ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် စပါးနဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေ အောက်ပါ အတိုင်း ထွက်ရှိနေပြီ ဖြစ်ပါတယ်။
ချယ်ဆီး vs လူတန်တောင်း
ဒီပွဲက ချယ်ဆီးတို့ နိုင်ရမယ့်ပွဲဖြစ်ပါတယ်။ စာရွက်ပေါ်မှာတော့ ခပ်လွယ်လွယ် အနိုင်ရမယ့်ပွဲ ဆိုပေမယ့် ငွေတွေ ဒီလောက်ထိ သုံးထားပြီးတော့မှ သူတို့ အမြန်ဆုံး နှိုးထလာသင့်ပါပြီ။ သူတို့ လုံလောက်အောင် ကောင်းမယ်ဆိုရင် ဒီပွဲကို ခပ်လွယ်လွယ် အနိုင်ရပါမယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၀ လူတန်တောင်း
အာဆင်နယ် vs ဖူလ်ဟမ်
ဖူလ်ဟမ်မှာ ဂိုးသွင်းပေးမယ့် မီထရိုဗစ် မရှိတော့ပါဘူး။ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်တုန်းက ဖူလ်ဟမ်တို့ အတော်လေး ဆိုးပါတယ်။ အာဆင်နယ်တို့ ရင်ဆိုင်ကစားဖို့ နောက်ထပ် ခက်ခဲတဲ့ပွဲဆိုပေမယ့် အာတီတာလက်ထက် ပုံစံကောင်းတွေအရ သူတို့ ကစားပုံ မကောင်းရင်တောင် ၃ မှတ် ယူနိုင်မှာပါ။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၁ ဖူလ်ဟမ်
မန်ယူနိုက်တက် vs ဖောရက်စ်
ယူနိုက်တက်တို့ နိုင်ရပါမယ်၊ မဟုတ်ရင် သူတို့ ဝေဖန်ခံလာရတော့မှာပါ။ သူတို့ အကောင်းဆုံး စပြီး ကစားရတော့မှာပါ။ ကစားပုံ ကောင်းကောင်းနဲ့ ယူနိုက်တက်တို့ နိုင်ရမှာဆိုပေမယ့် ဘယ်လိုပုံစံပဲ အနိုင်ရပါစေ နိုင်ဖို့ လိုပါတယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် ၂-၁ ဖောရက်စ်
ရှက်ဖီးယူနိုက်တက် vs မန်စီးတီး
ရှက်ဖီးက ချန်ပီယံတွေကို ယှဉ်ပြိုင်ပြီး အံ့ဩစေတာ၊ ရမှတ် ၁ မှတ်ယူသွားတာကို မြင်လိုကြမှာပါ။ ဒါပေမယ့် စီးတီးမှာက အရေးအချင်းတွေ အများကြီး ရှိနေပြီး သူတို့ ရမှတ် လျော့ကျခဲ့ရင် အံ့ဩစရာ ဖြစ်လာမှာပါ။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ရှက်ဖီးယူနိုက်တက် ဝ-၃ မန်စီးတီး
နယူးကာဆယ် vs လီဗာပူး
ဒါက ပွဲကောင်းဖြစ်လာမှာပါ။ ကျနော်ကတော့ နယူးကာဆယ်ဘက်က ရှိပါမယ်။ လူတွေက နယူးကာဆယ်ကို သိပ်ပြီး အလေးမပေးပေမယ့် သူတို့က လူစာရင်းကောင်းရှိတယ်။ စီးတီးကို ရင်ဆိုင်တုန်းက ကစားပုံ ကောင်းပါတယ်။
လီဗာပူးကကျ ကစားသမား ထွက်ခွာမှုတွေကြောင့် အကောင်းဆုံး ပုံစံမှာ ရှိမနေသေးပါဘူး။ အထူးသဖြင့် ကွင်းလယ်မှာပေါ့။ နယူးကာဆယ်က လီဗာပူးရဲ့ အားနည်းတဲ့ နေရာကို ဖိနှိပ်နိုင်ပါလိမ့်မယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် ၃-၂ လီဗာပူး
အခြားပွဲတွေအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ
- Bournemouth 1-1 Tottenham
- Brentford 2-1 Crystal Palace
- Everton 1-0 Wolves
- Brighton 4-2 West Ham
- Burnley 2-2 Aston Villa