်ရုံနဲ့ သိပ်ကြီး အိုဗာ လုပ်နေစရာ မလိုသေးဘူး။ တစ်ခု သေချာတာကတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ဟာ အားဖြည့်ဖို့ လိုတယ်။
အခု အခြေအနေ အရတော့ အဲရစ်တန်ဟက်က စကော့ မက် တော်မီနေးဆီ ပြန်ဦးလှည့်သွားလောက်တယ်။ သူ့ကို ပြန် နေရာပေးလာနိုင်တယ်။ ဒီနေ့ မလုပ်ခဲ့တာက သူ လူစားလဲတာ ၅ ယောက် ရှိသွားပြီ။ ကြည့်ရတာ အသင်းကနေ သူ့ကို ထွက်သွားအောင် လုပ်ပြီး တခြားလူ ထပ်ခေါ်ချင်လို့ ထင်တယ်။
အသင်းပိုင်ရှင်တွေကတော့ ကစားသမားတွေ ထပ် မရှင်းနိုင်ရင် ငွေထပ် မထုတ်နိုင်ဘူး ပြောပြီးသား။ မက်ဂွဲရားကလည်း မထွက်ဘူး လုပ်နေတယ်၊ တော်မီနေးလည်း အလားတူ ဖြစ်ဖို့ပဲ။ ဒီတလောကတော့ လွယ်ကူမှာ မဟုတ်ဘူး။ ဒါ သေချာပါတယ်။
မက် တော်မီနေး အနေနဲ့လည်း အခုက ငါ့အတွက် အချိန်ကောင်းပဲ လို့ တစ်နေရာရာ မှာ ထိုင်တွေးနေလောက်ပြီ။ ပြိုင်ဘက် ကစားကွက်ကို ဖြိုခွဲဖို့ သူ လုပ်နိုင်တယ်။
ပရိသတ်တွေက ပြီးခဲ့တဲ့ နှစ်တွေ အတွင်း တော်မီနေး ကစားတာကို လုံလောက်အောင် ကြည့်ဖူးပြီးသားပါ။ သူက ဘောလုံးနဲ့ အတူ ကစားတာ မကောင်းပေမယ့် လက်ရှိ အသင်း လိုအပ်နေတာ၊ လက်ရှိ အခြေအနေကို ဖြည့်ဆည်း ပေးနိုင်တာက သူ လုပ်နိုင်တာနဲ့ ကွက်တိပဲ။ ” လို့ ထောက်ပြ အကြံပေးခဲ့ပါတယ်။