မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစု ကတော့ ကလပ်ကို ဈေးကွက်ထဲ အရောင်း တင်ထားရာကနေ ပြန် ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်တယ် လို့ သိရပါတယ်။
သူတို့ ဈေးတင်ထားတဲ့ ပေါင် ၁ဝ ဘီလီယံ တန်ကြေးကိုလည်း ဘယ် ဝယ်လက်ကမှ မပေးနိုင်ခဲ့ဘူးလို့ အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။
ဂလေဇာတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ၎င်းတို့ရဲ့ မန်ချက်စတာကလပ် ကို ပိုင်ဆိုင်မှု ၁၈ နှစ်တာအား အဆုံးသတ်ဖို့ အရောင်းတင်ခဲ့ပြီး ဂလေဇာတို့ရဲ့ မတန်တဆ ဈေးတင်မှုကို ဝယ်ယူနိုင်မယ့်ထိ ညှိနှိုှုင်းမှု တွေကလည်း အထ မမြောက်ခဲ့ပါဘူး။
အမေရိကန် ဘဏ်လုပ်ငန်းစု ဖြစ်တဲ့ Raine Group က ယူနိုက်တက် အရောင်း ကိစ္စ အတွက် ကာတာမှ ရှိတ်ဂျာဆင်နဲ့ ဗြိတိန်သူဌေး ဆာ ဂျင် ရက်ဖ်ကလစ်တို့အား ညှိနှိုင်း စိစစ်ပေးနေခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။
နောက်ဆုံးမှာတော့ ဂလေဇာ မိသားစုက ယူနိုက်တက်အား အရောင်းစာရင်း တင်ထားတာကို ပြန် ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန် မိသားစုနဲ့ နီးစပ်သူတွေကတော့ ဂလေဇာတွေဟာ အရေထူ၊ မျက်နှာပြောင်သူတွေ ဖြစ်တာကြောင့် ပရိသတ်တွေ ဆီက ဘယ်လို မကောင်းတဲ့ တုန့်ပြန်မှုတွေ ရပါစေ ဂရုစိုက်မှာ၊ မှုမှာ မဟုတ်ကြောင်း ဒေးလီးမေးလ်အား ပြောဆိုထားပါတယ်။
အရောင်း ပိတ်သိမ်းလိုက်တာဟာ ဂလေဇာ မိသားစုကို တစိုက်မတ်မတ် ဆန့်ကျင် ဆန္ဒပြနေကြတဲ့ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ အမျက်ချောင်းချောင်း ထွက်စရာ ဖြစ်နေပါတယ်။
နွေ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ပြီး တစ်ရက် အကြာမှာပဲ ခုလို ယူနိုက်တက်ကို အရောင်း သိမ်းလိုက်တဲ့ သတင်း ထွက်လာတာ ဖြစ်ပြီး အသင်း တိုးတက်တည်ငြိမ်မှု ရှိလာရင် ၂၀၂၅ လောက်မှာ ထပ်မံ အရောင်းစာရင်း တင်ဖို့ ရှိနေကြောင်းလည်း ဂလေဇာ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။