စီးတီး – ကာဆယ် ထိပ်တိုက်တွေ့မှု အပါအဝင် အသင်းကြီးတွေ ပွဲကောင်းတွေ့နေတဲ့ ကာရာဘောင်း တတိယအဆင့် မဲခွဲရလဒ်များ ထွက်ပေါ်

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အတွက် ကာရာဘောင်းဖလား တတိယအဆင့် မဲခွဲမှု ကို ညက ပြုလုပ်ခဲ့ကြရာမှာ တတိယ အဆင့်မှာတင် ပရီးမီးယားလိဂ် ထိပ်သီးအချင်းချင်း ထိပ်တိုက်တွေ့မှုတွေ ပါဝင်လာပါတယ်။

ကာရာဘောင်းဖလားရဲ့ ဒုတိယအဆင့်မှာတင် စပါးအသင်းက ဖူလ်ဟမ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။

စတမ်းဖိုဒ့်ဘရစ်ချ်မှာ ဝင်ဘာတန်ကို ၂-၁ ဖြင့် အနိုင်ရခဲ့တဲ့ ချယ်ဆီးကတော့ တတိယအဆင့်မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် လိဂ် ကလပ်တစ်သင်းဖြစ်တဲ့ ဘရန့်ဖိုဒ့်နဲ့ ထိပ်တိုက်တွေ့နေပြီး စိတ်ဝင်စားစရာ အကောင်းဆုံး ကတော့ မနှစ်က ထိပ်ဆုံး ၄ သင်းဝင် ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ နယူးကာဆယ်တို့ ဒီအဆင့်မှာတင် ထိပ်တိုက်တွေ့နေပါတယ်။

ပရီးမီးယားလိဂ် ကလပ်ချင်း ထိပ်တိုက်တွေ့မှုမှာတော့ အဲဗာတန်ဟာ အက်စတွန်ဗီလာတို့ရဲ့ အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာပါ။

လီဗာပူး၊ လူတန်၊ ဘုန်းမောက်၊ ဘန်လေ၊ ဖူလ်ဟမ်တို့ကတော့ ပရီးမီးယားလိဂ် အောက်က အသင်းတွေဖြင့် ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။

ကာရာဘောင်း တတိယအဆင့် ပွဲစဉ်များအတွက် အသင်းကြီးတွေရဲ့ မဲခွဲရလဒ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် vs ပဲလေစ့်
ဘရန့်ဖိုဒ့် vs အာဆင်နယ်
ချယ်ဆီး vs ဘရိုက်တန်
လီဗာပူး vs လက်စတာ
နယူးကာဆယ် vs မန်စီးတီး