ဆီဗီလာ Vs ယူနိုက်တက် | ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

ယူရိုပါလိဂ်ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီ တနင်္ဂနွေမှာ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပြီး ဆီမီးအဆင့်မှာတော့ ဆီဗီလာနဲ့ မန်ချက်စတာ ယူနိုက်တက်၊ အင်တာမီလန်နဲ့ ရှက်တာဒိုးနက်တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဆီဗီလာနဲ့ ယူနိုက်တက်တို့ရဲ့ ဆီမီးပွဲစဉ် ၁ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” ဒီပြိုင်ပွဲရဲ့ ချန်ပီယံဟောင်း နှစ်ဦး ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်မှာ ပထမဆုံး ဆုံတွေ့ခြင်းလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ယူအီးအက်ဖ်အေရဲ့ ပြိုင်ပွဲတွေထဲမှာ တစ်ကြိမ် ဆုံတွေ့ဖူးပြီး ၂၀၁၈ တုန်းကပါ။ ထိုစဉ်ကတော့ ဆီဗီလာက နှစ်ကျော့ပေါင်း ၂-၁ ရလဒ်နဲ့ အနိုင်ယူခဲ့တာပါ။ ဒီတကြိမ်မှာတော့ တစ်ကျော့တည်း ကစားပြီး ရလဒ်ကို အဆုံးအဖြတ် ယူမှာ ဖြစ်ပါတယ်။

ဆီဗီလာအသင်းကတော့ ဒီပြိုင်ပွဲမှာ ၆ ကြိမ်ထိ ဗိုလ်စွဲထားဖူးပြီး ဖြစ်ကာ ဆုဖလားအခန်းမှာ နောက်ထပ် တစ်လုံးထပ်တိုးနိုင်ဖို့ ယူနိုက်တက်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲ တက်ရောက်ဖို့ စိတ်အား အတော် ထက်သန်နေပါတယ်။ ဒီနှစ်သင်းလုံးက တစ်သင်းကို တစ်သင်း အနိုင်ယူဖို့ အလွန်တရာ ခက်ခဲမှာတော့ အမှန်ပါ။။ ဆီဗီလာက ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲ ရှုံးပွဲ မရှိ ဖြစ်ပြီး ယူနိုက်တက်ကလည်း နောက်ဆုံး ကစားထားတဲ့ ၂၄ ပွဲမှာ တစ်ပွဲသာ ရှုံးထားပါတယ်။

ကွာတားဖိုင်နယ် အဆင့်မှာတော့ နှစ်သင်းလုံးက ပြိုင်ဘက်တွေကို ၁-၀ နဲ့သာ အနိုင်ယူ ကျော်ဖြတ်လာပြီး နှစ်သင်းလုံးကလည်း အကောင်းဆုံး ပုံစံမှာ ရှိမနေပါဘူး။ ဆီဗီလာက အခုဆို နောက်ဆုံး သုံးပွဲလုံး ပေးဂိုး မရှိကစားထားပါတယ်။ ဒီပွဲမှာလည်း ဂိုးတွေ အများကြီး မြင်ရမယ် မထင်ပါဘူး။ ဒီလို တွေးတဲ့ အခါ ယူနိုက်တက်ရဲ့ ပေါက်ကွဲအားကောင်းနေတဲ့ တိုက်စစ်က နှစ်သင်းကြား ခြားနားမှု ဖြစ်သွားနိုင်ပြီး ဆိုးရှားရဲ့ အသင်းသားတွေက တစ်ဂိုးလောက်သွင်း အနိုင်ယူသွားနိုင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ဆီဗီလာ ဝ-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – ယူရိုပါလိဂ္ရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္မ်ားကို ဒီ တနဂၤေႏြမွာ ယွဥ္ျပိဳင္ ကစားၾကေတာ့မွာ ျဖစ္ျပီး ဆီမီးအဆင့္မွာေတာ့ ဆီဗီလာနဲ႕ မန္ခ်က္စတာ ယူနိုက္တက္၊ အင္တာမီလန္နဲ႕ ရွက္တာဒိုးနက္တို႔ ထိပ္တိုက္ေတြ႔ဆံုေနပါတယ္။ ဆီဗီလာနဲ႕ ယူနိုက္တက္တို႔ရဲ႕ ဆီမီးပြဲစဥ္ ၁ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” ဒီျပိဳင္ပြဲရဲ႕ ခ်န္ပီယံေဟာင္း နွစ္ဦး ထိပ္တိုက္ ေတြ႔ဆံုတဲ့ ပြဲျဖစ္ျပီး ဆီမီးဖိုင္နယ္ အဆင့္မွာ ပထမဆံုး ဆံုေတြ႔ျခင္းလည္း ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ ယူအီးအက္ဖ္ေအရဲ႕ ျပိဳင္ပြဲေတြထဲမွာ တစ္ၾကိမ္ ဆံုေတြ႔ဖူးျပီး ၂၀၁၈ တုန္းကပါ။ ထိုစဥ္ကေတာ့ ဆီဗီလာက ႏွစ္ေက်ာ့ေပါင္း ၂-၁ ရလဒ္နဲ႕ အနုိင္ယူခဲ့တာပါ။ ဒီတၾကိမ္မွာေတာ့ တစ္ေက်ာ့တည္း ကစားျပီး ရလဒ္ကို အဆံုးအျဖတ္ ယူမွာ ျဖစ္ပါတယ္။

