ပေါ့ဘာက သူ့အသင်းက ကစားသမားတွေထက် ထူးပြီး ပိုကောင်းမနေဘူးလို့ ဆီဗီလာကွင်းလယ်သမား ပြောဆို

ယူနိုက်တက်ရဲ့ နာမည်ကျော် ကွင်းလယ်ကြယ်ပွင့် ပေါ့ဘာဟာ ဆီဗီလာ အသင်းက ကစားသမားတချို့ထက် ထူးပြီး ပိုကောင်းမွန်နေတဲ့သူ မဟုတ်ပါဘူးလို့ ဆီဗီလာ ကွင်းလယ်မသား ဂျိုအမ် ဂျော်ဒန်က ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင်ပဲ စကားထိုးစစ် ဆင်လိုက်ပါတယ်။

ပြင်သစ်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားတဲ့ ပေါ့ဘာဟာ ဒီတစ်ပတ် ကစားမယ့် ယူရိုပါလိဂ်ပွဲမှာ အစွမ်းပြလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရပါတယ်။

ယူနိုက်တက်နဲ့ ဆီဗီလာ အသင်းတို့ဟာ တနင်္ဂနွေနေ့မှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားကြတော့မှာ ဖြစ်ပြီး ရလဒ်ကို တကျော့တည်းနဲ့ အရှုံးအနိုင် ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ ထိုပွဲမတိုင်ခင်မှာပဲ ဆီဗီလာရဲ့ စပိန်သား ကွင်းလယ်သမား ဂျော်ဒန်က အခုလို ပေါ့ဘာကို ပြောဆိုလာခဲ့တာပါ။

” ပေါလ် ပေါ့ဘာက ဂရိတ် ကစားသမား တစ်ဦး ဖြစ်တယ်၊ ဥရောပမှာဆို အရေးပါဆုံး ကစားသမားတွေထဲ ပါတာပေါ့။ ဒါပေမယ့် စပိန်လိဂ်မှာ ကျနော်တို့မှာ လည်း အဲဒီလို အဆင့်မှီတဲ့ တကယ့် ကစားသမားကောင်းတွေ ရှိကြပါတယ်။

ဒီတော့ သူတို့ အကြောင်း ကျနော်တို့ ထူးပြီး မတွေးပါဘူး။ ပေါ့ဘာက ပြသနာပေးနိုင်တယ် တွေးမိရင်တောင် အဓိက ဦးစားပေးရမှာ က ကျနော်တို့ ကိုယ့်ကိုယ်ကို ပါပဲ။ တစ်ဦးချင်းစီ စုစည်းပြီး အမြင့်ဆုံး အားနဲ့ ကစားသွားမှာပါ။

ဘောလုံး စိတ်ဝင်စားတဲ့ ဘယ်သူ မဆို ဒီပြိုင်ပွဲမှာ ဆီဗီလာက ဘယ်လို ဆိုတာ သိကြပါတယ်။ ကျနေ်ာတို့ သမိုင်းကြောင်း က ဒီပြိုင်ပွဲနဲ့ ခွဲ မရပါဘူး။ ဒီတော့ သီးခြား ဖိအား ဆိုတာလည်း မရှိဘူး။ ကျနော်တို့ ဘောလုံးရာသီကောင်း တစ်ခု ပိုင်ဆိုင်ထားတယ်။ ဒီပွဲအတွက်လည်း အားကုန် စိုက် ကစားသွားကြမှာပါ။ အားလုံး အဆင်ပြေပြေ ဖြစ်ပါလိမ့်မယ်။ ” လို့ ဂျော်ဒန်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနုိက္တက္ရဲ႕ နာမည္ေက်ာ္ ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဘာဟာ ဆီဗီလာ အသင္းက ကစားသမားတခ်ိဳ႕ထက္ ထူးျပီး ပိုေကာင္းမြန္ေနတဲ့သူ မဟုတ္ပါဘူးလို႔ ဆီဗီလာ ကြင္းလယ္မသား ဂ်ိဳအမ္ ေဂ်ာ္ဒန္က ဆီမီးဖိုင္နယ္ပြဲ မတိုင္ခင္ပဲ စကားထိုးစစ္ ဆင္လုိက္ပါတယ္။

ျပင္သစ္အသင္းနဲ႕ အတူ ကမၻာ့ဖလား ခ်န္ပီယံ ျဖစ္ထားတဲ့ ေပါ့ဘာဟာ ဒီတစ္ပတ္ ကစားမယ့္ ယူရိုပါလိဂ္ပြဲမွာ အစြမ္းျပလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရပါတယ္။

ယူနိုက္တက္နဲ႕ ဆီဗီလာ အသင္းတုိ႔ဟာ တနဂၤေႏြေန႔မွာ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ပြဲ ကစားၾကေတာ့မွာ ျဖစ္ျပီး ရလဒ္ကို တေက်ာ့တည္းနဲ႕ အရွံဳးအနုိင္ ဆံုးျဖတ္ေတာ့မွာ ျဖစ္ပါတယ္။ ထိုပြဲမတိုင္ခင္မွာပဲ ဆီဗီလာရဲ႕ စပိန္သား ကြင္းလယ္သမား ေဂ်ာ္ဒန္က အခုလို ေပါ့ဘာကို ေျပာဆိုလာခဲ့တာပါ။

” ေပါလ္ ေပါ့ဘာက ဂရိတ္ ကစားသမား တစ္ဦး ျဖစ္တယ္၊ ဥေရာပမွာဆို အေရးပါဆံုး ကစားသမားေတြထဲ ပါတာေပါ့။ ဒါေပမယ့္ စပိန္လိဂ္မွာ က်ေနာ္တို႔မွာ လည္း အဲဒီလို အဆင့္မွီတဲ့ တကယ့္ ကစားသမားေကာင္းေတြ ရွိၾကပါတယ္။

ဒီေတာ့ သူတို႔ အေၾကာင္း က်ေနာ္တို႔ ထူးျပီး မေတြးပါဘူး။ ေပါ့ဘာက ျပသနာေပးနုိင္တယ္ ေတြးမိရင္ေတာင္ အဓိက ဦးစားေပးရမွာ က က်ေနာ္တို႔ ကုိယ့္ကိုယ္ကို ပါပဲ။ တစ္ဦးခ်င္းစီ စုစည္းျပီး အျမင့္ဆံုး အားနဲ႕ ကစားသြားမွာပါ။

ေဘာလံုး စိတ္၀င္စားတဲ့ ဘယ္သူ မဆို ဒီျပိဳင္ပြဲမွာ ဆီဗီလာက ဘယ္လို ဆိုိတာ သိၾကပါတယ္။ က်ေန္ာတို႔ သမိုင္းေၾကာင္း က ဒီျပိဳင္ပြဲနဲ႕ ခြဲ မရပါဘူး။ ဒီေတာ့ သီးျခား ဖိအား ဆိုတာလည္း မရွိဘူး။ က်ေနာ္တို႔ ေဘာလံုးရာသီေကာင္း တစ္ခု ပိုင္ဆိုင္ထားတယ္။ ဒီပြဲအတြက္လည္း အားကုန္ စိုက္ ကစားသြားၾကမွာပါ။ အားလံုး အဆင္ေျပေျပ ျဖစ္ပါလိမ့္မယ္။ ” လို႕ ေဂ်ာ္ဒန္က ေျပာဆိုခဲ့ပါတယ္။