အာဆင်နယ် အသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ လန်ဒန်မြို့ခံ တစ်သင်းပဲ ဖြစ်တဲ့ ဖူလ်ဟမ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ ဒီနေ့ စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်က အာဆင်နယ်နဲ့ ဖူလ်ဟမ်တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။
” ပဲလေစ့်ပွဲမှာ အန်ကတ်တီးရား အခွင့်အရေး ရခဲ့ပြီး အကောင်းဆုံး ကစားပြခဲ့တယ်။ သူ့ရဲ့ ပုံသဏ္ဍန်က ကျနော့် အတွက် အီရန်ရိုက်ကိုတောင် အမှတ်ရစေပါတယ်။ ဒါပေမယ့် အန်ကတ်တီးရား အခွင့်အရေး လွဲချော်ခဲ့တာမျိုးဟာ အာဆင်နယ်မှာ ထပ်ဖြစ်လို့ မရပါဘူး။
ဖူလ်ဟမ်က ဒီပွဲကို ကျစ်ကျစ်လစ်လစ် ကစားမှာပါ။ သူတို့အတွက် ခက်ခဲမှာပါ။ ဒီပွဲကို ရှုံးခဲ့မယ်ဆိုရင် ၃ ပွဲမှာ နိုင်ပွဲ ၁ ကြိမ်ပဲရတာ ဖြစ်လာမှာပါ။ အကယ်လို့ သူတို့တွေ ဒီပွဲကို မနိုင်ဘူးဆိုရင် တန်းဆင်းဇုန် တစ်နေရာနဲ့ သိပ် ကွာနေတော့မှာ မဟုတ်ပါဘူး။
အာဆင်နယ်အတွက် ပရီးမီးယားလိဂ်မှာ အစကောင်းရနေပါတယ်။ ဖောရက်စ်နဲ့ ပဲလေစ့်ကို အနိုင်ရထားတယ်။ အခု ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ်။ နောက်ထပ် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာဖြစ်ပြီး ဖူလ်ဟမ်ကို အနိုင်ရသင့်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၃-၀ ဖူလ်ဟမ် ဖြစ်ပါတယ်။