အာတီတာနဲ့ အီဒူး အသုံးစရိတ် ပိုရအောင် ဖန်ပေးသွားခဲ့တဲ့ အာဆင်နယ် ကစားသမားဟောင်း

အာဆင်နယ် အသင်းဟာ ဒီတလောမှာ ဂန်းနားဟောင်း တစ်ဦး ပရီးမီးယားလိဂ် ပြန် ပြောင်းရွှေ့လာတာကြောင့် အလိုလိုနေရင်း ယူရို ၂ သန်း အမြတ်ထွက် ငွေဝင်လာဦးမှာ ဖြစ်ပါတယ်။

အာဆင်နယ် နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ ကွန်စတန်တီနို မာဗရွန်ပါနိုစ် ဟာ မနေ့ကပဲ ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း အသင်းထံ ပြောင်းရွှေ့ ရောက်ရှိလာပါတယ်။

အသက် ၂၅ နှစ် ရှိပြီ ဖြစ်တဲ့ ကွန်စတန်တီနိုဟာ အာဆင်နယ်မှာ ၂၀၁၈ ကနေ ၂၀၂၂ ထိ ကစားသွားသူ ဖြစ်ပါတယ်။

၂၀၂၂ နွေမှာတော့ စတုဂတ် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး ၎င်းကို ရောင်းချစဉ် အာဆင်နယ်က အနာဂတ် ရောင်းချမှုတွေကနေ ပြောင်းရွှေ့ကြေးရဲ့ ၁၀% ယူဖို့ sell-on clause ထည့် ချုပ်ခဲ့ပါတယ်။

ဒီနွေမှာတော့ ကွန်စတန်တီနို ဟာ ဝက်စ်ဟမ်းထံ ယူရို သန်း ၂ဝ + ထပ်ဆောင်းကြေး ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အာဆင်နယ်က ယူရို ၂ သန်း အလိုလို ရရှိတော့မှာပါ။

အာတီတာနဲ့ အီဒူး အတွက်တော့ အသုံးစရိတ်ထဲ ယူရို ၂ သန်း ပိုရသွားတာ ဖြစ်ပြီး ဈေးကွက် မပိတ်ခင် ဘယ်လို ခေါ်ယူမှုတွေ ထပ်လုပ်နိုင်ဦးမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။