ချယ်ဆီး စံချိန်တင်ကြေး ပေး ခေါ်ခဲ့တဲ့ အန်ဇို၊ ကိုင်ဆီဒိုနဲ့ပတ်သတ်ပြီး ဒီကလန်ရိုက်စ် ဘာပြောသလဲ

ဒီနွေမှာ အာဆင်နယ် အသင်းထံ ကလပ်စံချိန်တင်ကြေး ပေါင် ၁ဝ၅ သန်းနဲ့ ရောက်ရှိခဲ့တဲ့ ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအကြီးဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးက ရှိမနေပါဘူး။

ဂရီလစ်ချ်အတွက် မန်စီးတီး ပေါင် သန်း ၁၀၀ ပေး ခေါ်ယူပြီး ယခင်က စံချိန်တင်ထားပေမယ့် ချယ်ဆီးတို့က အန်ဇို ဖာနန်ဒက်စ်ကို ပေါင် ၁၀ဝ၇ သန်းနဲ့ ပေးပြီး စံချိန်ချိုးဖျက် ခေါ်ယူထားတာပါ။ မကြာသေးခင်ကပဲ သူတို့ အားလုံးကို ကိုင်ဆီဒိုက ပေါင် ၁၁၅ သန်းဖြင့် ကျော်ဖြတ်သွားပြီ ဖြစ်ပါတယ်။

ကိုင်ဆီဒို အပြောင်းအရွှေ့ကြောင့် ပရီးမီးယားလိဂ်ရဲ့ ဈေးအကြီးဆုံး ကစားသမား စာရင်းရဲ့ ထိပ်ဆုံး ၂ နေရာမှာ ရှိမနေတော့တဲ့ အပေါ် ဒီကလန်ရိုက်စ်က ‘ ကျနော်က ဇယားပေါ်မှာ ၂ ပတ်လောက်ပဲ ခံလိုက်တယ်ဗျာ။ ချက်ခြင်း ပြန်ဆင်းလိုက်ရတယ် ’ လို့ ရယ်ရယ်မောမော ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရိုက်စ်ဟာ အာဆင်နယ်အတွက် ၂ ပွဲပဲ ကစားပေးရသေးတာမို့ သူရဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ဆက်ပြီး ပြသလိုကြောင်း ပြောပါသေးတယ်။

မနေ့ညက ပရီးမီးယားလိဂ် နောက်ကျပွဲမှာတော့ အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်အား ၁-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။ ပဲလေစ့်နိုင်ပွဲနဲ့ ပတ်သက်လို့လည်း ရိုက်စ်က –

‘ ရာသီကုန်လို့ ဇယားထိပ်မှာ ရှိနေလိုတယ်ဆိုရင် ပုံစံကောင်းတွေနဲ့ အနိုင် ၃ မှတ်ယူလိုမှုကို ပြသရမှာပါပဲ။ ပဲလေစ့် ကွင်းမှာ ကျနော်တို့ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ၁၀ ယောက်ကျန် အခြေအနေမှာ ၃ မှတ်ရဖို့ ကျနော်တို့ အသဲအသန် အားထုတ်နိုင်ခဲ့ပါတယ် ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ့ ကလပ် ၃ သင်းထဲက တစ်သင်းဖြစ်ပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။