ဆီဗီလာအသင္းကေတာ့ ဒီျပိဳင္ပြဲမွာ ၆ ၾကိမ္ထိ ဗိုလ္စြဲထားဖူးျပီး ျဖစ္ကာ ဆုဖလားအခန္းမွာ ေနာက္ထပ္ တစ္လံုးထပ္တိုးနုိင္ဖို႔ ယူနိုက္တက္ကို ေက်ာ္ျဖတ္ကာ ဗိုလ္လုပြဲ တက္ေရာက္ဖို႔ စိတ္အား အေတာ္ ထက္သန္ေနပါတယ္။ ဒီနွစ္သင္းလံုးက တစ္သင္းကို တစ္သင္း အနုိင္ယူဖို႔ အလြန္တရာ ခက္ခဲမွာေတာ့ အမွန္ပါ။။ ဆီဗီလာက ျပိဳင္ပြဲစံု ေနာက္ဆံုး ၁၉ ပြဲ ရွံဳးပြဲ မရွိ ျဖစ္ျပီး ယူနုိက္တက္ကလည္း ေနာက္ဆံုး ကစားထားတဲ့ ၂၄ ပြဲမွာ တစ္ပြဲသာ ရွံုးထားပါတယ္။

ကြာတားဖိုင္နယ္ အဆင့္မွာေတာ့ နွစ္သင္းလံုးက ျပိဳင္ဘက္ေတြကို ၁-၀ နဲ႕သာ အနုိင္ယူ ေက်ာ္ျဖတ္လာျပီး နွစ္သင္းလံုးကလည္း အေကာင္းဆံုး ပံုစံမွာ ရွိမေနပါဘူး။ ဆီဗီလာက အခုဆို ေနာက္ဆံုး သံုးပြဲလံုး ေပးဂိုး မရွိကစားထားပါတယ္။ ဒီပြဲမွာလည္း ဂိုးေတြ အမ်ားၾကီး ျမင္ရမယ္ မထင္ပါဘူး။ ဒီလို ေတြးတဲ့ အခါ ယူနိုက္တက္ရဲ႕ ေပါက္ကြဲအားေကာင္းေနတဲ့ တိုက္စစ္က နွစ္သင္းၾကား ျခားနားမႈ ျဖစ္သြားနုိင္ျပီး ဆိုးရွားရဲ႕ အသင္းသားေတြက တစ္ဂိုးေလာက္သြင္း အနုိင္ယူသြားနုိင္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ ဆီဗီလာ ၀-၁ မန္ခ်က္စတာ ယူနုိက္တက္ ျဖစ္ပါတယ္။