ဒီတပတ် ပွဲမတိုင်ခင်မှာ ဒဏ်ရာ ရ ကစားသမား ၉ ဦး ထိ ရှိလာနေတဲ့ ချယ်ဆီးအသင်း

ဒီအပတ်မှာ ယှဉ်ပြိုင်ရမယ့် လူတန်တောင်း နဲ့ ပရီးမီးယားလိဂ် ပွဲ မတိုင်ခင်မှာ ချယ်ဆီးအသင်းရဲ့ တိုက်စစ်သမား မူဒရစ် ဒဏ်ရာ ရသွားခဲ့တယ်လို့ သိရပါတယ်။

ဒီရာသီ စတင်လာခဲ့ကတည်းက ချယ်ဆီး စီနီယာကစားသမား အများအပြားဟာ ဒဏ်ရာတွေ ရလာနေခဲ့တာဖြစ်ပြီး ဒီအပတ် ပရီးမီးယားလိဂ်ပွဲကို အသင်းသား ၉ ဦးက ဒဏ်ရာကြောင့် လွဲချော်သွားမှာ ဖြစ်ပါတယ်။

နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်းမှ ဒဏ်ရာ ရ ကစားသမားတွေရဲ့ အခြေအနေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ချာလိုဘတ် – ကြံ့ခိုင်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ အရမ်းတော့ မကြာတော့ပါဘူး။

ချူကွာမီကာ – ဒဏ်ရာ ခွဲစိတ်ရာကနေ ပြန်သက်သာလာအောင် ကြိုးစားနေပြီး ၆ ပတ်လောက်တော့ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

ရိစ်ဂျိမ်း – လီဗာပူးနဲ့ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ ရိစ်ဂျိမ်းဟာ ၄ ပတ်ဝန်းကျင် နားရမှာဖြစ်ကာ နိုင်ငံတကာ သီတင်းပတ် အပြီး ပြန် ကစားနိုင်ဖွယ် ရှိပါတယ်။

အန်ကွန်းကူ – ဒဏ်ရာက ပြန်သက်သာလာဖို့ ကြိုးစားနေပေမယ့် ပထမရာသီဝက်ကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။

မူဒရစ် – ဒီအပတ် လေ့ကျင့်ရေးမှာ မူဒရစ် ဒဏ်ရာရသွားခဲ့ပါတယ်။ အခြေအနေ မပြင်းထန်ဘူးလို့ ယူဆရပါတယ်။

ဖိုဖာနာ – ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေမှုဟာ အစောပိုင်း အခြေအနေမှာပဲ ရှိပါသေးတယ်။ သူဟာ ဒီတစ်ရာသီလုံး နည်းပါး ချယ်ဆီးအတွက် ပွဲထွက်နိုင်ဖွယ် မရှိပါဘူး။

ဘတ်ဒီရာရှိုင်း – ပြန်လည် ထူထောင်ရေး ပရိုဂရမ်တွေ စတင်နေရာမှာ ပွဲပြန်ကစားနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နေပါပြီ။

ဘာတင်နယ်လီ – ပြန်လည် ထူထောင်ရေး ပရိုဂရမ်တွေ စတင်နိုင်ဖို့ ကြိုးစားနေဆဲပါ။

ဘရိုဂျာ – ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ စတင်နေရာမှာ ပွဲပြန်ကစားဖို့ နီးစပ်နေပါပြီ။