ချယ်ဆီး ကွင်းလယ် ကန်တေကို ခေါ်ယူဖို့ နည်းပြကွန်တီရဲ့ အင်တာမီလန် စိတ်ဝင်စားနေ

ချယ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တေနဲ့ စပါးကွင်းလယ် အမ် ဒွမ်ဘီလီတို့ကို နည်းပြ ကွန်တီရဲ့ အင်တာမီလန်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အီတလီ သတင်းဌာနတွေက ဖော်ထုတ်လိုက်ပါတယ်။ ကွန်တီဟာ လာမယ့်ရာသီမှာ အင်တာကွင်းလယ်ကို အင်အားမြှင့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ် ကန်တေဟာ ကွန်တီ ချယ်ဆီးနည်းပြ ဖြစ်စဉ် လွန်ခဲ့တဲ့ နှစ် အနည်းငယ်က အသင်းမှာ မပါမဖြစ်ကို အားထားရတဲ့ ကွင်းလယ်ကစားသမား ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ ဆာရီနဲ့ လမ်းပတ် ကိုင်တွယ်တဲ့ နှစ်များမှာတော့ သူ အားသန်တဲ့ ကွင်းလယ်ခံစစ် နေရာမှာ ဂျော်ဂျင်ဟိုက ကွင်းလယ် အထိုင်ကစားသမား အဖြစ် နေရာယူလာတာ ကြောင့် တိုက်စစ်ကို လိုက်ပါ ကစားကာ နေရာပျောက်ဆုံးစ ပြုလာသူ ဖြစ်ပါတယ်။

အင်တာမီလန်ရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ ချယ်ဆီး ကစားသမားကတော့ ကန်တေ တစ်ဦးတည်း မဟုတ်ဘဲ ဘယ်စွန်ခံစစ်သမား အီမာဆန်လည်း အပါအဝင် ဖြစ်ပါတယ်။ ချယ်ဆီး အသင်း အနေနဲ့လည်း ကစားသမား ဝယ်ယူအင်အားဖြည့်မှုတွေ ထပ်လုပ်ဦးမှာ ဖြစ်လို့ လက်ရှိ လူစာရင်းကနေ ရောင်းချမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

ကန်တေနဲ့ အင်တာမီလန်သတင်းတွေက အီတလီဘက်က စတင်ထွက်ပေါ်လာရုံပဲ ရှိသေးတာကြောင့် ကောလဟာလ အနေနဲ့လည်း ကွယ်ပျောက်သွားနိုင်သေးပြီး ဆက်လက် စောင့်ကြည့်ကြရဦးမှာပါ။

Zawgyi – ခ်ယ္ဆီးအသင္း ကြင္းလယ္ကစားသမား ကန္ေတနဲ႕ စပါးကြင္းလယ္ အမ္ ဒြမ္ဘီလီတို႔ကို နည္းျပ ကြန္တီရဲ႕ အင္တာမီလန္အသင္းက ေခၚယူဖို႔ ပစ္မွတ္ထားေနေၾကာင္း အီတလီ သတင္းဌာနေတြက ေဖာ္ထုတ္လိုက္ပါတယ္။ ကြန္တီဟာ လာမယ့္ရာသီမွာ အင္တာကြင္းလယ္ကို အင္အားျမွင့္ဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ ကန္ေတဟာ ကြန္တီ ခ်ယ္ဆီးနည္းျပ ျဖစ္စဥ္ လြန္ခဲ့တဲ့ နွစ္ အနည္းငယ္က အသင္းမွာ မပါမျဖစ္ကို အားထားရတဲ့ ကြင္းလယ္ကစားသမား ျဖစ္ပါတယ္။

ဒါေပမယ့္ နည္းျပ ဆာရီနဲ႕ လမ္းပတ္ ကိုင္တြယ္တဲ့ နွစ္မ်ားမွာေတာ့ သူ အားသန္တဲ့ ကြင္းလယ္ခံစစ္ ေနရာမွာ ေဂ်ာ္ဂ်င္ဟိုက ကြင္းလယ္ အထိုင္ကစားသမား အျဖစ္ ေနရာယူလာတာ ေၾကာင့္ တိုက္စစ္ကို လိုက္ပါ ကစားကာ ေနရာေပ်ာက္ဆံုးစ ျပဳလာသူ ျဖစ္ပါတယ္။

အင္တာမီလန္ရဲ႕ စိတ္၀င္စားမႈ ခံေနရတဲ့ ခ်ယ္ဆီး ကစားသမားကေတာ့ ကန္ေတ တစ္ဦးတည္း မဟုတ္ဘဲ ဘယ္စြန္ခံစစ္သမား အီမာဆန္လည္း အပါအ၀င္ ျဖစ္ပါတယ္။ ခ်ယ္ဆီး အသင္း အေနနဲ႕လည္း ကစားသမား ၀ယ္ယူအင္အားျဖည့္မႈေတြ ထပ္လုပ္ဦးမွာ ျဖစ္လို႔ လက္ရွိ လူစာရင္းကေန ေရာင္းခ်မႈေတြ ျပဳလုပ္ဖို႔ ရွိေနပါတယ္။

ကန္ေတနဲ႕ အင္တာမီလန္သတင္းေတြက အီတလီဘက္က စတင္ထြက္ေပၚလာရံုပဲ ရွိေသးတာေၾကာင့္ ေကာလဟာလ အေနနဲ႕လည္း ကြယ္ေပ်ာက္သြားနုိင္ေသးျပီး ဆက္လက္ ေစာင့္ၾကည့္ၾကရဦးမွာပါ။