အခြေနေ မကောင်းလှတဲ့ ချယ်ဆီးက တန်းတက် လူတန်တောင်းကို ဘယ်လို ကန်မလဲ ပေါမာဆန်ကြီးရဲ့ သုံးသပ် ခန့်မှန်းချက်

ချယ်ဆီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ တန်းတက် လူတန်တောင်း အသင်းနဲ့ တွေ့ဆုံနေပြီး စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ ဒီနေ့ သောကြာနေ့ည ၁နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။

ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ပေါမာဆန်ကတော့ ချယ်ဆီး – လူတန်တောင်း ပွဲ အတွက် ခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန်က ” ဒီပွဲက ချယ်ဆီးအတွက် ပွဲကောင်းပါပဲ။ သူတို့ ၂ ပွဲ ကစားထားပြီး ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဒီပွဲကတော့ သူတို့ ပြန်ရုန်းထဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။

ပွဲအစ ခက်ခဲနိုင်ပေမယ့် ချယ်ဆီးတို့ အဖွင့်ဂိုး ရလိုက်တာနဲ့ နောက်ထပ် ဂိုးတွေ ခပ်မြန်မြန်ရရှိမှာပါ။ ဘရိုက်တန်က လူတန်ကို ရင်ဆိုင်ခဲ့တုန်းကလိုပေါ့။

လတ်တလော မှာ ချယ်ဆီးက အခြေအနေ သိပ်ပြီး ကောင်းမနေပါဘူး။ ဝက်စ်ဟမ်းနဲ့ပွဲမှာ မူဒရစ် ရုန်းကန်နေရတာကို ကျနော်တို့ မြင်ခဲ့ပါတယ်။ အဖွင့် လီဗာပူးပွဲမှာတုန်းက ချယ်ဆီးက အတော်လေး ကောင်းပါတယ်။ ဝက်စ်ဟမ်းတို့ ခံစစ်ကို အထိုင် ကစားချိန်မှာတော့ ပိုချက်တီနိုရဲ့ အသင်း ရုန်းကန်ခဲ့ရတယ်။

ကိုင်ဆီဒိုက ချယ်ဆီးထံ ရောက်ရှိသွားပါပြီ။ အားလုံးက သူဖြစ်ခဲ့တဲ့ အခြေအနေကိုပဲ ပြောနေကြတယ်။ အသင်းကြီး တစ်သင်းကို ရောက်လာရင် လူတိုင်းက အဲ့လိုပဲ ပြောကြမှာပါ။ ဘရိုက်တန်မှာ ကစားပြီး ပင်နယ်တီ ပေးခံရလို့ ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ကိုင်ဆီဒိုက အသုံးဝင်လာမှာပါ။

အိမ်ကွင်းမှာဆိုရင် လူတန်တောင်းက ခြိမ်းခြောက်နိုင်လောက်ပေမယ့် ဒါက အဝေးကွင်းပွဲစဉ် ဖြစ်ပါတယ်။ သူတို့ ခံစစ်ကို အာရုံစိုက်ပြီး တည်ကန်ဘောတွေကနေ ဂိုးရဖို့ ပြင်ဆင်ထားရမှာပါ။ ဒီပွဲက ကြည့်ပျော်တဲ့ပွဲတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ချယ်ဆီးတို့ ဒီပွဲကို အရေးနိမ့်သွားရင် အချက်ပေးသံတွေ ဆူညံသွားမှာပါ။

ချယ်ဆီးက ဝက်စ်ဟမ်းထက် ပိုကောင်းတဲ့ ကစားသမားနဲ့ ပိုကောင်းတဲ့ အသင်း ရှိပါတယ်။ ဒါပေမယ့် ရှုံးခဲ့တာပဲလေ။ လူတန်တောင်က သူတို့ကို ဒုက္ခပေးမှာဖြစ်ပေမယ့် ဒီပွဲကို နိုင်မယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ် ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၃-၀ လူတန်တောင်း ဖြစ်ပါတယ်။