ချယ်ဆီး မရှုမလှ ရှုံးသွားတာ ပိုချက်တီနို အမှားကြောင့် လို့ လက်ညှိုးထိုးလိုက်တဲ့ နောက်ခံလူဟောင်းကြီး

မနေ့ညကပွဲမှာ ချယ်ဆီးက ဝက်စ်ဟမ်းကို ၃-၁ ဖြင့် အရေးနိမ့်ခဲ့ခြင်းဟာ ပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်း အမှားကြောင့် လို့ ချယ်ဆီး ကစားသမားဟောင်း အက်ရှလေကိုးလ်က တထစ်ချ ယုံကြည်နေပါတယ်။

ကွင်းလယ်လူ ချုကွာမီကာက ပထမပိုင်းမှာ သူ့ရဲ့ ချယ်ဆီး ကစားသမားဘဝ ပထမဆုံး သွင်းဂိုးဖြင့် ခြေပဂိုး ရယူ ပေးခဲ့ပါတယ်။

ဒါပေမယ့် ချူူူကူမီကာ နာသွားပြီး ဒုတိယပိုင်းမှာ မူဒရစ်နဲ့ လူစားလဲခဲ့တာက ပိုချက်တီနိုရဲ့ အမှားတစ်ခုအဖြစ် ကိုးလ်က ဝေဖန်ခဲ့တာပါ။

‘ ချူကွာမီကာ ထွက်ပြီး မူဒရစ် ဝင်လာတဲ့ လူစားလဲမှုက ပြဿနာတစ်ခုပါ။ ဒီပွဲအတွက် တွန်းအား အနည်းငယ်ကို သူတို့ ဆုံးရှုံးသွားခဲ့တယ်။ ညာအစွန်နဲ့ ခံစစ်မှူးကြား ပြေးလွှားပေးမယ့်သူ မရှိတော့တာက ဝက်စ်ဟမ်းအတွက် လွယ်ကူသွားစေခဲ့တယ်။

ဒီလူစားလဲမှုကို ဘာကြောင့်လုပ်ရတယ်ဆိုတာ ပိုချက်တီနို နားလည်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်ကတော့ အသင်းကို မောင်းနှင်နိုင်စွမ်း ကျဆင်းစေပြီး ဝက်စ်ဟမ်းတို့ ပြဿနာပေးလာတာကို ခံရတော့တာလို့ ခံစားမိတယ်။

သူတို့မှာ ကစားအား ကျသွားသလို ထိုးဖောက်မှုတွေကို မထိန်းနိုင်တော့ပါဘူး။ ချယ်ဆီးတို့ ဒီပွဲမှာ တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ပထမပိုင်းတုန်းကလို ဖိအားပေး ကစားနိုင်မယ် မျှော်လင့်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး ’ လို့ အက်ရှလေကိုးလ်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ကိုင်ဆီဒိုရဲ့ အမှားကလည်း ချယ်ဆီးအပေါ် သက်ရောက်မှု ရှိခဲ့ပြီး ဝက်စ်ဟမ်းက အန်တိုနီယို၊ ပါကွီတာတို့ရဲ့ သွင်းဂိုးတွေဖြင့် ဂိုးပြတ် အနိုင်ယူသွားတာပဲ ဖြစ်ပါတယ်။