စနေနေ့ ချယ်ဆီး Vs နော့တင်ဟမ် ဖောရက်စ် ပွဲ ဘယ်လို ဖြစ်မလဲ ဂန်းနားဟောင်းကြီး ပေါမာဆန် ကြိုတင် ခန့်မှန်း

ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ ချယ်ဆီးအသင်းဟာ နော့တင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ မနက်ဖြန် စနေနေ့ည မြန်မာစံတော်ချိန် ၈ နာရီခွဲ အချိန်မှာပါ။

ဘောလုံး ပွဲစဉ်တွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ချယ်ဆီးနဲ့ ဖောရက်စ် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဒီလိုပွဲတွေမှာပဲ ချယ်ဆီးတို့ ရုန်းကန်ရတာပါ။ ခံစစ်ကို ၁၀ ယောက်လောက် ပိတ်ကစားမယ်ဆိုရင် ချယ်ဆီးတို့ ချိုးဖျက်ဖို့ ခက်ခဲပါတယ်။

ဒီ စနေနေ့ပွဲမှာ ဖောရက်စ် ခံစစ်ကို ချယ်ဆီးတို့ ခပ်စောစောကတည်းက ထိုးဖောက်နိုင်မလား အပေါ် မူတည် ပါလိမ့်မယ်။ သူတို့ လုပ်နိုင်ခဲ့ရင်တော့ ဒီရာသီ တတိယမြောက် နိုင်ပွဲကို အနိုင်ရမှာပါ။

ချယ်ဆီး တိုက်စစ်သမား ဂျက်ဆန်က အတော်လေး ပိုကောင်းလာတယ်၊ သူက မြန်ဆန် သန်မာပြီး ဂိုးတွေ အများကြီး သွင်းနိုင်ပါတယ်။ ဒီ အခြေအနေမှာတော့ သူက အကြမ်းထည် စိန်ကောင်း တစ်ပွဲပါပဲ။ ဂျက်ဆန် အနီးမှာ ကစားသမားကောင်း တွေ ရှိနေပြီး သူက စတာလင်နဲ့လည်း အတွဲညီပါတယ်။

ဒီရာသီ ချယ်ဆီးအတွက် ဂျက်ဆန်က လက်မှတ်ထိုးမှုကောင်း ဖြစ်လာနိုင်ပါတယ်။ ချယ်ဆီးတို့ တိုက်စစ်ပိုင်း အင်အားတွေ ပိုင်ဆိုင်ထားပေမယ့် ဒီအပတ်ပွဲကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရနိုင်ပါတယ်။ ” လို့ မာဆန်က သုံးသပ် ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၁-ဝ နော့တင်ဟမ် ဖောရက်စ် ဖြစ်ပါတယ်။