ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ အစောပိုင်းပွဲစဉ် အဖြစ် ဒီနေ့ သောကြာနေ့ည ၁နာရီခွဲ အချိန်မှာပဲ လူတန်တောင်းအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပြီး စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ချယ်ဆီးနဲ့ လူတန်တောင်း အသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ၂ပွဲ ၆ မှတ်စာ၊ ကစားပြီးချိန်မှာ ချယ်ဆီးက ၁ မှတ်ပဲ ရထားတယ်။ ဒါပေမယ့် ပိုချက်တီနို ကိုင်တွယ်မှုမှာ သူတို့က နည်းနည်းတော့ သဟဇာတ ဖြစ်ပုံ ရပါတယ်။
စတာလင်က လွတ်လွတ်လပ်လပ် ပြန်ကစားခွင့်ရလာပြီး ပြုံးပျော်လာနေတယ်။ မနှစ်ကတော့ အတော်လေး ပျော်ရွှင်မှု ကင်းမဲ့တဲ့ ကလပ် ဖြစ်နေခဲ့တာပါ။
တဖက်မှာ လူတန်တောင်း ကတော့ အတော်လေး ရုန်းကန်နေရတယ်။ ဘောလုံးရာသီရှည် ဆက်သွားရမှာဖြစ်ပြီး ချယ်ဆီးကို ရင်ဆိုင်ရမှာ သူတို့ ဂိုး သွင်းနိုင်မယ် မထင်ပါဘူး။
လူတန်က ဘရိုက်တန်ကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားပေမယ့် ၄-၁ ရလဒ်ဖြင့် အရေးနိမ့်ခဲ့တယ်။ သူတို့က ခံစစ်ကစားဖို့ထက် ခြိမ်းခြောက်နိုင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။
လူတန်တောင်း အတွက် ချယ်ဆီးက တောင့်တင်းလွန်းပါတယ်။ ပိုချက်တီနိုတို့ အနိုင်ရမှာပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၃-ဝ လူတန်တောင်း ဖြစ်ပါတယ်။