အာတီတာ ခေါ်ချလာတဲ့ ဂျင်း ကစားသမားကြောင့် အာဆင်နယ် အသင်းသား ၂ ဦး စိတ်ပျက်ရမယ် လို့ အဘွန်လဟော သုံးသပ် ထောက်ပြ

အာဆင်နယ် ဒီနွေမှာ ခေါ်ယူခဲ့တဲ့ တိုက်စစ်သမား ကိုင်ဟာဗက် ဟာ ရှယ် ဂျင်း ကစားသမာ တစ်ဦး ဖြစ်လာမယ် လို့ ပရီးမီးယားလိဂ်နဲ့ အက်စတွန်ဗီလာ ဝါရင့် တိုက်စစ်မှုးဟောင်းကြီး အဘွန်လဟောက ထင်မြင် ယူနေပါတယ်။

ပြီးခဲ့တဲ့နှစ်တွေ အတွင်း ချယ်ဆီးမှာ သိပ် မထွန်းပေါက်လှတဲ့ ကိုင်ဟာဗက် လို ကစားသမားကို အာတီတာက ပြောင်းရွှေ့ကြေး မြင့်မြင့်နဲ့ ခေါ်ယူလိုက်တော့ အားလုံးက အံ့အားသင့်ခဲ့ကြပါတယ်။ ဟာဗက်ဟာ ဒီရာသီ အာဆင်နယ်ရဲ့ ပရီးမီယားလိဂ် ၂ ပွဲလုံး ပွဲထွက် ကစာထားပါတယ်။

အခြား အာဆင်နယ် တိုက်စစ်သမားတွေ ဖြစ်တဲ့ စမစ်ရိုးနဲ့ ထရော့ဆက်တို့ဟာ ဟာဗက်နောက်မှာသာ ကျန်နေပြီး ပွဲထွက်ခွင့် အတွက် ရုန်းကန်နေရတာပါ။

ဟာဗက် ခြေစွမ်းကို ကြည့်ပြီး ဒီနှစ်ယောက်လည်း အတော် မကျေမနပ် ဖြစ်နေမယ်လို့ အဘွန်လဟောက ယူဆထားပါတယ်။

အဘွန်လဟော က ” ဟာဗက်က ဒီရာသီအတွက် ဂျင်း ကစားသမား တစ်ယောက် ဖြစ်လာတော့မယ် လို့ ကျနော် ထင်နေတယ်။ ပေါင် ၆၅ သန်း ပေးထားရရင် ကွင်းထဲမှာ တကယ်ကို ဘော့စ် တစ်ယောက်လို လွှမ်းမိုးနိုင်တဲ့၊ ဂိုးတွေ သွင်းနိုင်တဲ့သူ ရမယ်လို့ မျှော်လင့်ကြမှာပဲ။

ဒီလို ဖြစ်မလာတဲ့ အပြင် သူက တခြား ကစားသမားတွေကို လမ်းပိတ်နေတယ်။ အသင်းသားတွေ နေရာလွတ်တွေ ရှာရ ပိုခက်စေတယ်။ သွက်ကလည်း မသွက်ဘူး။ သူက နာမည်ကောင်း ရပြီးသား ဂိုးသွင်းမုဆိုးလည်း မဟုတ်ဘူး။ ဘောလုံးကို ရယူတာ၊ လှည့်ထွက်တာ တော်တဲ့သူ လည်း မဟုတ်ပြန်ဘူး။

ကျနော်သာ စမစ် ရိုးတို့ ထရော့ဆတ် တို့ ဆိုရင် နည်းပြ ကို သွားပြောနေပြီ။ ခင်ဗျား ပေါင် ၆၅ သန်း သုံးပြီး သူ့ကို ခေါ်ခဲ့တယ် ဆိုတာတော့ ဟုတ်တယ်၊ ဒါပေမယ့် ကျနေ်ာတို့ကို အခွင့်အရေး ပေးသင့်တယ် မထင်ဘူးလားလို့ သွား မေးမိမှာ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။