မန်ချက်စတာ ယူနိုက်တက်က ပျော့လွန်းတယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ဖောရက်စ်နဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ နော့တင်ဟမ် ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံရမှာပါ။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန် ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲ မတိုင်ခင်မှာပဲ မေဆန်မောင့်နဲ့ လုခ်ရှောတော့ သီတင်းပတ် အနည်းငယ်စီ နားရမယ့် ဒဏ်ရာ သတင်းတွေ ရှိနေပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ ဖောရက်စ် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်ချက်စတာ ယူနိုက်တက် က ပျော့ညံ့လွန်းနေပြီး ခံစစ်ပိုင်း အားနည်းမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် မနှစ်က ရာသီတုန်းက ဖောရက်စ်ရဲ့ အဝေးကွင်း စွမ်းဆောင်ရည် မကောင်းပါဘူး။ သူတို့ရဲ့ အဓိက ကစားသမား ဘရီနာ ဂျွန်ဆင်က စပါးကို ရောက်မယ်လို့ သတင်းထွက်နေတာပါ။

ယူနိုက်တက်က ဒီရာသီမှာ ဆိုးရွားတဲ့ တာထွက်မှုကို ပိုင်ဆိုင်နေတာတောင် သူတို့ ဝုဗ်ကိုတော့ အနိုင်ရခဲ့ပါတယ်။ ဒီတော့ ဒီပွဲကို အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၃-၁ ဖောရက်စ် ဖြစ်ပါတယ်။